Friday 12 September 2014

ပိုမိုကောင်းမွန်တဲ့ ကူညီမှုတွေလိုအပ်နေတဲ့ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များ

Photo: ပိုမိုကောင်းမွန်တဲ့ ကူညီမှုတွေလိုအပ်နေတဲ့ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များ
Friday, September 12, 2014

မြန်မာနိုင်ငံက မွေးရာပါနှလုံးရောဂါရှင် ကလေးသူငယ်တွေရဲ့ ရောဂါကုသရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် အခြားအဖွဲ့အစည်းတွေက
ကူညီ မှုတွေ ရှိနေပေမယ့် မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးသူငယ် အားလုံး အတွက်ကိုတော့ ကူညီမှုတွေ လိုအပ်နေသေး တယ်လို့ သိရပါတယ်။
 
 မွေးရာပါ နှလုံးရောဂါဟာ လူ(၁၀၀)မှာ (၂.၈)ရာခိုင်နှုန်းလောက် ခံစားရလေ့ ရှိတယ်လို့ ရန်ကုန်မြို့ ရန်ကင်းဆေးရုံအုပ်ကြီး Dr. အောင်မြင့်လွင်က ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မွေးရာပါ နှလုံးရောဂါရှင် ကလေးသူငယ်တွေကို အလှူရှင်တွေအကူအညီနဲ့ ခွဲစိတ်ကုသခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးတော ရှိပေမယ့် အကူအညီတွေကတော့ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ရန်ကင်းကလေးဆေးရုံအနေနဲ့လည်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မလေးရှားနိုင်ငံ အမျိုးသား နှလုံးအထူးကုဆေးရုံကြီး  IJN နဲ့ ပူးပေါင်းပြီး အသက်(၄)နှစ်ကနေ (၁၆)နှစ်အတွင်းက မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင်(၇)ဦးကို CIMB Bank  အကူအညီနဲ့ ခွဲစိတ်ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကင်းကလေးဆေးရုံမှာ လက်ရှိအချိန်ထိ မွေးရာပါ နှ လုံးရောဂါဝေဒနာ ရှင် ကလေးသူငယ်(၄၅၀)ကို ခွဲစိတ်ပေးခဲ့တာရှိပြီး နောက်ထပ် ခန့်မှန်းခြေ ကလေး(၅)ထောင်လောက် ကိုလည်း ခွဲစိတ်ကုသမှုတွေ ပေးနိုင်ဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။

MRTV-4
မြန်မာနိုင်ငံက မွေးရာပါနှလုံးရောဂါရှင် ကလေးသူငယ်တွေရဲ့ ရောဂါကုသရေး အတွက် ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အခြားအဖွဲ့အစည်းတွေက ကူညီ မှုတွေ ရှိနေပေမယ့် မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင် ကလေးသူငယ် အားလုံး အတွက်ကိုတော့ ကူညီမှုတွေ လိုအပ်နေသေး တယ်လို့ သိရပါတယ်။
 မွေးရာပါ နှလုံးရောဂါဟာ လူ(၁၀၀)မှာ (၂.၈)ရာခိုင်နှုန်းလောက် ခံစားရလေ့ ရှိတယ်လို့ ရန်ကုန်မြို့ ရန်ကင်းဆေးရုံအုပ်ကြီး Dr. အောင်မြင့်လွင်က ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မွေးရာပါ နှလုံးရောဂါရှင် ကလေးသူငယ်တွေကို အလှူရှင်တွေအကူအညီနဲ့ ခွဲစိတ်ကုသခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးတော ရှိပေမယ့် အကူအညီတွေကတော့ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရန်ကင်းကလေးဆေးရုံအနေနဲ့လည်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မလေးရှားနိုင်ငံ အမျိုးသား နှလုံး အထူး ကုဆေးရုံကြီး  IJN နဲ့ ပူးပေါင်းပြီး အသက်(၄)နှစ်ကနေ (၁၆)နှစ်အတွင်းက မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင်(၇)ဦးကို CIMB Bank  အကူအညီနဲ့ ခွဲစိတ်ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကင်း ကလေးဆေးရုံမှာ လက်ရှိအချိန်ထိ မွေးရာပါ နှ လုံးရောဂါဝေဒနာ ရှင် ကလေးသူငယ်(၄၅၀)ကို ခွဲစိတ်ပေးခဲ့ တာရှိပြီး နောက်ထပ် ခန့်မှန်းခြေ ကလေး(၅)ထောင်လောက် ကိုလည်း ခွဲစိတ်ကုသမှုတွေ ပေးနိုင်ဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment