Friday 12 September 2014

စစ်တွေတွင် ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်း

ဆူပူအကြမ်းဖက်မှုများ နှင့် ဒေသတွင်း ပဋိပက္ခများကြောင့် ညမထွက်ရအမိန့် ပုဒ်မ -၁၄၄ ထုတ်ပြန် ထားသော စစ်တွေမြို့တွင် ပုဒ်မ-၁၄၄ ပြန်လည်ရုပ်သိမ်းကြောင်း စက်တင်ဘာ ၁၁ ရက်က ကြေညာခဲ့ သည်။
‘‘ညနေ ၄ နာရီလောက်မှာ မြို့ပေါ်ကိုလှည့်လည်ပြီးတော့ အ သံချဲ့စက်နဲ့  အော်နေပါတယ်။ ဒေသ တည်ငြိမ်အေး ချမ်းနေပြီဖြစ် တဲ့အတွက် ပုဒ်မ-၁၄၄ ကိုပြန် လည် ရုပ်သိမ်းကြောင်း ကြေညာ သွားပါတယ်’’ ဟု မြို့ခံတစ်ဦးဖြစ် သူ ဒေါ်မအေးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ပုဒ်မ - ၁၄၄ ထုတ်ပြန်ထားသည့် မြို့ နယ်များ မှာ မောင်တော၊ ဘူးသီး  တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက် တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ နှင့် သံတွဲမြို့နယ် များ ဖြစ်ပြီး ကျောက်တော်မြို့နှင့် သံတွဲမြို့ တွင် ထုတ်ပြန်ထားသည့် ပုဒ်မ- ၁၄၄ ကို သြဂုတ်အတွင်းက ပြန် လည်ရုပ်သိမ်းခဲ့သည်။

7Day DAILY

No comments:

Post a Comment