Friday 12 September 2014

မွန်ပြည်နယ်တွင်တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ စီမံကိန်း လေ့လာမှုများ ရပ်ဆိုင်းရန်ပြည်နယ်အစိုးရ တားမြစ်

Photo: မွန်ပြည်နယ်တွင်တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ စီမံကိန်း လေ့လာမှုများ ရပ်ဆိုင်းရန်ပြည်နယ်အစိုးရ တားမြစ်
Friday, September 12, 2014

မွန်ပြည်နယ်၊ ရေးမြို့ နယ်ရှိ အံဒင်းကျေးရွာအနီးတွင် Toyo Thai ကုမ္ပဏီမှ ဆောက်လုပ် ရန်စီစဉ်နေသည့်ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း နှင့်စပ်လျဉ်း၍ ဖြစ်မြောက်နိုင်မှုသု တေသနလေ့လာရေးလုပ်ငန်း များထပ်မံဆောင်ရွက်ခွင့်ပြုတော့ မည်မဟုတ်ဟု မွန်ပြည်နယ်အစိုး ရက စာထုတ်ပြန်ထားကြောင်းသ တင်းရရှိသည်။

စီမံကိန်းဖြစ်နိုင်ခြေသုတေ သနလေ့လာရေးသတ်မှတ်ကာ လ ကုန်ဆုံး သွားပြီဖြစ်သည့်အ တွက် ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်  စက်တင်ဘာ  ၅ရက် တွင် မွန်ပြည်နယ်အစိုးရကထုတ် ပြန်ထားကြောင်းချောင်းဆုံမြို့ နယ်အမှတ်(၁)မဲဆန္ဒနယ်မှပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကပြော သည်။

ကုမ္ပဏီဘက်က စက်ရုံစီမံ ကိန်းနဲ့ ပတ်သက်ပြီးတော့ ဖြစ် နိုင်ခြေလေ့လာစမ်းသပ်မှု ဆာ ဗေးလုပ်ဖို့အတွက်တောင်းဆို ထားတာရှိတယ်။ တောင်းဆိုထား တဲ့ အချိန်လည်းလွန်သွားပြီ။ထပ် ပြီးတော့ မလုပ်ဖို့လည်းအစိုးရ အဖွဲ့   တားမြစ်စာထုတ်ပြန်ထား တယ်’’ဟု ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

ကျောက်မီးသွေးစက်ရုံစီမံကိန်းအား ဒေသခံလူထုအပါအ၀င်၊မွန်ပြည်နယ်ရှိ ရဟန်းသံဃာများ၊လူမှုအဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများကလည်း ကန့်ကွက်ထားကြ ပြီးသက်ဆိုင်ရာပြည်နယ်အစိုးရ အဖွဲ့ကလည်း စီမံကိန်း   ဆက် လက်ဆောင်ရွက်ခြင်းမပြုရန်စာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

‘‘စီမံကိန်းဖြစ်နိုင်ခြေတိုင်း တာတဲ့အဆင့်ပဲရှိပါတယ်။ ဖြစ် နိုင်ခြေတိုင်းတာတဲ့အဆင့်ပြီးသွား တဲ့နောက်မှာ ဒုတိယအဆင့်အနေ နဲ့ လေ့လာတွေ့ရှိချက်အပေါ်မှာ ဆက်လက်ဆောင်ရွက်မလားမ ဆောင်ရွက်ဘူးလားဆိုတာ   စိစစ်ဆုံးဖြတ်ရမယ်။ စိစစ်ဆုံးဖြတ် တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အ စိုးရတို့ရဲ့သဘောထားတွေကို ရယူရမယ်။ အစိုးရအနေနဲ့လည်း ဖြစ်နိုင်ခြေကို    စိစစ်ပေးတဲ့ အခါလူထုရဲ့သဘောထားကိုပဲ ထည့်တွက်စဉ်းစားရမှာပါ’’ဟု မွန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦး ကျင်ဖေကပြောသည်။

အဆိုပါကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ   စီမံကိန်း သည် Toyo Thaiကုမ္ပဏီကလျှပ် စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ် ပြီး ၂၀၁၃ခုနှစ်မတ်လတွင်ပြည် နယ်အစိုးရနှင့် ပဏာမအကြိုလေ့ လာစမ်းစစ်မှုအဆင့်ပြုလုပ်ရန်သ ဘောတူညီထားကြောင်းသတင်း ရရှိသည်။

ယင်းစီမံကိန်း    ၂၀၁၄ခု နှစ်ဆန်းပိုင်းတွင်    ပြည်နယ်အ စိုးရနှင့် သဘောတူညီချက်စာချုပ် (MOA)လက်မှတ်ထိုးရန်နှင့် ပထမအဆင့်အနေဖြင့် ၂၀၁၆ခုနှစ် တွင် လျှပ်စစ်ဓာတ်အား ၆၄၀မဂ္ဂါ ၀ပ်ထုတ်လုပ်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်    ၂၀၁၈ ခုနှစ်တွင် ၆၄၀မဂ္ဂါဝပ် ထုတ်လုပ် ရန်စီစဉ်ထားသည်ဟု သတင်း ရရှိသည်။

