Monday 11 August 2014

တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းရန် ဖိလစ်ပိုင် အဆိုပြုချက် အရေးကြီးသည့် ခြေလှမ်းဟုဆို

Photo: တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းရန် ဖိလစ်ပိုင် အဆိုပြုချက် အရေးကြီးသည့် ခြေလှမ်းဟုဆို
Monday, August 11, 2014 

တောင်တရုတ်ပင်လယ် အငြင်းပွားနေမှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်သုံးဆင့်ပါ စီမံကိန်း (Triple-Action Plan) အဆိုပြုမှုသည် တောင်တရုတ်ပင်လယ် ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးသည့် သံတမန် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း အနောက်တောင် ပစိဖိတ်ဒေသတွင်း ခြောက်နိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ပူးတွဲကြေညာချက်ကို သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်သော သြစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တီမော လက်စ်တေနိုင်ငံ ခြောက်နိုင်ငံ ပါဝင်သည့် ၁၂ ကြိမ်မြောက် အနောက်တောင် ပစိဖိတ်ဒေသတွင်း ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အာဆီယံ-တရုတ် ဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှု ပြဿနာ ဖြေရှင်းရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်သုံးဆင့်ပါ ယင်းစီမံကိန်း အဆိုပြုမှုကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပြီး လက်ရှိ ဆွေးနွေးနေသော နည်းလမ်းနှစ်သွယ်ဖြင့်သာ ဆက်လက် ဆွေးနွေးမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောကြားသည်။
“တောင်တရုတ်ပင်လယ်မှာ ဘာပြဿနာမှ မရှိပါဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ရှိပါတယ်။ တင်းမာမှုတွေ ရှိနေတယ် ဆိုတာကို လက်မခံပါဘူး။ နောက်ပြီးတော့ ပေါ်ပေါ်ထင်ထင် မဟုတ်တဲ့ လှုံ့ဆော်မှုမျိုးတွေကိုလည်း ကြပ်ကြပ်မတ်မတ် စောင့်ကြည့်၊ သတိထားဖို့ တောင်းဆိုပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံ၏ အဆိုတင်မှုကို Mr. Wang Yi က တုံ့ပြန်ပြောဆိုသည်။
အဆင့်သုံးဆင့်ပါ စီမံချက်သည် ခိုင်မာပြီး အပြုသဘောဆောင်သော စီမံချက် ဖြစ်သောကြောင့် ယင်းအဆိုကို တရုတ်နိုင်ငံဘက်က လက်မခံနိုင်ခြင်းသည် ယခင်က သဘောတူလက်မှတ် ထိုးထားသော သဘောတူညီချက်ကို ငြင်းပယ်ခြင်းပင် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Albert Del Rosario က The Wall Street Journal ကို ဖြေကြားထားသည်။
လက်ရှိဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် မည်သည့်ဘက်တွင်မျှ ရှိမနေဘဲ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုသာ မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက Mr. Wang Yi နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ဖြေရှင်းရေး အဆိုပြုချက်နှင့် ပတ်သက်၍ မှတ်တမ်းတင်ထားပေးမည် ဖြစ်ကြောင်း ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကလည်း ပူးတွဲကြေညာချက် ထုတ်ပြန်သည်။
“တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ အာဆီယံ သွားနေတဲ့ မူဘောင်က ရှိပြီးသား၊ ဖြေရှင်းမယ့် Mechanism ဆိုတဲ့ DOC တို့ COC တို့၊ နောက်ပြီးတော့ အခြေခံမူ ခြောက်ချက် ဆိုတာတွေ ရှိပြီးသား။ ဖိလစ်ပိုင်က အခုမှ အသစ် ထပ်တင်တာ၊ ဒါကိုတော့ ဆွေးနွေးခြင်း၊ စဉ်းစားခြင်း မရှိဘဲ မှတ်တမ်း တင်ထားပေးတဲ့ သဘောပါပဲ” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လိုက်နာကျင့်သုံးမှု ကြေညာချက် (DOC) ကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်းသည်သာလျှင် တောင်တရုတ်ပင်လယ် ဒေသ တည်ငြိမ်အေးချမ်းမှုကို မှန်ကန်စွာ ရရှိနိုင်မည် ဖြစ်ကြောင်း Mr. Wang Yi က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ယခု လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွား ခိုင်မာတည်မြဲရေးကို ပြောင်းလဲစေနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
တောင်တရုတ်ပင်လယ်အရေး လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ (DOC) အပြီးသတ်နိုင်ရေးအတွက် ယခုနှစ် စက်တင်ဘာလတွင် တရုတ်-အာဆီယံ အထူးအဆင့်မြင့် အရာရှိ အစည်းအဝေးကို တရုတ်နိုင်ငံတွင် ပြုလုပ်မည့်အပြင် ၈ ကြိမ်မြောက် အဆင့်မြင့်အရာရှိ အစည်းအဝေးနှင့် ၁၂ ကြိမ်မြောက် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ယခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားမည် ဖြစ်သည်။
The Voice Weekly တောင်တရုတ်ပင်လယ် အငြင်းပွားနေမှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်သုံးဆင့်ပါ စီမံကိန်း (Triple-Action Plan) အဆိုပြုမှုသည် တောင်တရုတ်ပင်လယ် ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးသည့် သံတမန် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း အနောက်တောင် ပစိဖိတ်ဒေသတွင်း ခြောက်နိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ပူးတွဲကြေညာချက်ကို သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်သော သြစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တီမော လက်စ်တေနိုင်ငံ ခြောက်နိုင်ငံ ပါဝင်သည့် ၁၂ ကြိမ်မြောက် အနောက်တောင် ပစိဖိတ်ဒေသတွင်း ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အာဆီယံ-တရုတ် ဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှု ပြဿနာ ဖြေရှင်းရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်သုံးဆင့်ပါ ယင်းစီမံကိန်း အဆိုပြုမှုကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပြီး လက်ရှိ ဆွေးနွေးနေသော နည်းလမ်းနှစ်သွယ်ဖြင့်သာ ဆက်လက် ဆွေးနွေးမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောကြားသည်။
“တောင်တရုတ်ပင်လယ်မှာ ဘာပြဿနာမှ မရှိပါဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ရှိပါတယ်။ တင်းမာမှုတွေ ရှိနေတယ် ဆိုတာကို လက်မခံပါဘူး။ နောက်ပြီးတော့ ပေါ်ပေါ်ထင်ထင် မဟုတ်တဲ့ လှုံ့ဆော်မှုမျိုးတွေကိုလည်း ကြပ်ကြပ်မတ်မတ် စောင့်ကြည့်၊ သတိထားဖို့ တောင်းဆိုပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံ၏ အဆိုတင်မှုကို Mr. Wang Yi က တုံ့ပြန်ပြောဆိုသည်။
အဆင့်သုံးဆင့်ပါ စီမံချက်သည် ခိုင်မာပြီး အပြုသဘောဆောင်သော စီမံချက် ဖြစ်သောကြောင့် ယင်းအဆိုကို တရုတ်နိုင်ငံဘက်က လက်မခံနိုင်ခြင်းသည် ယခင်က သဘောတူလက်မှတ် ထိုးထားသော သဘောတူညီချက်ကို ငြင်းပယ်ခြင်းပင် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Albert Del Rosario က The Wall Street Journal ကို ဖြေကြားထားသည်။
လက်ရှိဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် မည်သည့်ဘက်တွင်မျှ ရှိမနေဘဲ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုသာ မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက Mr. Wang Yi နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ဖြေရှင်းရေး အဆိုပြုချက်နှင့် ပတ်သက်၍ မှတ်တမ်းတင်ထားပေးမည် ဖြစ်ကြောင်း ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကလည်း ပူးတွဲကြေညာချက် ထုတ်ပြန်သည်။
“တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ အာဆီယံ သွားနေတဲ့ မူဘောင်က ရှိပြီးသား၊ ဖြေရှင်းမယ့် Mechanism ဆိုတဲ့ DOC တို့ COC တို့၊ နောက်ပြီးတော့ အခြေခံမူ ခြောက်ချက် ဆိုတာတွေ ရှိပြီးသား။ ဖိလစ်ပိုင်က အခုမှ အသစ် ထပ်တင်တာ၊ ဒါကိုတော့ ဆွေးနွေးခြင်း၊ စဉ်းစားခြင်း မရှိဘဲ မှတ်တမ်း တင်ထားပေးတဲ့ သဘောပါပဲ” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လိုက်နာကျင့်သုံးမှု ကြေညာချက် (DOC) ကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်းသည်သာလျှင် တောင်တရုတ်ပင်လယ် ဒေသ တည်ငြိမ်အေးချမ်းမှုကို မှန်ကန်စွာ ရရှိနိုင်မည် ဖြစ်ကြောင်း Mr. Wang Yi က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ယခု လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွား ခိုင်မာတည်မြဲရေးကို ပြောင်းလဲစေနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
တောင်တရုတ်ပင်လယ်အရေး လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ (DOC) အပြီးသတ်နိုင်ရေးအတွက် ယခုနှစ် စက်တင်ဘာလတွင် တရုတ်-အာဆီယံ အထူးအဆင့်မြင့် အရာရှိ အစည်းအဝေးကို တရုတ်နိုင်ငံတွင် ပြုလုပ်မည့်အပြင် ၈ ကြိမ်မြောက် အဆင့်မြင့်အရာရှိ အစည်းအဝေးနှင့် ၁၂ ကြိမ်မြောက် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ယခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားမည် ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment