Friday 12 September 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သော ရေငုပ် အဖွဲ့ခေါင်းဆောင်က ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ သင်္ဘောပျက် တစ်စီးသာတွေ့ရှိကြောင်း ပြောကြား

Photo: ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သော ရေငုပ် အဖွဲ့ခေါင်းဆောင်က ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ သင်္ဘောပျက် တစ်စီးသာတွေ့ရှိကြောင်း ပြောကြား
Friday, September 12, 2014 

ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက် တစ်စီးသာ တွေ့ရှိကြောင်း၊ လက်ရှိ သဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည် မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိတို့သည် ဆလုံလူမျိုး များ မဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်း က ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြားခဲ့သည်။
 
“အဘထက်ကြီးတဲ့သူ တစ်ယောက်ရှိသေးတယ်။ စံလင်းဆိုတဲ့လူ။ အဘက ရေ ငုပ်ခေါင်းဆောင်၊ ထားဝယ်သား ကော့သောင်းမှာလာပြီး အိမ်ထောင်ကျတယ်။ ရှစ်လပိုင်း တစ်ရက်နေ့မှာ သွားတယ်။ လုပ်ငန်းစတာက ရှစ်ရက်နေ့မှာ စတယ်။ ဘုရားအနေကဇာတင်ပြီးတာနဲ့ ညနေပိုင်းမှာ နှစ်ယောက်တစ်ခါနဲ့ လေးယောက် ငုပ်လိုက်တယ်။ ကျန်တဲ့ ရက်တိုင်းလည်း အဲ့ဒီလိုပုံစံပဲ ငုပ်တယ်။ ရှစ်ယောက် အလှည့်နဲ့ နှစ်ယောက်စီ နှစ်ယောက်စီ ငုပ်တယ်။ ရေက သုံးလံ လေးလံလောက် ပဲ ရှိတယ်။ နုံးက ဒူးလောက်ရှိတယ်။ နုံးပြင်ကြီးပဲ။ မီးပြမီးစိမ်းထွန်းထားတဲ့ အဲဒီနား တဝိုက်မှာပဲ ငုတ်တယ်။ နောက်ထပ် နည်းနည်းငုပ်ပြီးမှ သင်္ဘောပျက် တစ်စီး ဒါပဲတွေ့တယ်။ ခန့်မှန်းခြေ တစ်ပတ်လောက်မှာ သင်္ဘောပျက်တွေ့ တယ်။ ပြန်ရောက်တာ အခုဆိုခြောက်ရက်လောက်ရှိပြီ”ဟု ပြောကြားသည်။
 
ဆက်လက်ပြောကြားသည်မှာ “ဦးစံလင်း က သင်္ဘောထဲမှာပဲ ရှိနေတယ်။ ဦးစံလင်းက သင်္ဘောနားကို သွားခွင့်မပေး။ သင်္ဘောနားကို သွားမယ်ဆိုရင် မင်းတို့နဂါးကိုက်လိမ့်မယ်လို့ ပြောနေတယ်။ အဲဒီပုံစံမျိုးနဲ့ သွားလို့ မရဲဘူးဖြစ်နေ တယ်။ သင်္ဘောပျက်တော့ ကျွန်တော်တို့ ဘော်ယာတစ်လုံးချပြီးတော့ ချီထားလိုက်တယ်။ အခုထပ်ထိ မယ်မယ်ရရဆိုရင် ဘာမှမတွေ့ရသေး ပါ။ ခေါင်းလောင်းနဲ့ပတ်သက်ရင် ဘာလဲမတွေ့ရသေးပါ။ သောင်တူးစက် ဟိုနားသည်နားမှာ တဝိုက်ပဲ ငုပ်ရတယ်။ ကျန်တဲ့နေရာ ဘယ်နားမှာမှ ငုပ်ခွင့်မရ။ ရေငုပ်ရက် ၂၇ ကျော်တယ်။ ခေါင်းလောင်းနဲပတ်သက်ပြီး ဘာမှလည်း မတွေ့ရ။ သောင်တူးစက်က အောက်ကို ၁၅ ပေလောက်အနက် စုပ်ချလိုက်တယ်။ တွေ့လိုတွေ့ငြားပေါ့လေ။ ရမ်းပြီးတော့ စုပ်တယ်။ ဒီမှာလည်း ဘာမှ မတွေ့ရ။ မြေကြီးထဲမြုပ်နေတဲ့ ကျွန်းသား တစ်ပိုင်းတော့ တွေ့ တယ်။ တွေ့လိုတွေ့ငြားသာ စုပ်နေတာ။ ဆယ့်ငါးပေလောက်အောက် က မြေကတအားစေးတယ်။ ဦးစံလင်းပြောတဲ့နေရာမှာ လိုက်စုပ်ရ တယ်”ဟု ပြောကြားသည်။
 
အဆိုပါ ရေငုပ်သမားများ ပြန်လာသည်မှာ မိမိတို့၏လူမှုရေး၊ ကျန်းမာရေး အခြေ အနေကြောင့်သာ ပြန်လာခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် အဖြစ် လေးဦးပြန် လာ ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ တစ်ဦးပြန်လာကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖုန်းများပိတ်ထားရကာ ဖုန်းပြောခွင့်မပေးကြောင်း၊ ကျန်သုံးဦးမှာ မကြာခင်ပြန် လာ မည်ဖြစ်ကြောင်း၊ ဦးစံလင်းမှာ ဗညားလတ်သင်္ဘော၏ ဘုရားခန်းတွင် ရှိကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည်မှာ ကုသိုလ်ပြုအဖြစ် အခမဲ့ကူညီခဲ့ကြောင်း၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်ရေး များကို စီစဉ်ပေးကြောင်း၊ ယနေ့အချိန် အထိ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက် တစ်စီး သာတွေ့ကြောင်း၊ တွေ့ရှိသော သဘောင်္ပျက်မှာ ခေါင်းလောင်းကြီး အပေါ်တွင်ရှိသော သဘောင်္မဟုတ်ကြောင်းနှင့် ရေငုပ် သူများမှာ မိမိ၏ မိသားစုဝင်ဆွေမျိုးသားချင်းများသာဖြစ်ပြီး ထားဝယ်သားများသာဖြစ်သည်ဟု ဆိုသည်။        

Eleven Media Group 

ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာ တွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ်
ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာ တွင် ကိုယ်တိုင်ရေငုပ်ရှာဖွေ ခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ်
ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ ရှိကြော င်း ၊ လက်ရှိသဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြော င်းနှင့် မိမိတို့သည် ဆလုံလူမျိုး များ မဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်း က ကော့သော င်းမြို့ ရွှေပြည်သာ ရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြား ခဲ့သည်။
“အဘထက်ကြီးတဲ့သူ တစ်ယောက်ရှိသေးတယ်။ စံလင်းဆိုတဲ့လူ။ အဘက ရေ ငုပ်ခေါင်းဆောင်၊ ထားဝယ်သား ကော့သောင်းမှာလာပြီး အိမ်ထောင်ကျတယ်။ ရှစ်လပိုင်း တစ်ရက်နေ့မှာ သွားတယ်။ လုပ်ငန်း စတာက ရှစ်ရက်နေ့မှာ စတယ်။ ဘုရားအနေကဇာတင်ပြီးတာနဲ့ ညနေပိုင်းမှာ နှစ်ယောက် တစ်ခါနဲ့ လေးယောက် ငုပ်လိုက်တယ်။ ကျန်တဲ့ ရက်တိုင်းလည်း အဲ့ဒီလိုပုံစံပဲ ငုပ်တယ်။ ရှစ်ယောက် အလှည့်နဲ့ နှစ်ယောက်စီ နှစ်ယောက်စီ ငုပ်တယ်။ ရေက သုံးလံ လေးလံလောက် ပဲ ရှိတယ်။ နုံးက ဒူးလောက်ရှိတယ်။ နုံးပြင်ကြီးပဲ။ မီးပြမီးစိမ်းထွန်းထားတဲ့ အဲဒီနား တဝိုက်မှာပဲ ငုတ်တယ်။ နောက်ထပ် နည်းနည်းငုပ်ပြီးမှ သင်္ဘောပျက် တစ်စီး ဒါပဲတွေ့တယ်။ ခန့်မှန်းခြေ တစ်ပတ်လောက်မှာ သင်္ဘောပျက်တွေ့ တယ်။ ပြန်ရောက်တာ အခုဆိုခြောက်ရက်လောက်ရှိပြီ”ဟု ပြောကြားသည်။

ဆက်လက်ပြောကြားသည်မှာ “ဦးစံလင်း က သင်္ဘောထဲမှာပဲ ရှိနေတယ်။ ဦးစံလင်းက သင်္ဘောနားကို သွား ခွင့်မပေး။ သင်္ဘောနားကို သွားမယ်ဆိုရင် မင်းတို့နဂါးကိုက်လိမ့်မယ်လို့ ပြောနေတယ်။ အဲဒီပုံစံမျိုးနဲ့ သွားလို့ မရဲဘူးဖြစ်နေ တယ်။ သင်္ဘောပျက်တော့ ကျွန်တော်တို့ ဘော်ယာတစ်လုံးချပြီးတော့ ချီထားလိုက်တယ်။ အခုထပ်ထိ မယ်မယ်ရရဆိုရင် ဘာမှမတွေ့ရသေး ပါ။ ခေါင်းလောင်းနဲ့ပတ်သက်ရင် ဘာလဲမတွေ့ရသေးပါ။ သောင်တူးစက် ဟိုနားသည်နားမှာ တဝိုက်ပဲ ငုပ်ရတယ်။ ကျန်တဲ့နေရာ ဘယ်နားမှာမှ ငုပ်ခွင့်မရ။ ရေငုပ်ရက် ၂၇ ကျော်တယ်။ ခေါင်းလောင်းနဲပတ်သက်ပြီး ဘာမှလည်း မတွေ့ရ။ သောင်တူးစက်က အောက်ကို ၁၅ ပေလောက်အနက် စုပ်ချလိုက် တယ်။ တွေ့ လိုတွေ့ငြားပေါ့လေ။ ရမ်းပြီးတော့ စုပ်တယ်။ ဒီမှာလည်း ဘာမှ မတွေ့ရ။ မြေကြီးထဲမြုပ်နေတဲ့ ကျွန်းသား တစ်ပိုင်းတော့ တွေ့ တယ်။ တွေ့လိုတွေ့ငြားသာ စုပ်နေတာ။ ဆယ့်ငါးပေလောက်အောက် က မြေကတအားစေးတယ်။ ဦးစံလင်းပြောတဲ့နေရာမှာ လိုက်စုပ်ရ တယ်”ဟု ပြောကြားသည်။

အဆိုပါ ရေငုပ်သမားများ ပြန်လာသည်မှာ မိမိတို့၏လူမှုရေး၊ ကျန်းမာရေး အခြေ အနေကြောင့် သာ ပြန် လာခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် အဖြစ် လေးဦးပြန် လာ ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ တစ်ဦးပြန် လာကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖုန်းများပိတ်ထားရကာ ဖုန်းပြောခွင့်မပေးကြောင်း၊ ကျန်သုံးဦးမှာ မကြာ ခင်ပြန် လာ မည်ဖြစ်ကြောင်း၊ ဦးစံလင်းမှာ ဗညားလတ်သင်္ဘော၏ ဘုရားခန်းတွင် ရှိကြောင်း၊ မိမိ တို့ဆောင်ရွက်ခဲ့သည်မှာ ကုသိုလ်ပြုအဖြစ် အခမဲ့ကူညီခဲ့ကြောင်း၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်ရေး များ ကို စီစဉ်ပေးကြောင်း၊ ယနေ့အချိန် အထိ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက် တစ်စီး သာတွေ့ကြောင်း၊ တွေ့ရှိသော သဘောင်္ပျက်မှာ ခေါင်းလောင်းကြီး အပေါ်တွင်ရှိသော သဘောင်္ မဟုတ်ကြောင်းနှင့် ရေငုပ် သူများမှာ မိမိ၏ မိသားစုဝင်ဆွေမျိုးသားချင်းများသာဖြစ်ပြီး ထားဝယ်သားများ သာဖြစ် သည်ဟု ဆိုသည်။       

Eleven Media Group

No comments:

Post a Comment