Friday 12 September 2014

ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ၀ယ်လိုအား ထိုးကျသွား

Photo: ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ၀ယ်လိုအား ထိုးကျသွား
Friday, September 12, 2014

ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများမှာ အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ဝယ်လိုအား ထိုးကျသွားကြောင်း စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

“ကုန်းရွာမှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့ မြေဈေးက တစ်ဧကကို သိန်း ၄၅ဝ၊ ၅ဝဝ လောက်အထိဖြစ်ခဲ့တယ်။ပါးစပ်ပေါက်ဈေးကတော့ သိန်း ၆၅ဝ၊ ၇ဝဝ အထိရှိနေတယ်။ ကားလမ်းကျလောက်မယ်ထင်တဲ့နေရာက လယ်သုံး ဧကလောက် ကို ရောင်းလိုက်တာ တစ်ဧကကို သိန်း ၈၅ဝ လောက်အထိ ရတယ်လို့ကြားတယ်။ လယ်တွေရောင်းလိုက်တဲ့ လယ်သမားတွေက ရတဲ့ငွေနဲ့ အိမ်တွေပြင်ကြတယ်။ အကြွေးတွေ ဆပ်ကြတယ်။တချို့က လယ်ရှစ်ဧကလောက် ရှိတယ်။ ကောလာဟလများတော့ တကယ်လို့ ကုမ္ပဏီက သိမ်းမယ်ဆိုရင်လည်း ခံရတော့မှာဆိုပြီးတော့ ကြောက်ကြောက်နဲ့ ရောင်းတာတွေလည်း ရှိတယ်”ဟု တွံတေးမြို့နယ် ကုန်းရွာမှ ရပ်မိရပ်ဖ ဦးစိုးသိန်းက ဆိုသည်။

“ဘိုးဘလယ်က ၁၁ ဧကလောက် ရှိတယ်။ သုံးဧကကို ရောင်းလိုက်တယ်။ ကျန်တာကိုတော့ လယ်လုပ်ဖို့ ထားထားတယ်။ပွဲစားတွေကတစ်ဆင့် လာဝယ်ကြ တယ်။ပိုင်ရှင်ကိုယ်တိုင် လာဝယ်တာတော့ မတွေ့ဘူး။ ပေါက်ဈေး ဘယ်လောက်ပေါက် တယ်ဆိုတာ မသိဘူး။ ကျွန်မကတော့ တစ်ဧကကို သိန်း ၅ဝဝ လောက်ရတယ်။ဒီဟာလေးကို အကုန်ရောင်းလိုက်ရင်လည်း လုပ်ကိုင်စားသောက်စရာရှိတော့မှာ မဟုတ်ဘူး။ ဒီရွာမှာရှိတဲ့ တောသူတောင် သားတွေကတော့ လယ်တွေ အကုန်မရောင်းကြဘူး။ လယ်လုပ်စားဖို့ ချန်ထားကြတယ်။ ကိုယ်ကလည်းမရှိတဲ့အခါကျတော့ နည်းနည်းပါးပါး သုံးဖို့ဆိုပြီး ရောင်းလိုက်တာပါ။ ပြီးခဲ့တဲ့လလောက်ကတော့ လာဝယ်တဲ့ သူတွေ အရမ်းများတယ်။အခုရက်ပိုင်း လုံးဝမရှိတော့ဘူး”ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အလတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူဒေါ်ရီမြင့် က ပြောကြား သည်။

“ကျွန်တော်ကတော့ လယ်မြေတွေကို မရောင်းဘူး။ လယ်ဧက သုံးဆယ်လောက်ရှိတယ်။ ဒီလယ်တွေကို ရောင်းလိုက်ရင် လုပ်ကိုင်စားစရာမရှိတော့ဘူး။ ကျွန်တော်က မရောင်းဘူးငြင်းလိုက်တော့ လာမမေးတော့ဘူး။ လယ်တွေကို လိုက်ဝယ်တာကတော့ နှစ်နှစ်လောက်ရှိပြီ။ ဈေးကောင်းပေးတာကတော့ နှစ်လလောက်ပဲ ရှိသေးတယ်။ ဝယ်လက်တွေ မရှိတာကတော့ ၁ဝ ရက်ကျော်လောက်ရှိပြီ”ဟု စီမံကိန်းမြေအတွင်းရှိ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ မြို့သစ်စီမံကိန်းဧရိယာအတွင်း လယ်ယာဥယျာဉ်ခြံမြေအရောင်းအဝယ်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းနှင့်နှိုင်းယှဉ်ကြည့်ပါက နှစ်ဦး၊ သုံးဦးခန့်သာ လာရောက်စုံစမ်းမှုရှိခဲ့ကြောင်း၊ လယ်ကွက်အများစုမှာ ရောင်းပြီးသွားပြီးဖြစ်ကာ ကျေးရွာ၊ရပ်ကွက်များရှိ အိမ်ခြံမြေအချို့ကို ကျပ်သိန်း ၃ဝဝ၊ ၄ဝဝ ဝန်းကျင်ဈေးပေးကာ လိုက်လံဝယ်မှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အေးရွာဝန်းကျင်နှင့် ကမ်းစပ်အနီး တစ်ဝိုက်တွင် တံတားသစ်ထိုးမည့်စီမံကိန်းကြောင့် စီမံကိန်းဧရိယာ အနီးတစ် ဝိုက်ရှိ အိမ်များကို ဖျက်သိမ်းကာ ကုန်းရွာဝန်းကျင် နှစ်မိုင်ကျော်ကျော်ခန့်တွင် အစားထိုးနေရာချထားပေးမည့်သတင်း များလည်း ထွက်ပေါ်လျက်ရှိကြောင်း ဒေသ ခံ များ ထံမှ သိရသည်။

လှိုင်သာယာ-တွံတေးကားလမ်းမကြီးဘေးရှိ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း “လယ်သမားတွေကတော့ ရောင်းချင်တာပေါ့။ ဝယ်လက်တွေက သိပ်မဆင်းတော့ဘူး။ အဝယ်မလိုက်တာ ရက် ၂ဝ လောက်ရှိပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက တွံတေး-လှိုင်သာယာ ကားလမ်းမဘေးမှာဆိုရင် ကားတွေကို ပြည့်ကျပ်နေတာပဲ။ အခု လာစုံစမ်းတဲ့သူတွေ အနည်းအကျဉ်းပဲရှိတော့တယ်။ ဈေးမေးပြီး ပြန်သွားတဲ့သူတွေများတယ်”ဟု လက်ရှိဥယျာဉ်ခြံမြေအရောင်းအဝယ်များ နှင့်ပတ်သက်၍ ပြောကြားသည်။

“အရင်ရက်ပိုင်းကတော့ ကမ်းနားကြောတွေက တစ်ဧကကို ကျပ်သိန်း ၇ဝဝ၊ ၁ဝဝဝ နဲ့အရောင်းအဝယ်ဖြစ်ကြတယ်။ အတွင်းပိုင်းတွေကတော့ သိန်း ၄၅ဝ လောက်ပဲ။ ဦးကတော့ လယ် လေး၊ငါး ဧကပဲရှိပေမယ့် ဦးပိုင်တဲ့လယ် ကို ရောင်းလည်း မရောင်းဘူး။ လယ်လုပ်ရတာပဲ အားသာတယ်”ဟု တွံတေးမြို့နယ် ကံရွာမှ ဒေသခံတောင်သူ ဦးထွန်းမြင့်က ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်းရှိ လယ်မြေများအနက် ကြည့်မြင်တိုင် တစ်ဖက်ကမ်းနှင့် တွံတေးမြို့နယ်အတွင်းရှိ လယ်မြေများမှာ အရောင်းအဝယ် ပိုမိုများပြားပြီး ဆိပ်ကြီးခနောင်တိုအတွင်းရှိ လယ်မြေများမှာမူ အရောင်းအဝယ် နည်းပါးကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဩဂုတ် ၂၈ ရက်စွဲဖြင့် ရန်ကုန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ဒါခေါ်ပြီးမှသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group 

