Friday 12 September 2014

ဦးစံလင်းအတွက် အဆုံးအဖြတ်နေ့

Photo: ဦးစံလင်းအတွက် အဆုံးအဖြတ်နေ့
Friday, September 12, 2014

ဓမ္မစေတီခေါင်းလောင်း ရှိရာသို့ လာရောက်ကြည့်ရှုသူများ နှင့် စည်ကားခဲ့သော ရှုခင်းသာ ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၁ရက် က လူအနည်းငယ်သာရှိခဲ့သည်။ ကမ်းခြေမှ ခေါင်းလောင်းဆယ်ရာ သို့ လိုက်ပို့ပေးသော တစ်စီးတည်း သာရှိသည့် စက်လှေမှာ ကမ်းခြေ တွင် ရပ်ထားရသည်။ခေါင်းလောင်းဆယ် ယူမည့် နေရာ တွင် ရပ်နားထားသည့် သောင်တူးစက်တင်ထားသော သင်္ဘောနှင့် တွဲချိတ် ထားသော လူနေသင်္ဘောမှာ မူလနေရာမှ ကိုက် ၅၀ ၀န်းကျင် သို့ နေ ရာ ပြောင်းရွှေ့ထားသည်။

ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဟု သြဂုတ် ၂၆ ရက်က ကြေညာခဲ့သော်လည်း စက်တင် ဘာ ၁၁ ရက်အထိ လက်တွေ့ ဆယ်ယူပြသနိုင်ခြင်း မရှိပေ။ ထို့ အပြင် ခေါင်းလောင်းရှာဖွေသော ရက်ကို သြဂုတ် ၂၆ ရက်မှ ရက် တိုးသတ်မှတ်မှုမှာ ယနေ့ (စက် တင်ဘာ ၁၂ ရက်) သည် နောက် ဆုံးဖြစ်သည်။

‘‘သောင်တူးသင်္ဘောရွှေ့ တာ နှစ်ရက်ရှိပြီ။ မနက်ဖြန် နောက်ဆုံးရက် လှေတွေထွက်ဖို့ တော့ မရှိဘူး’’ ဟု ငါးဖမ်းစက် လှေသမား ကိုအောင်ကြီးက ပြောသည်။

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးကို လူထုက အထူး စိတ်ဝင်စားခဲ့ပြီး သြဂုတ်လအ တွင်း ဆယ်ယူရေးအဖွဲ့အား ဝေ ဖန်မှုများနှင့် ချီးကျူးမှုများလည်း ပေါ်ထွက်ခဲ့သည်။

‘‘လူတစ်ယောက်မှ မရှိဘူး။ ငါးဖမ်းလှေတစ်စီးပဲ ရှိတယ်။ မ ထွက်ရဘူး။ လူမရှိဘူး။ သရဲ ခြောက်မှာတောင် ကြောက်ရ တယ်’’ ဟု ကမ်းစပ်အနေအထား ကို ဒေါပုံမြို့နယ်နေ ကိုဝင်းလွင် ဦးက ပြောသည်။

ခေါင်းလောင်းဆယ်ယူရေး သတ်မှတ်ကာလပြည့်ရန် တစ် ပတ်အလိုတွင် ရေငုပ်သူများကို တင်ဆောင်ထားသည့် စက်လှေ ငယ်တစ်စီးမှာ ယခင်နေရာတွင် မရှိဘဲ လူနေသင်္ဘောရှိရာသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ည အချိန်တွင် သင်္ဘောပေါ်တွင်နေ ထိုင်သူများ ကမ်းပေါ်သို့ တက် လာကြသည်ကို တွေ့ရှိရပြီး ဓာတ် ငွေ့အိုးသယ်ဆောင်သွားသည်ကို လည်း တွေ့ရှိရသည်ဟု စောင့် ကြည့်သူများက ဆိုသည်။

‘‘၁၁ ရက်နေ့ နောက်ပိုင်း ထူးမယ်လို့ ပြောတယ်။ အခုအချိန် ထိတော့ မထူးသေးဘူး။ ခေါင်း လောင်းတွေ့တယ်လို့ ပြောပြော နေတဲ့ နတ်စင်ဆရာတော်က တော့ ထိုင်းကို ဆေးကုသွားတယ်။ ရေငုပ်သမားတွေက ဘာမှမပြောဘူး’’ ဟု ခေါင်းလောင်း ဆယ်ယူသော နေရာသို့ မကြာခဏသွားရောက်ကြည့်ရှုသော ဦး ဇော်ဦးက ပြောသည်။

ဆယ်ယူရေးကာလပြီးဆုံး ရန် သုံး၊ လေးရက်ခန့်တွင် ခေါင်း လောင်းတွေ့ရှိသည့် ထုတ်ပြန် ချက်မှာ ဆယ်ယူရေးအဖွဲ့က လိမ် လည်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ရေငုပ်သမားအများစုမှာ နေရပ် သို့ ပြန်ရောက်ပြီဖြစ်ကြောင်း သ တင်းများ စတင်ထွက်ပေါ်ခဲ့သည်။

အဖွဲ့ခေါင်းဆောင် ဦးစံလင်း က ဓမ္မစေတီခေါင်းလောင်းကြီး ကို တွေ့ရှိထားပြီဖြစ်ပြီး ရွှေ ရောင်နဂါးမင်းကို ကြီးကျယ်ခမ်း နားစွာ ဆီမီးပူဇော်နေသည့်အ တွက် သတင်းထုတ်ပြန်မှု နောက် ကျရခြင်းဖြစ်ကြောင်း၊ မြန်မာ့ နည်း၊ မြန်မာ့ဟန်မှာ လျှို့ဝှက် ချက်များစွာ ရှိနေခြင်းကြောင့် နှုတ်မှ ထုတ်ပြော၍မရကြောင်း၊ အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြု ချက်တောင်းခံပြီးမှ တွေ့ရှိကြောင်း ကို အတိအလင်းထုတ်ပြန်ကြေ ညာခြင်းဖြစ်သည်ဟု သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခေါင်းလောင်းဆယ်ယူရေး အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းစိန် က ဦးစံလင်းက တကယ့်ခေါင်း လောင်းတွေ့ရှိသည်ဟု ကြေညာ ခိုင်းသဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်သို့ ၎င်းတို့ကိုယ်တိုင် တက်ရောက်ခဲ့ရခြင်းမရှိကြောင်း ပုဂ္ဂလိက သတင်းစာတစ်စောင် တွင် ဖြေဆိုထားသည်။

ခေါင်းလောင်းဆယ်ယူရေး ကာလပြီးဆုံးရန် ၃၂ နာရီလိုသော အချိန်ထိ ခေါင်းလောင်းဆယ်ယူ ရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်း က ၎င်း၏ ဖုန်းများကို စက်ပိတ် ထားသည်။ ဦးစံလင်းနည်းတူ ပြန် ကြားရေးအဖွဲ့ဝင်က မီဒီယာများ သို့ ဆက်သွယ်သတင်းပေးရန်ထားသော ၎င်းတို့၏ ကိုယ်ပိုင်ဖုန်းများကိုလည်း စက်ပိတ်ထားသည်။

ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင်ပါဝင်ပြီး ဆယ်ယူရေး တွင် ငွေကြေးစိုက်ထုတ် ကူညီခဲ့ သူ ဦးဝင်းမြင့်နှင့် ဦးစံလင်းတို့အ ကြား ယုံကြည်မှု လျော့နည်းလာ ပြီး သဘောထား ကွဲလွဲမှုများရှိနေ ကြောင်း သတင်းများလည်း ထွက် ပေါ်ခဲ့သည်။

‘‘ကျွန်တော် ဘာမှ ပြောလို့ မရဘူး။ ဖုန်းဆက်တာ ကျေးဇူး တင်ပါတယ်။ အခု ဘုရားရှိခိုးနေ လို့ပါ’’ဟု ဦးဝင်းမြင့်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေရန် ရက်ပေါင်း ၂၀ အတွက်ကျပ်သိန်းပေါင်း တစ်ထောင့်ရှစ် ရာကျော်ကုန်ကျမည်ဟု ဦးစံလင်း တို့က တွက်ချက်ထားသည်။