7Day DAILY 

ပြည်ပနိုင်ငံတစ်ခု၏ ကျောက်မီးသွေးစက်ရုံစီမံကိန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ− power-eng.com)
ပြည်ပနိုင်ငံတစ်ခု၏ ကျောက်မီးသွေးစက်ရုံစီမံကိန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ− power-eng.com)
မွန်ပြည်နယ်၊ ရေးမြို့ နယ်ရှိ အံဒင်းကျေးရွာအနီးတွင် Toyo Thai ကုမ္ပဏီမှ ဆောက်လုပ် ရန်စီစဉ်နေသည့် ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း နှင့်စပ်လျဉ်း၍ ဖြစ်မြောက်နိုင်မှုသု တေသနလေ့လာရေး လုပ်ငန်း များထပ်မံဆောင်ရွက်ခွင့်ပြုတော့ မည်မဟုတ်ဟု မွန်ပြည်နယ်အစိုး ရက စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
စီမံကိန်းဖြစ်နိုင်ခြေသုတေ သနလေ့လာရေးသတ်မှတ်ကာ လ ကုန်ဆုံး သွားပြီဖြစ်သည့်အ တွက် ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်  စက်တင်ဘာ  ၅ရက် တွင် မွန်ပြည်နယ်အစိုးရကထုတ် ပြန် ထားကြောင်းချောင်းဆုံမြို့ နယ်အမှတ်(၁)မဲဆန္ဒနယ်မှပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးကပြော သည်။

ကုမ္ပဏီဘက်က စက်ရုံစီမံ ကိန်းနဲ့ ပတ်သက်ပြီးတော့ ဖြစ် နိုင်ခြေလေ့လာစမ်းသပ်မှု ဆာ ဗေးလုပ်ဖို့ အတွက်တောင်းဆို ထားတာရှိတယ်။ တောင်းဆိုထား တဲ့ အချိန်လည်းလွန်သွားပြီ။ထပ် ပြီးတော့ မလုပ်ဖို့ လည်း အစိုးရ အဖွဲ့   တားမြစ်စာထုတ်ပြန်ထား တယ်’’ဟု ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

ကျောက်မီးသွေးစက်ရုံစီမံကိန်းအား ဒေသခံလူထုအပါအ၀င်၊မွန်ပြည်နယ်ရှိ ရဟန်းသံဃာများ၊ လူမှုအဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများကလည်း ကန့်ကွက်ထားကြ ပြီးသက်ဆိုင်ရာပြည်နယ်အစိုးရ အဖွဲ့ကလည်း  စီမံကိန်း   ဆက် လက်ဆောင်ရွက်ခြင်းမပြုရန်စာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

‘‘စီမံကိန်းဖြစ်နိုင်ခြေတိုင်း တာတဲ့အဆင့်ပဲရှိပါတယ်။ ဖြစ် နိုင်ခြေတိုင်းတာတဲ့အဆင့်ပြီးသွား တဲ့နောက်မှာ ဒုတိယအဆင့်အနေ နဲ့ လေ့လာတွေ့ရှိချက်အပေါ်မှာ ဆက်လက်ဆောင်ရွက်မလားမ ဆောင်ရွက်ဘူးလား ဆိုတာ   စိစစ်ဆုံးဖြတ်ရမယ်။ စိစစ်ဆုံးဖြတ် တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အ စိုးရတို့ရဲ့သဘောထားတွေကို ရယူရမယ်။ အစိုးရအနေနဲ့လည်း ဖြစ်နိုင်ခြေကို    စိစစ်ပေးတဲ့ အခါလူထုရဲ့သဘောထားကိုပဲ ထည့်တွက်စဉ်းစားရမှာပါ’’ဟု မွန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦး ကျင်ဖေကပြောသည်။

အဆိုပါကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ   စီမံကိန်း သည် Toyo Thaiကုမ္ပဏီကလျှပ် စစ်ဓာတ်
အား မဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ် ပြီး ၂၀၁၃ခုနှစ်မတ်လတွင်ပြည် နယ်အစိုးရနှင့် ပဏာမအကြိုလေ့ လာစမ်းစစ်မှုအဆင့်ပြုလုပ်ရန်သ ဘောတူညီထားကြောင်းသတင်း ရရှိသည်။

ယင်းစီမံကိန်း    ၂၀၁၄ခု နှစ်ဆန်းပိုင်းတွင်    ပြည်နယ်အ စိုးရနှင့် သဘောတူညီချက်စာချုပ် (MOA)လက်မှတ် ထိုးရန်နှင့် ပထမအဆင့်အနေဖြင့် ၂၀၁၆ခုနှစ် တွင် လျှပ်စစ်ဓာတ်အား ၆၄၀မဂ္ဂါ ၀ပ်ထုတ်လုပ် သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်    ၂၀၁၈ ခုနှစ်တွင် ၆၄၀မဂ္ဂါဝပ် ထုတ်လုပ် ရန်စီစဉ်ထားသည်ဟု သတင်း ရရှိသည်။

7Day DAILY 

No comments:

Post a Comment