Friday 12 September 2014

သွေးအုပ်စုနှင့် မှတ်ဉာဏ်ဆုံးရှုံးမှုကြား ဆက်နွှယ်မှုရှိ

ရှားပါးသောသွေးအုပ်စုတစ်မျိုးနှင့် ဘဝနှောင်းပိုင်းမှတ်ဉာဏ်ဆုံးရှုံးမှုကြား ဆက်နွှယ်မှုရှိကြောင်း အမေရိ ကန် သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
လူဦးရေ ၄ ရာခိုင်နှုန်းမျှတွင်သာတွေ့ရသည့် အေဘီသွေးပိုင်ရှင်များမှာ အခြားသွေးအုပ်စုဝင်များထက် စဉ်းစားဉာဏ်နှင့် မှတ်ဉာဏ်ဆိုင်ရာပြဿနာများပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာမှုက ဖော်ပြသည်။

သွေးအမျိုးအစားက နှလုံးအန္တရာယ်ရှိခြင်းနှင့် သက်ဆိုင်သည်ဆိုသော ယခင်လေ့လာတွေ့ရှိမှုကို ထပ်မံ တိုးချဲ့လေ့လာထားသည့် ယခု လေ့လာမှုကို Neurology ဂျာနယ်တွင်ဖော်ပြထားသည်။

ဦးနှောက်ကျန်းမာနေစေရန် အကောင်းဆုံးနည်းလမ်းမှာ ဟန်ချက်ညီသောအစားအစာများစားပေးခြင်း၊ ပုံမှန်လေ့ ကျင့်ခန်း လုပ်ခြင်းနှင့် ဆေးလိပ်ရှောင်ခြင်းပင်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

ဘာလင်တန်ရှိ ဗားမွန့်ဆေးတက္ကသိုလ်မှ ဒေါက်တာမယ်ရီကုခ်ျမန်း ဦးဆောင်သော အမေရိကန် သုတေသီ များ အဖွဲ့က အသက်(၄၅)နှစ်နှင့် အထက် အမေရိကန်နိုင်ငံသား ၃၀,၀၀၀ ခန့်ကို လေ့လာခဲ့ခြင်းဖြစ်သည်။

သုံးနှစ်ကြာလေ့လာမှုအတွင်း လူပေါင်း ၄၉၅ ဦးမှာ စဉ်းစားဉာဏ်နှင့် မှတ်ဉာဏ်ပြဿနာများ (သို့မဟုတ်) မှတ် ဉာဏ်ချွတ်ယွင်းမှုများဖြစ်ပေါ်လာကြသည်။ ယင်းပြဿနာများမရှိသူ ၅၈၇ ဦးနှင့် မှတ်ဉာဏ် ဆိုင်ရာပြဿနာရှိသူ များကို သုတေသီများက နှိုင်းယှဉ်လေ့လာခဲ့သည်။

မှတ်ဉာဏ်ဆိုင်ရာပြဿနာများဖြစ်ပေါ်လာသော အုပ်စုတွင် အေဘီသွေးအုပ်စုဝင် ၆ ရာခိုင်နှုန်းပါဝင်ပြီး သာမန် လူများတွင် မှတ် ဉာဏ်ဆုံးရှုံးမှု ၄ ရာခိုင်နှုန်းသာရှိသည်။

အိုသွေးကဲ့သို့ သွေးအုပ်စုဝင်များမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်မှုအန္တရာယ်ပိုနည်းသဖြင့် အပြန်အလှန်အားဖြင့် ဦးနှောက်ကို ကာကွယ်ပြီးသားဖြစ်သည်ဟု သုတေသီများက ပြောသည်။

သွေးအုပ်စုနှင့် လေဖြတ်ခြင်းကဲ့သို့ အခြားသောသွေးကြောဆိုင်ရာ ပြဿနာများနှင့်လည်း ဆက်နွှယ်မှုရှိသည် ဟု ဒေါက်တာကုခ်ျမန်းက ပြောသည်။

BBC

No comments:

Post a Comment