ခေါင်းလောင်းရှာဖွေနေစဉ် အတွင်း ထပ်မံလာလှူထားသော စေတနာရှင်များ၏ လှူဒါန်းငွေ ကျပ် ၁၃၂ သိန်းရရှိထားပြီး ရိုးမ ဘဏ်တွင် အပ်ထားကြောင်း ပြန် ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောကြားထားသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကုန်ကျစရိတ်ငွေကြေးများ ကို ခေါင်းလောင်းကြီးကုန်းပေါ် ရောက်မှသာ သတင်းထုတ်ပြန် ပေးမည်ဟုဆိုခဲ့သည်။

‘‘ရွှေရောင်နဂါးကြီးလို့ စ ပြောကတည်းက ဦးစံလင်းကို သံ သယဖြစ်လာတယ်’’ ဟု ဓမ္မစေတီ ခေါင်းလောင်းကို ပြန်လည်ဆယ် ယူနိုင်စေလိုသူ တစ်ဦးကလည်း ပြောသည်။

ရှာဖွေရေးအဖွဲ့က နေ့စဉ်တိုးတက်မှုများကို ပြောပြရ မည့်အစားလျှို့ဝှက်နေသောကြောင့် လူများ ယုံကြည်မှု လျော့ကျလာခဲ့ပြီး ယခင် နေ့စဉ်လာ ရောက်ကြည့်ရှုသူ ထောင်ဂဏန်းရှိသော အေးရှားပွိုင့် ဘိုးလင်းစင်တာလမ်းတွင် ယခုရက်ပိုင်း ဆယ်ဂဏန်းခန့်သာ လာရောက် ကြည့်ရှုကြတော့သည်။

‘‘မနက်ဖြန်သာ ခေါင်းလောင်းကြီး ကုန်းပေါ်ရောက်ရင် လူတွေ ယုံကြည်မှုပြန်ရပြီး သမ္မတတောင် ဖြစ်သွားဦးမယ်’’ ဟု ဓမ္မစေတီခေါင်းလောင်းအကြောင်း စိတ်ဝင်စားသူ ကိုအေးဟန်ဆွေက ဆိုသည်။

၎င်းတို့၏ အဖွဲ့ဝင် အမည်မဖော်လိုသူတစ်ဦးက ဓမ္မစေတီခေါင်းလောင်းအား ကြိုးဖြင့်ချည်ရန် ကြိုးစားနေသည်မှာမဟုတ်ဘဲ ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဆဲ အဆင့်သာရှိသည်ဟု စက်တင်ဘာ ၈ရက်တွင် စံတော် ချိန်သတင်းစာအား ဖြေကြားခဲ့သည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်က တည်းက ဦးစံလင်းက ဖုန်းဆက် ပြီး ခေါင်းလောင်းတွေ့ထားတယ် လို့ ပြောတယ်။ နိုင်ငံတကာက လာ တူးဖို့ လုပ်တုန်းကလည်း သူက ကန့်ကွက်တယ်လို့ ပြောတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တူးမှရ မယ်ဆိုပြီး ကော့သောင်းကနေ ကျွန်တော့်ကို ဖုန်းဆက်ပြီး ခဏ ခဏပြောတယ်။ ဦးစံလင်းပြော တာကို ဘယ်လိုလုပ်ပြီး ယုံလို့ ရမလဲ။ ကောင်းတာက ဂြိုဟ်တု ဓာတ်ပုံရိုက်လိုက်ရင် အကောင်းဆုံး သက်သေပဲ’’ ဟု နိုင်ငံတကာ သတင်းထောက်တစ်ဦးက ပြောသည်။ ဦးစံလင်းတစ်ယောက် ခေါင်းလောင်းနှင့်ပတ်သက်ပြီး ၎င်းပြောဆိုထားသည့် စကားများ နှင့် ထုတ်ပြန်ချက်များ မှန်၊ မမှန် ယနေ့အဖြေပေါ်မည် ဖြစ်သည်။

7Day Daily

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ကြည့်ရှုနေသူနှင့် ဈေးရောင်းသူအချို့ကို စက်တင်ဘာ ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ကြည့်ရှုနေသူနှင့် ဈေးရောင်းသူအချို့ကို စက်တင်ဘာ ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ဓမ္မစေတီခေါင်းလောင်း ရှိရာသို့ လာရောက်ကြည့်ရှုသူများ နှင့် စည်ကားခဲ့သော ရှုခင်းသာ ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၁ ရက်က လူအနည်းငယ်သာရှိခဲ့သည်။ ကမ်းခြေမှ ခေါင်းလောင်းဆယ်ရာသို့ လိုက် ပို့ပေးသော တစ်စီးတည်း သာရှိသည့် စက်လှေမှာ ကမ်းခြေ တွင် ရပ်ထားရသည်။ခေါင်းလောင်းဆယ် ယူမည့် နေရာ တွင် ရပ်နားထားသည့် သောင်တူးစက်တင်ထားသော သင်္ဘောနှင့် တွဲချိတ် ထားသော လူနေသင်္ဘောမှာ မူလနေရာမှ ကိုက် ၅၀ ၀န်းကျင် သို့ နေ ရာ ပြောင်းရွှေ့ထားသည်။
ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဟု သြဂုတ် ၂၆ ရက်က ကြေညာခဲ့သော်လည်း စက်တင် ဘာ ၁၁ ရက်အထိ လက်တွေ့ ဆယ်ယူပြသနိုင်ခြင်း မရှိပေ။ ထို့ အပြင် ခေါင်းလောင်းရှာဖွေသော ရက်ကို သြဂုတ် ၂၆ ရက်မှ ရက် တိုးသတ်မှတ်မှုမှာ ယနေ့ (စက် တင်ဘာ ၁၂ ရက်) သည် နောက် ဆုံးဖြစ်သည်။

‘‘သောင်တူးသင်္ဘောရွှေ့ တာ နှစ်ရက်ရှိပြီ။ မနက်ဖြန် နောက်ဆုံးရက် လှေတွေထွက်ဖို့ တော့ မရှိဘူး’’ ဟု ငါးဖမ်းစက် လှေသမား ကိုအောင်ကြီးက ပြောသည်။

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးကို လူထုက အထူး စိတ်ဝင်စားခဲ့ပြီး သြဂုတ်လအ တွင်း ဆယ်ယူရေး အဖွဲ့အား ဝေ ဖန်မှုများနှင့် ချီးကျူးမှုများလည်း ပေါ်ထွက်ခဲ့သည်။

‘‘လူတစ်ယောက်မှ မရှိဘူး။ ငါးဖမ်းလှေတစ်စီးပဲ ရှိတယ်။ မထွက်ရဘူး။ လူမရှိဘူး။ သရဲ ခြောက် မှာတောင် ကြောက် ရ တယ်’’ ဟု ကမ်းစပ်အနေအထား ကို ဒေါပုံမြို့နယ်နေ ကိုဝင်းလွင် ဦးက ပြောသည်။

ခေါင်းလောင်းဆယ်ယူရေး သတ်မှတ်ကာလပြည့်ရန် တစ်ပတ်အလိုတွင် ရေငုပ်သူများကို တင်ဆောင်ထား သည့် စက်လှေ ငယ်တစ်စီးမှာ ယခင်နေရာတွင် မရှိဘဲ လူနေသင်္ဘောရှိရာသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ည အချိန်တွင် သင်္ဘောပေါ်တွင်နေ ထိုင်သူများ ကမ်းပေါ်သို့ တက် လာကြသည်ကို တွေ့ရှိရပြီး ဓာတ် ငွေ့အိုးသယ်ဆောင်သွားသည်ကို လည်း တွေ့ရှိရသည်ဟု စောင့် ကြည့်သူများက ဆိုသည်။

‘‘၁၁ ရက်နေ့ နောက်ပိုင်း ထူးမယ်လို့ ပြောတယ်။ အခုအချိန် ထိတော့ မထူးသေးဘူး။ ခေါင်း လောင်းတွေ့ တယ်လို့ ပြောပြော နေတဲ့ နတ်စင်ဆရာတော်က တော့ ထိုင်းကို ဆေးကုသွားတယ်။ ရေငုပ်သမားတွေက ဘာမှမပြောဘူး’’ ဟု ခေါင်းလောင်း ဆယ်ယူသော နေရာသို့ မကြာခဏသွားရောက်ကြည့်ရှုသော ဦး ဇော်ဦးက ပြောသည်။

ဆယ်ယူရေးကာလပြီးဆုံး ရန် သုံး၊ လေးရက်ခန့်တွင် ခေါင်း လောင်းတွေ့ရှိသည့် ထုတ်ပြန် ချက်မှာ ဆယ် ယူရေး အဖွဲ့က လိမ် လည်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ရေငုပ်သမားအများစုမှာ နေရပ် သို့ ပြန်ရောက်ပြီဖြ စ်ကြော င်း သ တင်းများ စတင်ထွက်ပေါ်ခဲ့သည်။

အဖွဲ့ခေါင်းဆောင် ဦးစံလင်း က ဓမ္မစေတီခေါင်းလောင်းကြီး ကို တွေ့ရှိထားပြီဖြစ်ပြီး ရွှေ ရောင်နဂါးမင်းကို ကြီးကျယ်ခမ်း နားစွာဆီမီးပူဇော်နေသည့်အတွက် သတင်းထုတ်ပြန်မှု နောက် ကျရခြင်းဖြစ်ကြော င်း၊ မြန်မာ့ နည်း၊ မြန်မာ့ဟန်မှာ လျှို့ဝှက် ချက်များစွာ ရှိနေခြင်းကြောင့် နှုတ်မှ ထုတ်ပြော၍မရကြောင်း၊ အရိယာဝိဇ္ဇာ အပေါင်းကို ခွင့်ပြု ချက်တောင်းခံပြီးမှ တွေ့ရှိကြောင်း ကို အတိအလင်းထုတ်ပြန်ကြေ ညာခြင်းဖြစ်သည်ဟု သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခေါင်းလောင်းဆယ်ယူရေး အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းစိန် က ဦးစံလင်းက တကယ့်ခေါ င်း လောင်းတွေ့ ရှိသည်ဟု ကြေညာခိုင်းသဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်သို့ ၎င်းတို့ကိုယ်တိုင် တက်ရောက်ခဲ့ ရခြင်း မရှိကြောင်း ပုဂ္ဂလိက သတင်းစာတစ်စောင် တွင် ဖြေဆိုထားသည်။

ခေါင်းလောင်းဆယ်ယူရေး ကာလပြီးဆုံးရန် ၃၂ နာရီလိုသော အချိန်ထိ ခေါင်းလောင်းဆယ်ယူ ရေး အဖွဲ့ ခေါင်းဆောင် ဦးစံလင်း က ၎င်း၏ ဖုန်းများကို စက်ပိတ် ထားသည်။ ဦးစံလင်းနည်းတူ ပြန် ကြားရေး အဖွဲ့ဝင်က မီဒီယာများ သို့ ဆက်သွယ်သတင်းပေးရန်ထားသော ၎င်းတို့၏ ကိုယ်ပိုင်ဖုန်းများကိုလည်း စက်ပိတ်ထားသည်။

ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင်ပါဝင်ပြီး ဆယ်ယူရေး တွင် ငွေကြေးစိုက်ထုတ် ကူညီခဲ့ သူ ဦးဝင်းမြင့်နှ င့် ဦးစံလင်းတို့အ ကြား ယုံကြည်မှု လျော့နည်းလာ ပြီး သဘောထား ကွဲလွဲမှုများရှိနေ ကြောင်း သတင်း များလည်း ထွက် ပေါ်ခဲ့သည်။

‘‘ကျွန်တော် ဘာမှ ပြောလို့ မရဘူး။ ဖုန်းဆက်တာ ကျေးဇူး တင်ပါတယ်။ အခု ဘုရားရှိခိုးနေ လို့ပါ’’ဟု ဦးဝင်းမြင့် က ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေရန် ရက်ပေါင်း ၂၀ အတွက်ကျပ်သိန်းပေါင်း တစ်ထောင့်ရှစ် ရာကျော် ကုန်ကျ မည် ဟု ဦးစံလင်း တို့က တွက်ချက်ထားသည်။

