Friday 12 September 2014

မုံရွာတွင်တည်ဆောက်မည့် အိမ်ရာစီမံကိန်း လွှတ်တော်မှအတည်ပြုပြီးနောက် ရက်ပိုင်းအတွင်း စီမံကိန်းအနီးမြေကွက် များ သိန်းရာချီ ခုန်တက်

မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် တည်ဆောက်မည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား လွှတ်တော်မှ အတည်ပြုပြီးနော က် ရက်ပိုင်းတွင်း ယင်းစီမံကိန်းအနီးရှိ မြေကွက် များမှာ သိန်းရာချီခုန်တက် သွားကြောင်း မြို့ခံအိမ်ခြံမြေပွဲစား များထံမှ သိရသည်။
''သတင်းစာတွေမှာပါပြီး နေ့ ချင်းကိုပဲ ရာချီခုန်တက်သွားတာ၊ အ ရင်ရက်ပိုင်း က ပြောထားတဲ့ ပေ ၈ဝ x ၆ဝမြေ ကွက်က ကျပ်သိန်း ၃ဝဝ ကနေ ကျပ်သိန်း ၄၅ဝ ဖြစ်သွားတယ်၊ စီမံကိန်းလုပ်မယ့် မေတ္တာလမ်း နဲ့ အောင်ဇေယျလမ်းထောင့် အနီးက မြေကွက်တွေဆို ကျပ်သိန်း ၅၅ဝ ထိရောက်သွားတယ်၊ ဒါပေမဲ့ ဝယ် လက်က ဈေးပေးနေပြီး ရောင်းလက် ကတော့ မရှိသေးဘူး၊ ဈေးအော်နေ တာပဲ ရှိတာ၊ တိုက်တိုက် ဆိုင်ဆိုင်မေး ရင် မရောင်းကြတော့ဘူး။ ဈေးပဲ အော်နေကြ တာ'' ဟု နန္ဒဝန်ရပ်ကွက် မှ ဝါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ပြောသည်။

စီမံကိန်းတည်ဆောက်မည့် မြေ ကွက်များတည်ရှိရာသို့ သွားရာလမ်း သည် ကျင်းချိုင့်များပြည့်နှက်နေပြီး လူသွားလူလာခေါင်ခိုက်ကာ အစိုးရ ဌာန တိုင်းရုံးများစိုက်ရာ နေရာများဖြစ် သည်။

''စီမံကိန်း လုပ်မယ်ကြားလိုက် ရင် မြေပွဲစားတွေနဲ့ သူဌေးတွေက ငွေ ထုပ်ပိုက်ရောက်လာတာပဲ၊ ဒီနေရာ တွေက ဂရန်ပေါက်မြေတွေဖြစ်လို့ တချို့ကလဲ ဝင်းမခတ်ဘဲ ဒီတိုင်းလှပ် ထားတာတွေရှိတယ်၊ ခုဈေးတက်တာ လဲ ဂရန်ပေါက်နေရာတွေပါ၊ မေတ္တာ လမ်းနဲ့ ဂေါ်သဇင်လမ်းကြားက မြေ ကွက်တွေဆို ၁၉၉၄ ခုနှစ်လောက်က အစိုးရရုံးတွေဆောက်မှာမို့ တစ်ဧ ကကို ငွေခြောက်ထောင်ကျပ်နဲ့ သက်ဆိုင်ရာက ဝယ်ခဲ့တဲ့နေရာတွေ ပါ၊ အဲဒီနောက်ပိုင်း အဆင့်ဆင့်ရောင်း ခဲ့တာ''ဟု မြို့ခံတစ်ဦးက ပြောကြား သည်။

နန္ဒဝန်တန်ဖိုးမျှတအိမ်ရာစီမံ ကိန်းသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနပိုင် အိမ်ရာနှင့်ကပ် လျက်ရှိသော မြေဧက ၁ဝဧကကျော် တွင် လူဦးရေ ငါးထောင်ကျော် နေ ထိုင်နိုင်မည့် ရှစ်ခန်း တွဲ ခြောက် ထပ် အိမ်ရာ ၂၂လုံးတည်ဆောက်မည် ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်မှ စက်တင်ဘာ ၈ရက်က အ တည်ပြုခဲ့ခြင်းဖြစ်သည်။

KTS
‪(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

No comments:

Post a Comment