Friday 12 September 2014

စက်ရုံမှ စွန့်ပစ် ရေများကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ အရေပြားအနာများဖြစ်

 Photo: စက်ရုံမှ စွန့်ပစ် ရေများကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ အရေပြားအနာများဖြစ်
Friday, September 12, 2014

လှိုင်သာယာမြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံတစ်ရုံမှ စွန့်ပစ်အရည်များကို လမ်းမပေါ် စွန့်ထုတ်မှုကြောင့် လမ်းသွား လမ်းလာပြည်သူများ၏ ခြေ ထောက် များတွင် ယားနာနှင့် ဝဲကဲ့သို့ အနာများဖြစ်ပေါ်ကာ ကျန်းမာရေး ထိခိုက်မှု များရှိနေ ကြောင်း သတင်းရရှိသည်။

ယင်းမြို့နယ်အတွင်း စက်မှု ဇုန်(၃) ရေဥက္ကံဈေးအနီးရှိ နဝဒေး လမ်းသည် ပြည်သူများ၊ ကျောင်း သား၊ ကျောင်းသူများ၊ စက်ရုံ အလုပ်သမားများ အားကိုးအား ထားပြုကာ နေ့စဉ်သွားလာနေ သော လမ်းဖြစ်သည်။ လွန်ခဲ့ သည့် တစ်နှစ်ကျော်မှစ၍ အဆို ပါ ဆေးဆိုးပန်းရိုက်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများကြောင့် လမ်း ကို အားကိုးအားထားပြုနေရ သော ပြည်သူများမှာ ယခုကဲ့သို့ ကြုံတွေ့ခံစားနေရသည်ဟု ဆို သည်။

‘‘ဒီဒဏ်ကို ခံစားနေရတာ တစ်နှစ်ခွဲလောက်ရှိပြီ။ နွေဘက် လည်း ဒီအတိုင်းလမ်းပေါ်ရေတင်နေ တာပဲ။ နွေတုန်းက တိုင်းကလာ ဆင်းကြည့်သွားသေးတယ်။ ဒါပေမဲ့ ခုထိမထူးခြားဘူး။ ကလေးတွေ၊ ဘုန်းကြီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသားတွေက ဒီလမ်းကပဲ သွားနေရတာဆို တော့ အစိုးရအနေနဲ့ အမြန်လုပ်ပေးသင့်ပါတယ်’’ဟု ရေဆိုးဒဏ် ခံစားနေရသည့် နဝဒေးလမ်းနေ ပြည်သူတစ်ဦးကဆိုသည်။

ဆေးဆိုးပန်းရိုက် စက်ရုံအနေဖြင့် ၂၀၁၄ နှစ်ဆန်းပိုင်းမှ စတင်ကာ စည်ပင်နှင့် ပူးပေါင်း၍ ၆ လက်မ PVC ပိုက်ဖြင့် မြစ်ဝအထိ သွယ်တန်းပြီး ရေဆိုးများကို မြစ် ထဲသို့ စွန့်ပစ်ခြင်း၊ စက်ရုံမှတာဝန် ယူ၍ ရေအိုင်နေသော န၀ဒေးရှိ မြောင်းများကို တစ်လတစ်ကြိမ်တူး ဖော်ခြင်းများ ပြုလုပ်ပေးနေသည် ဟု ဆေးဆိုးပန်းရိုးစက်ရုံမှ တာဝန် ရှိသူတစ်ဦးကဆိုသည်။

