Friday 12 September 2014

တရုတ်နိုင်ငံသို့ ငါးမြစ်ချင်းခေါင်း တင်ပို့မည်

တရုတ်နိုင်ငံသို့ ငါးမြစ် ချင်းခေါင်းများ တင်ပို့ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံမြို့ေ တာ် ဘေ ဂျင်းတွင် ကျင်းပနေသော ဘေ ဂျင်းနိုင်ငံတကာကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပြည်ပ တင်ပို့သူ လုပ်ငန်းရှင်များက ငါး ခေါင်းများရောင်းချနိုင်မည့် ဈေး ကွက်သစ်ရှာဖွေရာ လူဦးရေသန်း ၈၀ ခန့်နေထိုင်သည့် ဆီချွမ်ပြည်နယ်သို့ တင်ပို့တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ ငါးခေါင်းဈေးကွက် ရရှိလာသော ဒေါက်တာမြင့်စိန်က ပြောသည်။
‘‘ကျွန်တော်တို့ဆီမှာ ငါးခြစ်လုပ်တဲ့ ငါးမြစ်ချင်းက ၂၅ ကျပ် သား၊ ၃၀ သားလောက်ပဲရှိတော့ စားလို့မကောင်းဘူး။ မွေးတဲ့လူ လည်း ရှုံး၊ ငါးခေါင်းတွေလည်း ကြက်စာ၊ ဘဲစာပဲ ဖြစ်နေတယ်။ ၄၀ သား၊ ၅၀သားလောက်အ ကောင်တွေရဲ့ ခေါင်းတွေဆို အ ဆင်ပြေတယ်’’ဟု ၎င်းက ပြောကြားသည်။

ထိုသို့ ငါးမြစ်ချင်း ခေါင်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ ငါးမွေးကန်စပ်တွင် ဆယ်ယူပြီးပြီးချင်း ငါးအရှင် ၏ ခေါင်းကို ကုပ်သားနှင့် ရေယက်ပါအောင် ခုတ်ကာ ရေခဲရိုက်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ကြော င်း သတင်းရရှိ သည်။

မြန်မာ့ ရေထွက်ကုန်များ ဈေးကွက်ကျယ်ပြန့်ရန်နှင့် ရေ ထွက်ကုန်မျိုးစုံ ရောင်းချနိုင် ရန် နိုင်ငံ တကာ ရေထွက်ကုန်ပြပွဲများသို့ ပြည်ပနိုင်ငံများတွင် ဆက်တိုက်ပြသနေရာ ငါးခေါင်းကို အမည်သစ် အဖြစ် ဈေးကွက်ရရှိနိုင်ရန် ကြိုးစားခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ သြဂုတ် ၁၆ ရက်မှ ၁၈ ရက်အထိ ပြုလုပ်သည့် နိုင်ငံ တကာကုန် စည် ပြ ပွဲဖြစ်သော ဘေဂျင်းအင်တာနေ ရှင်နယ်ထရိတ်ဖဲ ၂၀၁၄ တွင် ကဏန်း၊ ပုစွန်၊ ငါးရှဥ့်နှင့် ပင်လယ်ငါး စသည့် မြန်မာ့ရေထွက်ကုန် ပစ္စည်းများအပြင် ငါးခေါင်းများ လည်း ပြသခဲ့သည်။

တရုတ်နိုင်ငံ ဈေးကွက်သို့ ငါးခေါင်းများကို ရေထွက်ကုန်အ မည်သစ်အဖြစ် တင်ပို့နိုင်ပါက ငါးအသား လွှာခြစ်ရာ၌ ဘေးထွက် ပစ္စည်းဖြစ်ပြီး တိရစ္ဆာန်အစာအ ဖြစ် အသုံးပြုနေရာမှ နိုင်ငံခြား ၀င် ငွေရရှိလာတော့ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန် များ ပြည်ပတင်ပို့မှုမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၇၀၀ လျာထားခဲ့ရာ အမေရိကန်ဒေါ်လာ ၅၃၆ သန်းရ ရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ပတင်ပို့မှုနှင့် အရည်အသွေး စစ်ဆေးရေးဌာန၏ စာရင်းဇယား များအရ သိရှိရသည်။

7Day DAILY

No comments:

Post a Comment