တွံတေး-လှိုင်သာယာ ကားလမ်းမဘေးရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် လာရောက်စုံစမ်းသူများအား တွေ့ရစဉ်
တွံတေး-လှိုင်သာယာကားလမ်းမဘေးရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် လာရောက်စုံစမ်းသူများအား တွေ့ ရစဉ်
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများမှာ အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါး အခြေ အနေအထိ ဝယ်လိုအား ထိုးကျသွားကြောင်း စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။
“ကုန်းရွာမှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့ မြေဈေးက တစ်ဧကကို သိန်း ၄၅ဝ၊ ၅ဝဝ လောက် အထိဖြစ်ခဲ့ တယ်။ပါးစပ်ပေါက်ဈေးကတော့ သိန်း ၆၅ဝ၊ ၇ဝဝ အထိရှိနေတယ်။ ကားလမ်းကျလောက်မယ် ထင်တဲ့နေရာက လယ်သုံး ဧကလောက် ကို ရောင်းလိုက်တာ တစ်ဧကကို သိန်း ၈၅ဝ လောက်အထိ ရတယ်လို့ကြားတယ်။ လယ်တွေရောင်းလိုက်တဲ့ လယ်သမားတွေက ရတဲ့ငွေနဲ့ အိမ်တွေပြင်ကြတယ်။ အကြွေးတွေ ဆပ်ကြတယ်။တချို့က လယ်ရှစ်ဧကလောက် ရှိတယ်။ ကောလာဟလများတော့ တကယ်လို့ ကုမ္ပဏီက သိမ်းမယ်ဆိုရင်လည်း ခံရတော့မှာဆိုပြီးတော့ ကြောက်ကြောက်နဲ့ ရောင်းတာတွေလည်း ရှိတယ်”ဟု တွံတေးမြို့နယ် ကုန်းရွာမှ ရပ်မိရပ်ဖ ဦးစိုးသိန်းက ဆိုသည်။

“ဘိုးဘလယ်က ၁၁ ဧကလောက် ရှိတယ်။ သုံးဧကကို ရောင်းလိုက်တယ်။ ကျန်တာကိုတော့ လယ်လုပ်ဖို့ ထားထားတယ်။ ပွဲစားတွေကတစ်ဆင့် လာဝယ်ကြ တယ်။ပိုင်ရှင်ကိုယ်တိုင် လာဝယ်တာတော့ မတွေ့ ဘူး။ ပေါက်ဈေး ဘယ်လောက်ပေါက် တယ်ဆိုတာ မသိဘူး။ ကျွန်မကတော့ တစ်ဧကကို သိန်း ၅ဝဝ လောက်ရတယ်။ဒီဟာလေးကို အကုန်ရောင်းလိုက်ရင်လည်း လုပ်ကိုင်စားသောက်စရာရှိတော့မှာ မဟုတ် ဘူး။ ဒီရွာမှာရှိတဲ့ တောသူတောင် သားတွေကတော့ လယ်တွေ အကုန်မရောင်းကြဘူး။ လယ်လုပ် စားဖို့ ချန်ထားကြတယ်။ ကိုယ်ကလည်းမရှိတဲ့အခါကျတော့ နည်းနည်းပါးပါး သုံးဖို့ဆိုပြီး ရောင်းလိုက်တာပါ။ ပြီးခဲ့တဲ့လလောက်ကတော့ လာဝယ်တဲ့ သူတွေ အရမ်းများတယ်။အခုရက်ပိုင်း လုံးဝမရှိတော့ဘူး”ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အလတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူဒေါ်ရီမြင့် က ပြောကြား သည်။

