Friday 12 September 2014

စူပါဟီးရိုး ဇာတ်ကောင်တွေလို ၀တ်ချင်သလား

Photo: စူပါဟီးရိုး ဇာတ်ကောင်တွေလို ၀တ်ချင်သလား
Friday, September 12, 2014

သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီးထဲမှာ ဆယ်ကျော်သက် လူငယ်တွေ အများအပြားကို ပုံစံမျိုးစုံဖြင့် တွေ့ရသည်။ ယင်းတို့ တွင် ထူးထူးခြားခြားဆင်ယင်ခြယ်သထားသော လူငယ်များက ဟိုတစ်စု၊ ဒီတစ်စု။

တချို့က ၎င်းတို့၏ မျက်နှာကိုလှပအောင် ပြင်ဆင်ထားပြီး ဂျပန်အရုပ်ကလေးတစ်ရုပ်သဖွယ် ၀တ်စားထားသည်။ မိန်းက လေးငယ်တစ်ဦးကမူ ခန္ဓာကိုယ်တွင်သွေးများ ပေကျံနေပြီး မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်သဏ္ဌာန်ပြင်ဆင်ခြယ်သထားသည်။

အလားတူထူးဆန်းသော ဓားကြီးများကို ကိုင်ဆောင်ထားသူများ၊ ၀တ်ရုံရှည်ကြီးများကို ခြုံထားသူများအပြင် Iron Man ၀တ်စုံနှင့် အခြားစက်ရုပ်ဇာတ်ကောင်များ၏ အသွင်အပြင် ၀တ်ဆင်ထားသူများလည်းရှိနေသည်။

ရုတ်တရက်ကြည့်ပါက အဆိုပါအားကစားရုံထဲတွင် ကမ္ဘာကျော်ဇာတ်ကားများ၊ ဂိမ်းများ၊ ကာတွန်းများမှ ဇာတ်ကောင်များ အပြင်လောကသို့ ရောက်နေသဖွယ် ထင်မိပါလိမ့်မည်။

ယင်းမှာ စက်တင်ဘာ ၆ ရက်က သုဝဏ္ဏအားကစားရုံတွင် ကျင်းပသော ဂိမ်းပြိုင်ပွဲတစ်ခု၌ Cosplay ဟုခေါ်သော နာမည် ကျော်ဇာတ်ကောင်များ Dota ဂိမ်းမှ ဇာတ်ကောင်များအသွင်ဖြင့် ၀တ်စားထားသူတို့၏ ဖျော်ဖြေပွဲဖြစ်နေသည်။

နိုင်ငံတကာတွင် ယင်းသို့ တင်ဆက်ဖျော်ဖြေသည့် Cosplay Festival များက တွင်တွင်ကျယ်ကျယ်ရှိနေခဲ့ပြီး မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်တွင် ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သည်ဟု အဆိုပါပွဲများကိုပြုလုပ်ပေးသော MM Otaku မှ တာဝန်ရှိသူကို လင်းအောင်ကျော်ကပြောသည်။

‘‘မြန်မာကို ၂၀၁၂ မတ်လ တုန်းက နိုင်ငံခြားက ပညာရှင်တွေလာပြီးတော့ အသိပညာပေးသွား တယ်။ ပထမဆုံး Cosplay Festival ကို အောက်တိုဘာမှ စပြီးတော့လုပ်ဖြစ်တယ်’’ဟု ကို လင်းအောင်ကျော်က မြန်မာနိုင်ငံ သို့ Cosplay ယဉ်ကျေးမှုစတင် တိုးတက်လာခဲ့သည့် အချိန်ကာ လ ကိုပြောပြသည်။

မြန်မာနိုင်ငံတွင် ပြုလုပ် သည့် ပထမဆုံး Cosplay Festival ကို အွန်လိုင်းမှ တစ်ဆင့် ၀ါသနာရှင်များအား ဖိတ်ခေါ် ကျင်းပခဲ့ပြီး အောင်မြင်မှုရရှိခဲ့ကာ လူငယ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း ပွဲစီစဉ်ပေးသော MM Otaku မှတာဝန်ရှိသူကဆို သည်။

ကာတွန်း၊ ဂိမ်းတို့မှ ဇာတ် ကောင်များ။ အထူးသဖြင့် ဂျပန် ဇာတ်ကောင်များကို ပုံစံတူပြုလုပ် ရသောကြောင့် Cosplayer ၏များအတွက် အဓိကလိုအပ်သည့် အရာမှာ အ၀တ်အစားဖြစ်နေ သည်။

အဆိုပါယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် စီးဝင်မှုအားနည်း နေသေးသောကြောင့် အ၀တ်အ စားများကို နိုင်ငံခြားမှ မှာယူရပြီး ၀တ်စုံဒီဇိုင်းချုပ်လုပ်ပေးသော ဒီဇိုင်နာများလည်း ပြည်တွင်း၌ အလွန်နည်းပါးနေသည့် အချက် မှာ Cosplay ၀ါသနာရှင်အတွက် အခက်အခဲတစ်ခုဖြစ်နေပြန် သည်။

‘‘များသောအားဖြင့် နိုင်ငံ ခြားက လှမ်းမှာရတယ်။ အဲဒီမှာ ဘာဖြစ်လဲဆို လှမ်းမှာထားတဲ့ အ၀တ်အစားက မရသေးဘူး။ ဒီ မှာပွဲရက်ကနီးနေပြီ။ အဲဒီအခက် အခဲတွေရှိတယ်။ ပြီးတော့ဒီမှာက Cosplay တွေအတွက် အ၀တ်အ စားချုပ်ပေးတဲ့ ဒီဇိုင်နာက သုံး၊ လေးယောက်လောက်ပဲရှိသေး တယ်’’ဟု မြန်မာ Cosplayer တစ်ဦးဖြစ်သည့် ဉာဏ်လင်းအောင် (Sai Lay)ကပြောသည်။

ထို့အပြင် Cosplay များပြု လုပ်ကြသော လူငယ်များသည်  မိမိတို့၏ ကိုယ်ပိုင်တီထွင်ဆန်း သစ်မှုများကို အများရှေ့ထုတ် ဖော်ပြသနိုင်ပြန်သေးသည်။

‘‘ဒီမှာက Cosplay အတွက် အသုံးအဆောင်တွေက သိပ်မရှိ တော့ တချို့ဆိုရင် ဆံပင်တွေကို လိုချင်တဲ့အရောင်ရဖို့အတွက် ယုဇနပလာဇာမှာလိုက်ရှာပြီးရင် လိုချင်တဲ့ပုံစံကို ပုံသွင်းရတယ်။ နောက်ပြီးတော့ လက်နက်တွေ ဆိုရင်လည်း ကိုယ်တိုင်သစ်သား တွေ ဘာတွေနဲ့လုပ်ရတယ်’’ဟု ဉာဏ်လင်းအောင်ကပြောပြ သည်။

လက်ရှိတွင် မြန်မာ Cosplayer များအတွက် လိုအပ် သော အသုံးအဆောင်များကို နိုင်ငံ ခြားမှ တိုက်ရိုက်မှာယူပေးသည့် ကိုယ်စားလှယ်များရှိပြီး မြန်မာ တွင်လည်း Cosplay ဖက်ရှင်ဆိုင် များတွင်တွင်ကျယ်ကျယ်ရှိလာ စေချင်သည်ဟု ၎င်းကဆိုသည်။

ယင်းတို့ Cosplay များပြု လုပ်ရခြင်းသည် သူငယ်ချင်းများ နှင့်င့် ပြုလုပ်ရသောကြောင့် ပျော် စရာကောင်းပြီး မိမိတို့ကြိုက်နှစ် သက်သော ဇာတ်ကောင်များအ တိုင်း အပြင်မှာ ၀တ်စားနိုင်အောင် တီထွင်ဝတ်ရသောကြောင့် အခက်အခဲများစွာရှိသော်လည်း Cosplay ပြုလုပ်ရခြင်းကို ခုံမင် သည်ဟု Naruto Cosplay ဉာဏ် လင်းအောင်ကပြောသည်။

‘‘ရုပ်ရှင်တွေ၊ ဇာတ်ကား တွေကို ကြည့်ရင်းနဲ့ သူတို့ပုံစံအ တိုင်းလိုက်လုပ်ချင်တာက ထုံးစံပဲ။ Cosplay ကလည်း ဒီလိုပဲဇာတ် ကောင်တွေအတိုင်းပုံစံတူလိုက် လုပ်ရာတာလေ ပျော်ဖို့ကောင်း တာပေါ့’’ဟု မြန်မာ Cosplayer တစ်ဦးကဆိုသည်။

Cosplay အမျိုးအစားများ စွာရှိပြီး များသောအားဖြင့် ဂျပန် ဇာတ်ကောင်များကို ပြုလုပ်ကြ ပေသည်။ ထို့အပြင်ဂိမ်းများဖြစ် သည့် Dota၊ Legue of Legends စသည်တို့မှ ဇာတ်ကောင်များ၊ ဟောလိဝုဒ်တွင် အောင်မြင်ကျော် ကြားသော စူပါဟီးရိုးဇာတ် ကောင်များထဲမှ မိမိတို့စိတ်ကြိုက် ရွေးချယ်ပြီး စိတ်ကူးဉာဏ်ရှိသလို အကောင်းဆုံးစီမံဆောင်ရွက်ကြ လေသည်။

‘‘Cosplay တွေကို အစော ကြီးကတည်းက အဲဒီလိုလုပ်ပေး သင့်တယ်။ အဲဒါရှိသင့်တယ်၊ အားပေးတယ်။ ဂိမ်းတို့၊ ကာတွန်း တို့ထဲက ဇာတ်ကောင်တွေကို အ ပြင်မှာ လုပ်ဖို့ကမလွယ်ဘူး။ ၀င် ပြိုင်တဲ့သူတွေကို လေးစားတယ်’’ ဟု Gamer တစ်ဦးဖြစ်သော ကိုလျှမ်းလျှမ်းအောင်က သူ၏ အမြင်ကို ပြောပြသည်။

ဂျပန်ကာတွန်းများကို  ကြိုက်နှစ်သက်ပြီး Gamer တစ်ဦးဖြစ် သည့် ကိုလျှမ်းလျှမ်းအောင်က Cosplay များနောက်ဆုံးပြသခဲ့ သော သုဝဏ္ဏအားကစားရုံ၌ ကျင်းပခဲ့သည့် Gaming Festival ပွဲတွင် Dota 2 Windrunner ဇာတ်ကောင်နှင့် league of Legends မှ Ahri ဇာတ်ကောင်တို့ ကို Cosplay ပြုလုပ်ခဲ့သူများကို ကြိုက်နှစ်သက်ပြီး အနီးစပ်ဆုံးတူ အောင်ပြုလုပ်နိုင်ခဲ့သည်ဟုဆိုပါ သည်။

Cosplay Festival ပွဲတော် ကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပြုလုပ်သွားရန်ရှိပြီး လက်ရှိတွင်  ၂ နှစ်ကျော်ကာလအတွင်း MM Otaku မှ ကြီးမှူးကျင်းပသော Myanmar Cosplay Festival ကို သုံးပွဲအထိ ပြုလုပ်ကျင်းပပြီး ဖြစ်ကြောင်း သိရသည်။

MM Otaku ၏အဓိကရည် ရွယ်ချက်သည် မြန်မာနိုင်ငံတွင် Cosplay ကျယ်ပြန့်လာစေရန်နှင့် မြန်မာ-ဂျပန်ချစ်ကြည်ရေးအ တွက် ရည်ရွယ်ကြောင်းလည်း သိ ရသည်။

Cosplayer များကို ယခင် ၎င်းတို့၏ ပွဲတော်နေ့များ၌သာ မြင်တွေ့ရပြီးနောက်ပိုင်းတွင် အခြားသော ပွဲများဖြစ်သည့် ထုတ်ကုန်ပစ္စည်းပြပွဲများ၊ ဂိမ်းပြိုင်ပွဲ များတွင် ပွဲစီစဉ်သူများက ၎င်းတို့ ကို ဖိတ်ကြားပြီး ဖျော်ဖြေရေးအစီ အစဉ်များ ထည့်သွင်းလာသော ကြောင့် Cosplay တို့၏ အခန်း ကဏ္ဍသည် ပိုမိုကျယ်ပြန့်လာလေသည်။

မြန်မာနိုင်ငံတွင် Cosplay ယဉ်ကျေးမှုမှာ ၂ နှစ်ကျော်သာရှိ သေးသော်လည်း လက်ရှိတွင် ပွဲ များပြုလုပ်ပေးသော MM Otaku အဖွဲ့တွင် Cosplay ၀ါသ နာရှင်အဖွဲ့ဝင်ပေါင်း ခြောက် ထောင်ကျော်ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံး ၂၀၁၄ သြဂုတ်လပြု လုပ်ခဲ့သော 3rd Myanmar Cosplay Festival တွင် ပါဝင်ယှဉ် ပြိုင်သူ ၁၀၀ ကျော် အထိရှိခဲ့သည်ဟု သိရသည်။

ယင်းအချက်အလက်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ တွင် Cosplay ကို စိတ်ဝင်စား သော လူငယ်တွေများပြားနေပြီ ဆိုသော အချက်ပင်ဖြစ်သည်။

‘‘Cosplay လုပ်တာတွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာက သူတို့တွေကို မြန်မာယဉ်ကျေးမှု ကို ဖျက်ဆီးတယ်လို့ မမြင်ဘဲ အန် တာတိန်းမန့်တစ်ခုအနေနဲ့ မြင့် ပေးပါလို့ တောင်းဆိုချင်ပါတယ်’’ ဟု MM Otaku မှ ကိုလင်းကျော် က Cosplay လူငယ်များ၏ ကိုယ် စားပြောသည်။

ယင်းသို့ မိမိတို့စိတ်စွဲလမ်း နှစ်သက်သည့် ကာတွန်း၊ ဇာတ် ကောင်များကို လက်တွေ့ဘ၀ တွင် အကောင်အထည်ဖော်နိုင် သည့် Cosplay ယဉ်ကျေးမှုသည် မြန်မာလူငယ်များကြား နေရာ တစ်ခုရလာပြီး စိတ်ပါဝင်စား သော လူငယ်မည်သူမဆို ပါဝင် နိုင်ကြောင်း ပျူပျူငှာငှာဖိတ်ခေါ် ပါသည်ဟု မြန်မာ Cosplayer တစ်ဦးကဆိုသည်။

‘‘စိတ်ဝင်စားတဲ့ သူအားလုံး ကို Welcome ပါ။ ဘာလို့လဲ ဆို ဒီဟာက သူငယ်ချင်းတွေ များလေ ပျော်စရာကောင်းလေပါ။ ဒါပေ မဲ့ Cosplay လုပ်မယ့်သူ ကိုယ် လုပ်မဲ့ ဇာတ်ကောင်အထူးသဖြင့် ဂျပန်ဇာတ်လမ်းတွေပေါ့။ ဒါတွေ ကိုသိထားဖို့တော့လိုမယ်’’ဟု ၎င်းကပြောသည်။

အသေအချာပြောနိုင်သည့်  အချက်မှာ မြန်မာ Cosplay လူ ငယ်များကတော့ ဒီဇင်ဘာတွင် ပြုလုပ်မည့် 4st Myanmar Cosplay Festival ကိုစောင့် မျှော်နေသည်မှာ အမှန်ပင်ဖြစ်နေ ပါသည်။

ထို့ကြောင့်ဒီဇင်ဘာတွင် မြန်မာ Cosplayတို့၏ ထူးခြား သော တင်ဆက်မှု၊ အလှပဆုံး သော တီထွင်ပြသမှု၊ ပြောင် မြောက်သော ပါဖောမန့်များနှင့် ၎င်းတို့ကြိုက်နှစ်သက်သည့်ဇာတ် ကောင်များ အလိုက်ပြသကြပေ ဦးမည်။