ခေါင်းလောင်းရှာဖွေနေစဉ် အတွင်း ထပ်မံလာလှူထားသော စေတနာရှင်များ၏ လှူဒါန်းငွေ ကျပ် ၁၃၂ သိန်းရရှိထားပြီး ရိုးမ ဘဏ်တွင် အပ်ထားကြောင်း ပြန် ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောကြား ထားသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကုန်ကျစရိတ်ငွေကြေးများ ကို ခေါင်းလောင်းကြီးကုန်းပေါ် ရောက်မှသာ သတင်း ထုတ်ပြန် ပေးမည်ဟုဆိုခဲ့သည်။

‘‘ရွှေရောင်နဂါးကြီးလို့ စ ပြောကတည်းက ဦးစံလင်းကို သံသယဖြစ်လာတယ်’’ ဟု ဓမ္မစေ တီ ခေါင်းလော င်း ကို ပြန်လည်ဆယ် ယူနိုင်စေလိုသူ တစ်ဦးကလည်း ပြောသည်။

ရှာဖွေရေးအဖွဲ့က နေ့စဉ်တိုးတက်မှုများကို ပြောပြရ မည့်အစားလျှို့ဝှက်နေသောကြောင့် လူများ ယုံကြည် မှု လျော့ကျလာခဲ့ပြီး ယခင် နေ့စဉ်လာ ရောက်ကြည့်ရှုသူ ထောင်ဂဏန်းရှိသော အေးရှားပွိုင့် ဘိုးလင်းစင်တာလမ်းတွင် ယခုရက်ပိုင်း ဆယ်ဂဏန်းခန့်သာ လာရောက် ကြည့်ရှုကြတော့သည်။

‘‘မနက်ဖြန်သာ ခေါင်းလောင်းကြီး ကုန်းပေါ်ရောက်ရင် လူတွေ ယုံကြည်မှုပြန်ရပြီး သမ္မတေ တာင် ဖြစ်သွားဦးမယ်’’ ဟု ဓမ္မစေတီခေါင်းလောင်းအကြောင်း စိတ်ဝင်စားသူ ကိုအေးဟန်ဆွေက ဆိုသည်။

၎င်းတို့၏ အဖွဲ့ဝင် အမည်မဖော်လိုသူတစ်ဦးက ဓမ္မစေတီခေါင်းလောင်းအား ကြိုးဖြင့်ချည်ရန် ကြိုးစားနေ သည်မှာ မဟုတ်ဘဲ ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဆဲ အဆင့်သာရှိသည်ဟု စက်တင်ဘာ ၈ရက်တွင် စံတော် ချိန်သတင်းစာအား ဖြေကြားခဲ့သည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်က တည်းက ဦးစံလင်းက ဖုန်းဆက် ပြီး ခေါင်းလောင်းတွေ့ထားတယ် လို့ ပြော တယ်။ နိုင်ငံတကာက လာ တူးဖို့ လုပ်တုန်းကလည်း သူက ကန့်ကွက်တယ်လို့ ပြော တယ်။ မြန်မာ့ နည်း မြန်မာ့ဟန်နဲ့ တူးမှရ မယ်ဆိုပြီး ကော့သောင်းကနေ ကျွန်တော့်ကို ဖုန်းဆက်ပြီး ခဏ ခဏပြောတယ်။ ဦးစံလင်းပြော တာကို ဘယ်လိုလုပ်ပြီး ယုံလို့ ရမလဲ။ ကောင်းတာက ဂြိုဟ်တု ဓာတ်ပုံရိုက်လိုက်ရင် အကောင်း ဆုံး သက်သေပဲ’’ ဟု နိုင်ငံတကာ သတင်းထောက်တစ်ဦးက ပြောသည်။ ဦးစံလင်း တစ်ယောက် ခေါင်းလောင်းနှင့်ပတ်သက်ပြီး ၎င်းပြောဆိုထားသည့် စကားများ နှင့် ထုတ်ပြန်ချက်များ မှန်၊ မမှန် ယနေ့ အဖြေပေါ်မည် ဖြစ်သည်။

7Day Daily

No comments:

Post a Comment