‘‘ရေထဲမှာ အစိမ်းရောင်လို ဓာတုပစ္စည်းတွေပါနေတယ်လို့ ပြောကြတယ်။ သေချာကြည့်ရင် သိနိုင်ပါတယ်။ ရေက နွံရောင်၊ ဗွက် ရောင်ထနေတာပါ။ နောက်ပိုင်း ရေထဲမှာ စက်ရုံက အညစ်အကြေး တွေ စွန့်ထုတ်ပါတယ်ဆိုပြီး ပြော ကြလွန်းလို့ ၂၀၁၄ နှစ်ဆန်းပိုင်းက စည်ပင်နဲ့ပေါင်းပြီး ပေ ၃၀၀၀ ကျော်ရှိတဲ့ ၆ လက်မ PVC ပိုက်ကို မြစ်ဝထိသွယ်ပြီးတော့ ရေဆိုးတွေကို ညဘက်မှ မြစ်ထဲစွန့်တာ။ မြောင်းဖော်တာကိုလည်း အစ်မတို့စက်ရုံက တာဝန်ယူပြီးတော့ တစ်လတစ်ကြိမ်မြောင်းဖော်ပေးတယ်’’ဟု ၎င်းကဆိုသည်။

စက်ရုံမှစွန့်ထုတ်လိုက်သည့် ရေဆိုးများမှာ လမ်းပေါ်၌တင်နေ ကာ အဆိုပါရေဆိုးများထဲတွင် အက်စစ်နှင့် ဓာတု ဓာတ်များပျော်ဝင်နေမှုကြောင့် ၎င်းရေနှင့်ထိတွေ့မိသူ ကလေးများမှာ  ဖျားနာခြင်း၊ လူကြီးများမှာမူ ခြေဝဲစား၊ သဲဝဲစားကဲ့သို့ ယားနာရောဂါများခံစားနေရသည့်အပြင် အိတ်ဇောကဲ့သို့ အနံ့ဆိုးများကြောင့်လည်း အသက်ရှူလမ်းကြောင်းရောဂါများ ခံစားနေရသည်ဟုဆိုကြသည်။

‘‘ညနေ ၃ နာရီလောက်က လွှတ်လိုက်တဲ့ရေက ရေပူရေ အေးနှစ်မျိုးဖြစ်နေတော့ ကလေး တွေဆိုဖျားတယ်။ လူမပြောနဲ့ စက်ဘီးတွေတောင်မခံနိုင်ဘူး။ ခြေထောက်တွေကတော့ ရေ ခြောက်ရင် ယားတာမခံနိုင်ဘူး။ ခြေသည်းခွံတွေဆို မကျန်တော့ဘူး။ ကျွတ်ထွက်ကုန်တယ်’’ဟု နဝဒေးလမ်းတွင်နေထိုင်သူ အသက်(၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

စက်ရုံအချို့မှ ထွက်သော ဓာတုအညစ်အကြေးများ၊ ရေဆိုး များနှင့်ထိတွေ့မိပါက ပြည်တည် နာအပြင် မှိုနှင့်ပတ်သက်သော အခြားအရေပြား ရောဂါများဖြစ် ပေါ်နိုင်ကြောင်း အရေပြားအထူး ကုဆရာဝန်ကြီးဒေါက်တာကျော် ကျော်ကဆိုသည်။

‘‘ပြီးတော့ စက်ရုံတွေက ထွက်တဲ့ ဓာတုတွေက ရေကြီးတဲ့ အခါမှာ မိုးရေထဲမှာရောနှောပါ ဝင်နေနိုင်တဲ့အတွက် ဒါတွေနဲ့ထိ တွေ့မိရင် အလာဂျီလို အရေပြား ဆိုင်ရာရောဂါတွေလည်းဖြစ်လာ နိုင်တယ်။ အဓိကခြေသည်း၊ ခြေ ချောင်းကြားထဲ ပိုဂရုစိုက်ပေးရ မယ်။ မဟုတ်ရင် ကြားမှာမှိုဖြစ် ပြီး သဲဝဲစားဖြစ်လာနိုင်တယ်။ ယားရင်မကုတ်နဲ့။ ခြေ၊ လက်ကိုသာ သေချာဆေးပေးပါ’’ ဟု ၎င်းက အကြံပြုပြောကြားသည်။

အဆိုပါနဝဒေလမ်းရှိ ဆေး ဆိုးပန်းရိုက်စက်ရုံမှ ညနေ ၄ နာရီကျော် ဝန်းကျင်တွင် အညစ် အကြေးများ စွန့်ထုတ်လေ့ရှိ သည်။ နဝဒေးလမ်းထိပ်နှင့်ထိစပ် နေသော ဦးဖိုးသာလမ်းမပေါ်သို့ လျှံကျကာ လမ်းဘေးရှိ ရေဥက္ကံ ဈေးအတွင်းနှင့် ဈေးလမ်းမကွန် ကရစ်လမ်းတစ်လျှောက် အမှတ် (၆) အထက်တန်းကျောင်းမြောက် ဘက်တံခါးပေါက်အထိ စီးဆင်း ၍ ရေဝပ်နေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ ခြေထောက်များ၌ ယားနာရောဂါ များဖြစ်ပေါ်ခံစားနေရကြောင်း ရပ်ကွက်နေပြည်သူများထံက စုံ စမ်းသိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ၂၀၁၂ ခုနှစ် မှစ၍ ရေဆိုးစွန့်ထုတ်သည့် စက်ရုံ များအား ခေါ်ယူသတိပေးခြင်းများ    ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ ပိုင်း၌ ရန်ကုန်မြို့၊ စက်မှုဇုန်များရှိ  စက်ရုံ ၁၄ ရုံမှ ရေဆိုးစွန့်ထုတ်မှုများ ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းစက်ရုံ ၁၄ ရုံမှာ ငါး၊ ပုစွန်အအေးခန်းစက်ရုံများ၊ စက္ကူစက်ရုံများနှင့် ခေါက်ဆွဲစက်ရုံများသာ ပါဝင်ပြီး အဆိုပါ ဆေးဆိုးပန်းရိုက် စက်ရုံမှာ မပါဝင်ပေ။

7Day DAILY 

လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)ရှိ နဝဒေးလမ်းပေါ်သို့ တက်လာသောချောင်းရေ များနှင့် စက်ရုံမှစွန့်ပစ်ရေများထဲ ဖြတ်လျှောက်သွားသည့် ဒေသခံအချို့ကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)ရှိ နဝဒေးလမ်းပေါ်သို့ တက်လာသောချောင်းရေများနှင့် စက်ရုံမှ စွန့် ပစ်ရေများထဲ ဖြတ်လျှောက်သွားသည့် ဒေသခံအချို့ကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လှိုင်သာယာမြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံတစ်ရုံမှ စွန့်ပစ်အရည်များကို လမ်းမပေါ် စွန့်ထုတ်မှုကြောင့် လမ်းသွား လမ်းလာပြည်သူများ၏ ခြေ ထောက် များတွင် ယားနာနှင့် ဝဲကဲ့သို့ အနာများဖြစ်ပေါ်ကာ ကျန်း မာရေး ထိခိုက်မှု များရှိနေ ကြောင်း သတင်းရရှိသည်။


ယင်းမြို့နယ်အတွင်း စက်မှု ဇုန်(၃) ရေဥက္ကံဈေးအနီးရှိ နဝဒေး လမ်းသည် ပြည်သူများ၊ ကျောင်း သား၊ ကျောင်းသူများ၊ စက်ရုံ အလုပ်သမားများ အားကိုးအား ထားပြုကာ နေ့စဉ်သွားလာနေ သော လမ်းဖြစ်သည်။ လွန်ခဲ့ သည့် တစ်နှစ်ကျော်မှစ၍ အဆို ပါ ဆေးဆိုးပန်းရိုက်စက်ရုံ မှ ရေဆိုးစွန့်ထုတ်မှု များကြောင့် လမ်း ကို အားကိုးအားထားပြုနေရ သော ပြည်သူများမှာ ယခုကဲ့သို့ ကြုံတွေ့ခံစားနေရသည်ဟု ဆို သည်။