7Day DAILY 

ဓာတ်ပုံ−Sein Tun Photography
ဓာတ်ပုံ−Sein Tun Photography
သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီးထဲမှာ ဆယ်ကျော်သက် လူငယ်တွေ အများအပြားကို ပုံစံမျိုးစုံဖြင့် တွေ့ ရ သည်။ ယင်းတို့ တွင် ထူးထူးခြားခြားဆင်ယင်ခြယ်သထားသော လူငယ်များက ဟိုတစ်စု၊ ဒီတစ်စု။ တချို့က ၎င်းတို့၏ မျက်နှာကိုလှပအောင် ပြင်ဆင်ထားပြီး ဂျပန်အရုပ်ကလေးတစ်ရုပ်သဖွယ် ၀တ်စားထား သည်။ မိန်းက လေးငယ်တစ်ဦးကမူ ခန္ဓာကိုယ်တွင်သွေးများ ပေကျံနေပြီး မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် သဏ္ဌာန်ပြင်ဆင်ခြယ်သ ထားသည်။
အလားတူထူးဆန်းသော ဓားကြီးများကို ကိုင်ဆောင်ထားသူများ၊ ၀တ်ရုံရှည်ကြီးများကို ခြုံထားသူများအပြင် Iron Man ၀တ်စုံနှင့် အခြားစက်ရုပ်ဇာတ်ကောင်များ၏ အသွင်အပြင် ၀တ်ဆင်ထားသူများလည်း ရှိနေ သည်။

ရုတ်တရက်ကြည့်ပါက အဆိုပါအားကစားရုံထဲတွင် ကမ္ဘာကျော်ဇာတ်ကားများ၊ ဂိမ်းများ၊ ကာတွန်းများမှ ဇာတ်ကောင်များ အပြင်လောကသို့ ရောက်နေသဖွယ် ထင်မိပါလိမ့်မည်။

ယင်းမှာ စက်တင်ဘာ ၆ ရက်က သုဝဏ္ဏအားကစားရုံတွင် ကျင်းပသော ဂိမ်းပြိုင်ပွဲတစ်ခု၌ Cosplay ဟုခေါ်သော နာမည် ကျော်ဇာတ်ကောင်များ Dota ဂိမ်းမှ ဇာတ်ကောင်များအသွင်ဖြင့် ၀တ်စားထားသူ တို့၏ ဖျော်ဖြေပွဲဖြစ်နေသည်။

နိုင်ငံတကာတွင် ယင်းသို့ တင်ဆက်ဖျော်ဖြေသည့် Cosplay Festival များက တွင်တွင်ကျယ်ကျယ် ရှိနေ ခဲ့ပြီး မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်တွင် ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သည်ဟု အဆိုပါ ပွဲများကိုပြုလုပ်ပေးသော MM Otaku မှ တာဝန်ရှိသူကို လင်းအောင်ကျော်ကပြောသည်။

‘‘မြန်မာကို ၂၀၁၂ မတ်လ တုန်းက နိုင်ငံခြားက ပညာရှင်တွေလာပြီးတော့ အသိပညာပေးသွား တယ်။ ပထမဆုံး Cosplay Festival ကို အောက်တိုဘာမှ စပြီးတော့လုပ်ဖြစ်တယ်’’ဟု ကို လင်းအောင်ကျော် က မြန်မာနိုင်ငံ သို့ Cosplay ယဉ်ကျေးမှုစတင် တိုးတက်လာခဲ့သည့် အချိန်ကာ လ ကိုပြောပြသည်။

မြန်မာနိုင်ငံတွင် ပြုလုပ် သည့် ပထမဆုံး Cosplay Festival ကို အွန်လိုင်းမှ တစ်ဆင့် ၀ါသနာရှင်များအား ဖိတ်ခေါ် ကျင်းပခဲ့ပြီး အောင်မြင်မှုရရှိခဲ့ကာ လူငယ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း ပွဲစီစဉ်ပေးသော MM Otaku မှတာဝန်ရှိသူကဆို သည်။

ကာတွန်း၊ ဂိမ်းတို့မှ ဇာတ် ကောင်များ။ အထူးသဖြင့် ဂျပန် ဇာတ်ကောင်များကို ပုံစံတူပြုလုပ် ရသောကြောင့် Cosplayer ၏များအတွက် အဓိကလိုအပ်သည့် အရာမှာ အ၀တ်အစားဖြစ်နေ သည်။

အဆိုပါယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် စီးဝင်မှုအားနည်း နေသေးသောကြောင့် အ၀တ်အ စားများ ကို နိုင်ငံခြားမှ မှာယူရပြီး ၀တ်စုံဒီဇိုင်းချုပ်လုပ်ပေးသော ဒီဇိုင်နာများလည်း ပြည်တွင်း၌ အလွန်နည်းပါးနေ သည့် အချက် မှာ Cosplay ၀ါသနာရှင်အတွက် အခက်အခဲတစ်ခုဖြစ်နေပြန် သည်။

‘‘များသောအားဖြင့် နိုင်ငံ ခြားက လှမ်းမှာရတယ်။ အဲဒီမှာ ဘာဖြစ်လဲဆို လှမ်းမှာထားတဲ့ အ၀တ်အစားက မရသေးဘူး။ ဒီ မှာပွဲရက်ကနီးနေပြီ။ အဲဒီအခက် အခဲတွေရှိတယ်။ ပြီးတော့ဒီမှာက Cosplay တွေအတွက် အ၀တ်အ စားချုပ်ပေးတဲ့ ဒီဇိုင်နာက သုံး၊ လေးယောက်လောက်ပဲရှိသေး တယ်’’ဟု မြန်မာ Cosplayer တစ်ဦးဖြစ်သည့် ဉာဏ်လင်းအောင် (Sai Lay)ကပြောသည်။

ထို့အပြင် Cosplay များပြု လုပ်ကြသော လူငယ်များသည်  မိမိတို့၏ ကိုယ်ပိုင်တီထွင်ဆန်း သစ်မှုများကို အများရှေ့ထုတ် ဖော်ပြသနိုင်ပြန်သေးသည်။

‘‘ဒီမှာက Cosplay အတွက် အသုံးအဆောင်တွေက သိပ်မရှိ တော့ တချို့ဆိုရင် ဆံပင်တွေကို လိုချင်တဲ့ အရောင်ရဖို့အတွက် ယုဇနပလာဇာမှာလိုက်ရှာပြီးရင် လိုချင်တဲ့ပုံစံကို ပုံသွင်းရတယ်။ နောက်ပြီးတော့ လက်နက်တွေ ဆိုရင်လည်း ကိုယ်တိုင်သစ်သား တွေ ဘာတွေနဲ့လုပ်ရတယ်’’ဟု ဉာဏ်လင်းအောင် ကပြောပြ သည်။

လက်ရှိတွင် မြန်မာ Cosplayer များအတွက် လိုအပ် သော အသုံးအဆောင်များကို နိုင်ငံ ခြားမှ တိုက်ရိုက် မှာယူပေးသည့် ကိုယ်စားလှယ်များရှိပြီး မြန်မာ တွင်လည်း Cosplay ဖက်ရှင်ဆိုင် များတွင်တွင်ကျယ်ကျယ် ရှိလာ စေချင်သည်ဟု ၎င်းကဆိုသည်။

ယင်းတို့ Cosplay များပြု လုပ်ရခြင်းသည် သူငယ်ချင်းများ နှင့်င့် ပြုလုပ်ရသောကြောင့် ပျော် စရာကောင်းပြီး မိမိတို့ကြိုက်နှစ် သက်သော ဇာတ်ကောင်များအတိုင်း အပြင်မှာ ၀တ်စားနိုင်အောင် တီထွင်ဝတ် ရသောကြောင့် အခက်အခဲများစွာရှိသော်လည်း Cosplay ပြုလုပ်ရခြင်းကို ခုံမင် သည်ဟု Naruto Cosplay ဉာဏ် လင်းအောင်ကပြောသည်။

‘‘ရုပ်ရှင်တွေ၊ ဇာတ်ကား တွေကို ကြည့်ရင်းနဲ့ သူတို့ပုံစံအ တိုင်းလိုက်လုပ်ချင်တာက ထုံးစံပဲ။ Cosplay ကလည်း ဒီလိုပဲဇာတ် ကောင်တွေအတိုင်းပုံစံတူလိုက် လုပ်ရာတာလေ ပျော်ဖို့ကောင်း တာပေါ့’’ဟု မြန်မာ Cosplayer တစ်ဦးကဆိုသည်။

Cosplay အမျိုးအစားများ စွာရှိပြီး များသောအားဖြင့် ဂျပန် ဇာတ်ကောင်များကို ပြုလုပ်ကြ ပေသည်။ ထို့အပြင် ဂိမ်းများဖြစ် သည့် Dota၊ Legue of Legends စသည်တို့မှ ဇာတ်ကောင် များ၊ ဟောလိဝုဒ် တွင် အောင်မြင်ကျော် ကြားသော စူပါဟီးရိုးဇာတ် ကောင်များထဲမှ မိမိတို့စိတ်ကြိုက် ရွေးချယ်ပြီး စိတ်ကူး ဉာဏ်ရှိသလို အကောင်းဆုံးစီမံဆောင်ရွက်ကြ လေသည်။

‘‘Cosplay တွေကို အစော ကြီးကတည်းက အဲဒီလိုလုပ်ပေး သင့်တယ်။ အဲဒါရှိသင့်တယ်၊ အားပေးတယ်။ ဂိမ်းတို့၊ ကာတွန်း တို့ထဲက ဇာတ်ကောင်တွေကို အ ပြင်မှာ လုပ်ဖို့ကမလွယ်ဘူး။ ၀င် ပြိုင်တဲ့သူတွေ ကို လေးစား တယ်’’ ဟု Gamer တစ်ဦးဖြစ်သော ကိုလျှမ်းလျှမ်းအောင်က သူ၏ အမြင်ကို ပြောပြသည်။

ဂျပန်ကာတွန်းများကို  ကြိုက်နှစ်သက်ပြီး Gamer တစ်ဦးဖြစ် သည့် ကိုလျှမ်းလျှမ်းအောင်က Cosplay များနောက်ဆုံးပြသခဲ့ သော သုဝဏ္ဏအားကစားရုံ၌ ကျင်းပခဲ့သည့် Gaming Festival ပွဲတွင် Dota 2 Windrunner ဇာတ်ကောင်နှင့် league of Legends မှ Ahri ဇာတ်ကောင်တို့ ကို Cosplay ပြုလုပ်ခဲ့သူ များကို ကြိုက်နှစ်သက်ပြီး အနီးစပ်ဆုံးတူ အောင်ပြုလုပ်နိုင်ခဲ့သည်ဟုဆိုပါ သည်။

Cosplay Festival ပွဲတော် ကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပြုလုပ်သွားရန်ရှိပြီး လက်ရှိတွင်  ၂ နှစ်ကျော် ကာလ အတွင်း MM Otaku မှ ကြီးမှူးကျင်းပသော Myanmar Cosplay Festival ကို သုံးပွဲအထိ ပြုလုပ် ကျင်းပပြီး ဖြစ်ကြောင်း သိရသည်။

MM Otaku ၏အဓိကရည် ရွယ်ချက်သည် မြန်မာနိုင်ငံတွင် Cosplay ကျယ်ပြန့်လာစေရန်နှင့် မြန်မာ-ဂျပန်ချစ်ကြည်ရေးအ တွက် ရည်ရွယ်ကြောင်းလည်း သိ ရသည်။

Cosplayer များကို ယခင် ၎င်းတို့၏ ပွဲတော်နေ့များ၌သာ မြင်တွေ့ရပြီးနောက်ပိုင်းတွင် အခြားသော ပွဲများဖြစ်သည့် ထုတ်ကုန်ပစ္စည်းပြပွဲများ၊ ဂိမ်းပြိုင်ပွဲများတွင် ပွဲစီစဉ်သူများက ၎င်းတို့ကို ဖိတ်ကြား ပြီး ဖျော်ဖြေရေး အစီ အစဉ်များ ထည့်သွင်းလာသော ကြောင့် Cosplay တို့၏ အခန်း ကဏ္ဍသည် ပိုမို ကျယ်ပြန့်လာလေသည်။

မြန်မာနိုင်ငံတွင် Cosplay ယဉ်ကျေးမှုမှာ ၂ နှစ်ကျော်သာရှိ သေးသော်လည်း လက်ရှိတွင် ပွဲ များပြု လုပ်ပေးသော MM Otaku အဖွဲ့တွင် Cosplay ၀ါသ နာရှင်အဖွဲ့ ၀င်ပေါင်း ခြောက် ထောင်ကျော် ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံး ၂၀၁၄ သြဂုတ်လပြု လုပ်ခဲ့သော 3rd Myanmar Cosplay Festival တွင် ပါဝင် ယှဉ် ပြိုင်သူ ၁၀၀ ကျော် အထိရှိခဲ့သည်ဟု သိရသည်။

ယင်းအချက်အလက်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ တွင် Cosplay ကို စိတ်ဝင်စား သော လူငယ်တွေ များပြားနေပြီ ဆိုသော အချက်ပင်ဖြစ်သည်။

‘‘Cosplay လုပ်တာတွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာက သူတို့တွေကို မြန်မာယဉ်ကျေးမှု ကို ဖျက်ဆီး တယ်လို့ မမြင်ဘဲ အန် တာတိန်းမန့်တစ်ခုအနေနဲ့ မြင့် ပေးပါလို့ တောင်းဆိုချင်ပါတယ်’’ ဟု MM Otaku မှ ကိုလင်းကျော် က Cosplay လူငယ်များ၏ ကိုယ် စားပြောသည်။

ယင်းသို့ မိမိတို့စိတ်စွဲလမ်း နှစ်သက်သည့် ကာတွန်း၊ ဇာတ် ကောင်များကို လက်တွေ့ဘ၀ တွင် အကောင် အထည်ဖော်နိုင် သည့် Cosplay ယဉ်ကျေးမှုသည် မြန်မာလူငယ်များကြား နေရာ တစ်ခုရလာပြီး စိတ်ပါ ၀င်စား သော လူငယ်မည်သူမဆို ပါဝင် နိုင်ကြောင်း ပျူပျူငှာငှာဖိတ်ခေါ် ပါသည်ဟု မြန်မာ Cosplayer တစ်ဦးက ဆိုသည်။

‘‘စိတ်ဝင်စားတဲ့ သူအားလုံး ကို Welcome ပါ။ ဘာလို့လဲ ဆို ဒီဟာက သူငယ်ချင်းတွေ များလေ ပျော် စရာကောင်းလေပါ။ ဒါပေ မဲ့ Cosplay လုပ်မယ့်သူ ကိုယ် လုပ်မဲ့ ဇာတ်ကောင်အထူးသဖြင့် ဂျပန်ဇာတ် လမ်းတွေပေါ့။ ဒါတွေ ကိုသိထားဖို့တော့လိုမယ်’’ဟု ၎င်းကပြောသည်။

အသေအချာပြောနိုင်သည့်  အချက်မှာ မြန်မာ Cosplay လူ ငယ်များကတော့ ဒီဇင်ဘာတွင် ပြုလုပ်မည့် 4st Myanmar Cosplay Festival ကိုစောင့် မျှော်နေသည်မှာ အမှန်ပင်ဖြစ်နေ ပါသည်။

ထို့ကြောင့်ဒီဇင်ဘာတွင် မြန်မာ Cosplayတို့၏ ထူးခြား သော တင်ဆက်မှု၊ အလှပဆုံး သော တီထွင်ပြသ မှု၊ ပြောင် မြောက်သော ပါဖောမန့်များနှင့် ၎င်းတို့ကြိုက်နှစ်သက်သည့်ဇာတ် ကောင်များ အလိုက်ပြသကြပေ ဦးမည်။

7Day DAILY

No comments:

Post a Comment