Friday 12 September 2014

အင်ဖာ - မိုရေး ကုန်သွယ်မှုလမ်း ပိတ်ထားဆဲဖြစ်၍ အိန္ဒိယသို့ ပို့ကုန်များ တင်ပို့မှုရပ်ဆိုင်း

မြန်မာ-အိန္ဒိယကုန် သွယ်မှု ပြုလုပ်ရာ လမ်းမကြီးဖြစ် သော မဏိပူရပြည်နယ်အတွင်း ရှိ အင်ဖာ - မိုရေးလမ်း ပိတ်ထား ဆဲဖြစ်သဖြင့် အိန္ဒိယသို့ နယ်စပ်မှ တင်ပို့နေသည့် ကုန်စည်အားလုံး တမူးမြို့တွင် ပိတ်မိနေပြီး အိန္ဒိယနိုင်ငံမှ ကုန်သည်များအား အဓိကထားရောင်းဝယ်နေရသည့် နယ်စပ်နန်းဖာလုံဈေးတွင် အရောင်း အ၀ယ် များ ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

ထိုလမ်းမကြီးကို စက်တင် ဘာ ၄ ရက်မှ စတင်၍ အိန္ဒိယနိုင်ငံ သားနှစ်ဦး နာဂလန်းတွင် သေဆုံးခဲ့မှုကို အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်အတွင်းရှိ အစိုးရအဖွဲ့ အစည်းအား အရပ်ဘက်အဖွဲ့အ စည်းများက ဆန္ဒပြ သည့် အနေဖြင့် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဆန္ဒပြပြီး ပိတ်ထားခဲ့သော လမ်းမကြီးကို စက်တင် ဘာ ၁၀ ရက်တွင် နာဂလန်းပြည် နယ်သား တစ်ဦး ထပ်မံ သေဆုံး ခဲ့ပြီးနောက် မဏိပူရပြည်နယ် အာဏာပိုင်များနှင့် အရပ်ဘက် အဖွဲ့အစည်းကြား ပြဿနာပိုမို ကြီးထွားလာပြီး စက်တင်ဘာ ၁၁ ရက်ရောက်သည်အထိ ကုန်သွယ်မှုလမ်းကြောင်း ပိတ်ထား ဆဲ ဖြစ်သည်။

ထိုကြောင့် တမူးမြို့နယ်စပ် မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ နေရသည့် ကုန်စည်အားလုံး ရပ် ဆိုင်းခဲ့သည် ဟု တမူးမြို့နယ်စပ် ကုန်သည်များအသင်း ဥက္ကဋ္ဌဦးလှ မောင်က ပြောသည်။

‘‘ဟိုဘက်မှာ ဖြစ်တာဆိုတော့ ကုန်သည်တွေအနေနဲ့ ဘာမှလုပ် လို့မရဘူး။ သူတို့ပြန်ဖွင့်ပေးမယ့် အိန္ဒိယ ဘက်က ကုန်သည်တွေက လာဝယ်မယ်ဆိုရင်တော့ ဒီဘက် က ကုန်သည်တွေအနေနဲ့ ရောင်းချပေးရုံပဲပေါ့။ ဒါပေမဲ့ လမ်းတွေပိတ်ထားတော့ ကုန်မပို့နိုင်တာ ကတော့ တစ်ပတ်လောက်ရှိသွား ပြီ’’ ဟု တမူးနယ် စပ်ကုန် သည် များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

ထိုကဲ့သို့ အိန္ဒိယသို့ တင်ပို့ သည့် ကုန်စည်အားလုံး ရပ်ဆိုင်း ထားရသလို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို အဓိက အား ထား ဈေးရောင်းဈေးဝယ်ပြုလုပ် နေရသည့် နယ်စပ်ဈေးဖြစ်သော နန်းဖာလုံဈေးမှာလည်း အရောင်းအ၀ယ်များ  ရပ်ဆိုင်းသွားခဲ့ ကြောင်း  နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအေး က ပြောသည်။

7Day DAILY 

No comments:

Post a Comment