‘‘ဒီဒဏ်ကို ခံစားနေရတာ တစ်နှစ်ခွဲလောက်ရှိပြီ။ နွေဘက် လည်း ဒီအတိုင်းလမ်းပေါ်ရေတင်နေ တာ ပဲ။ နွေတုန်းက တိုင်းကလာ ဆင်းကြည့်သွားသေးတယ်။ ဒါပေမဲ့ ခုထိမထူးခြားဘူး။ ကလေးတွေ၊ ဘုန်းကြီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသားတွေက ဒီလမ်းကပဲ သွားနေရတာဆို တော့ အစိုးရ အနေနဲ့ အမြန်လုပ်ပေးသင့်ပါတယ်’’ဟု ရေဆိုးဒဏ် ခံစားနေရသည့် နဝဒေးလမ်းနေ ပြည်သူတစ်ဦးက ဆိုသည်။

ဆေးဆိုးပန်းရိုက် စက်ရုံအနေဖြင့် ၂၀၁၄ နှစ်ဆန်းပိုင်းမှ စတင်ကာ စည်ပင်နှင့် ပူးပေါင်း၍ ၆ လက်မ PVC ပိုက်ဖြင့် မြစ်ဝအထိ သွယ်တန်းပြီး ရေဆိုးများကို မြစ်ထဲသို့ စွန့်ပစ်ခြင်း၊ စက်ရုံမှတာဝန် ယူ၍ ရေ အိုင်နေသော န၀ဒေးရှိ မြောင်းများကို တစ်လတစ်ကြိမ်တူး ဖော်ခြင်းများ ပြုလုပ်ပေးနေသည် ဟု ဆေးဆိုး ပန်းရိုးစက်ရုံမှ တာဝန် ရှိသူတစ်ဦးကဆိုသည်။

‘‘ရေထဲမှာ အစိမ်းရောင်လို ဓာတုပစ္စည်းတွေပါနေတယ်လို့ ပြောကြတယ်။ သေချာကြည့်ရင် သိနိုင်ပါ တယ်။ ရေက နွံရောင်၊ ဗွက် ရောင်ထနေတာပါ။ နောက်ပိုင်း ရေထဲမှာ စက်ရုံက အညစ်အကြေး တွေ စွန့်ထုတ် ပါတယ်ဆိုပြီး ပြော ကြလွန်းလို့ ၂၀၁၄ နှစ်ဆန်းပိုင်းက စည်ပင်နဲ့ပေါင်းပြီး ပေ ၃၀၀၀ ကျော်ရှိတဲ့ ၆ လက်မ PVC ပိုက်ကို မြစ်ဝထိသွယ်ပြီးတော့ ရေဆိုးတွေကို ညဘက်မှ မြစ်ထဲစွန့်တာ။ မြောင်းဖော်တာ ကိုလည်း အစ်မတို့စက်ရုံက တာဝန်ယူပြီးတော့ တစ်လတစ်ကြိမ်မြောင်းဖော်ပေးတယ်’’ဟု ၎င်းကဆိုသည်။

စက်ရုံမှစွန့်ထုတ်လိုက်သည့် ရေဆိုးများမှာ လမ်းပေါ်၌တင်နေ ကာ အဆိုပါရေဆိုးများထဲတွင် အက်စစ်နှင့် ဓာတု ဓာတ်များပျော်ဝင်နေမှုကြောင့် ၎င်းရေနှင့်ထိတွေ့မိသူ ကလေးများမှာ  ဖျားနာခြင်း၊ လူကြီးများ မှာမူ ခြေ ဝဲစား၊ သဲဝဲစားကဲ့သို့ ယားနာရောဂါများခံစားနေရသည့်အပြင် အိတ်ဇောကဲ့သို့ အနံ့ဆိုးများကြောင့် လည်း အသက်ရှူလမ်းကြောင်းရောဂါများ ခံစားနေရသည်ဟုဆိုကြသည်။

‘‘ညနေ ၃ နာရီလောက်က လွှတ်လိုက်တဲ့ရေက ရေပူရေ အေးနှစ်မျိုးဖြစ်နေတော့ ကလေး တွေဆိုဖျားတယ်။ လူမပြောနဲ့ စက်ဘီးတွေတောင်မခံနိုင်ဘူး။ ခြေထောက်တွေကတော့ ရေ ခြောက်ရင် ယားတာမခံနိုင် ဘူး။ ခြေသည်းခွံတွေဆို မကျန်တော့ဘူး။ ကျွတ်ထွက်ကုန်တယ်’’ဟု နဝဒေးလမ်းတွင်နေထိုင်သူ အသက်(၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

စက်ရုံအချို့မှ ထွက်သော ဓာတုအညစ်အကြေးများ၊ ရေဆိုး များနှင့်ထိတွေ့မိပါက ပြည်တည် နာအပြင် မှိုနှင့်ပတ်သက်သော အခြားအရေပြား ရောဂါများဖြစ် ပေါ်နိုင်ကြောင်း အရေပြားအထူး ကုဆရာဝန် ကြီးဒေါက် တာကျော် ကျော်ကဆိုသည်။

‘‘ပြီးတော့ စက်ရုံတွေက ထွက်တဲ့ ဓာတုတွေက ရေကြီးတဲ့ အခါမှာ မိုးရေထဲမှာရောနှောပါ ဝင်နေနိုင်တဲ့ အတွက် ဒါတွေနဲ့ထိ တွေ့မိရင် အလာဂျီလို အရေပြား ဆိုင်ရာရောဂါတွေလည်းဖြစ်လာ နိုင်တယ်။ အဓိ ကခြေ သည်း၊ ခြေ ချောင်းကြားထဲ ပိုဂရုစိုက်ပေးရ မယ်။ မဟုတ်ရင် ကြားမှာမှိုဖြစ် ပြီး သဲဝဲစားဖြစ်လာနိုင် တယ်။ ယားရင်မကုတ်နဲ့။ ခြေ၊ လက်ကိုသာ သေချာဆေးပေးပါ’’ ဟု ၎င်းက အကြံပြုပြောကြားသည်။

အဆိုပါနဝဒေလမ်းရှိ ဆေး ဆိုးပန်းရိုက်စက်ရုံမှ ညနေ ၄ နာရီကျော် ဝန်းကျင်တွင် အညစ် အကြေးများ စွန့်ထုတ်လေ့ရှိသည်။ နဝဒေးလမ်းထိပ်နှင့်ထိစပ် နေသော ဦးဖိုးသာလမ်းမပေါ်သို့ လျှံကျကာ လမ်းဘေး ရှိ ရေဥက္ကံ ဈေးအတွင်းနှင့် ဈေးလမ်းမကွန် ကရစ်လမ်းတစ်လျှောက် အမှတ် (၆) အထက်တန်းကျောင်းမြော က် ဘက် တံခါးပေါက်အထိ စီးဆင်း ၍ ရေဝပ်နေသည့်အတွက် ကျောင်းသား၊ ကျောင်းသူ များ ၏ ခြေထောက်များ၌ ယားနာရောဂါ များဖြစ်ပေါ်ခံစားနေရကြောင်း ရပ်ကွက်နေပြည်သူများထံက စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ၂၀၁၂ ခုနှစ် မှစ၍ ရေဆိုးစွန့်ထုတ်သည့် စက်ရုံ များ အား ခေါ်ယူသတိပေးခြင်းများ    ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ ပိုင်း၌ ရန်ကုန်မြို့၊ စက်မှုဇုန်များရှိ  စက်ရုံ ၁၄ ရုံမှ ရေဆိုးစွန့်ထုတ်မှုများ ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းစက်ရုံ ၁၄ ရုံမှာ ငါး၊ ပုစွန်အအေးခန်းစက်ရုံများ၊ စက္ကူစက်ရုံများနှင့် ခေါက်ဆွဲစက်ရုံများသာ ပါဝင်ပြီး အဆိုပါ ဆေးဆိုးပန်းရိုက် စက်ရုံမှာ မပါဝင်ပေ။

7Day DAILY

No comments:

Post a Comment