“ကျွန်တော်ကတော့ လယ်မြေတွေကို မရောင်းဘူး။ လယ်ဧက သုံးဆယ်လောက်ရှိတယ်။ ဒီလယ်တွေ ကို ရောင်းလိုက်ရင် လုပ်ကိုင်စားစရာမရှိတော့ဘူး။ ကျွန်တော်က မရောင်းဘူးငြင်းလိုက်တော့ လာမမေးတော့ ဘူး။ လယ်တွေကို လိုက်ဝယ်တာကတော့ နှစ်နှစ်လောက်ရှိပြီ။ ဈေးကောင်းပေး တာကတော့ နှစ်လလောက်ပဲ ရှိသေးတယ်။ ဝယ်လက်တွေ မရှိတာကတော့ ၁ဝ ရက်ကျော်လောက်ရှိပြီ”ဟု စီမံကိန်းမြေအတွင်းရှိ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ မြို့သစ်စီမံကိန်းဧရိယာအတွင်း လယ်ယာဥယျာဉ်ခြံမြေအရောင်းအဝယ်မှာ ပြီးခဲ့သည့် ရက် သတ္တပတ် အတွင်းနှင့်နှိုင်းယှဉ်ကြည့်ပါက နှစ်ဦး၊ သုံးဦးခန့်သာ လာရောက်စုံစမ်းမှုရှိခဲ့ကြောင်း၊ လယ်ကွက် အများ စုမှာ ရောင်းပြီးသွားပြီးဖြစ်ကာ ကျေးရွာ၊ရပ်ကွက်များရှိ အိမ်ခြံမြေအချို့ကို ကျပ်သိန်း ၃ဝဝ၊ ၄ဝဝ ဝန်းကျင်ဈေးပေးကာ လိုက်လံဝယ်မှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အေးရွာဝန်းကျင်နှင့် ကမ်းစပ်အနီး တစ်ဝိုက်တွင် တံတားသစ်ထိုးမည့် စီမံကိန်းကြောင့် စီမံကိန်းဧရိယာ အနီးတစ်ဝိုက်ရှိ အိမ်များကို ဖျက်သိမ်းကာ ကုန်းရွာဝန်း ကျင် နှစ် မိုင်ကျော်ကျော် ခန့်တွင် အစားထိုးနေရာချထားပေးမည့်သတင်း များလည်း ထွက်ပေါ်လျက်ရှိကြောင်း ဒေသ ခံ များ ထံမှ သိရသည်။

လှိုင်သာယာ-တွံတေးကားလမ်းမကြီးဘေးရှိ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း “လယ်သမားတွေ ကတော့ ရောင်းချင်တာပေါ့။ ဝယ်လက်တွေက သိပ်မဆင်းတော့ဘူး။ အဝယ်မလိုက်တာ ရက် ၂ဝ လောက် ရှိပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက တွံတေး-လှိုင်သာယာ ကားလမ်းမဘေးမှာဆိုရင် ကားတွေကို ပြည့်ကျပ်နေတာပဲ။ အခု လာစုံစမ်းတဲ့သူတွေ အနည်းအကျဉ်းပဲရှိတော့တယ်။ ဈေးမေးပြီး ပြန်သွားတဲ့သူတွေများတယ်”ဟု လက်ရှိ ဥယျာဉ်ခြံမြေအရောင်းအဝယ်များ နှင့်ပတ်သက်၍ ပြောကြားသည်။

“အရင်ရက်ပိုင်းကတော့ ကမ်းနားကြောတွေက တစ်ဧကကို ကျပ်သိန်း ၇ဝဝ၊ ၁ဝဝဝ နဲ့အရောင်း အဝယ်ဖြစ်ကြ တယ်။ အတွင်းပိုင်းတွေကတော့ သိန်း ၄၅ဝ လောက်ပဲ။ ဦးကတော့ လယ် လေး၊ငါး ဧကပဲ ရှိပေမယ့် ဦးပိုင်တဲ့လယ် ကို ရောင်းလည်း မရောင်းဘူး။ လယ်လုပ်ရတာပဲ အားသာတယ်”ဟု တွံတေးမြို့နယ် ကံရွာမှ ဒေသခံတောင်သူ ဦးထွန်းမြင့်က ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်းရှိ လယ်မြေများအနက် ကြည့်မြင်တိုင် တစ်ဖက်ကမ်းနှင့် တွံတေးမြို့ နယ် အတွင်းရှိ လယ်မြေများမှာ အရောင်းအဝယ် ပိုမိုများပြားပြီး ဆိပ်ကြီးခနောင်တိုအတွင်းရှိ လယ်မြေများမှာမူ အရောင်းအဝယ် နည်းပါးကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဩဂုတ် ၂၈ ရက်စွဲဖြင့် ရန်ကုန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ထုတ်ပြန် ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ဒါခေါ်ပြီးမှသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment