Monday 11 August 2014

မြန်မာဝန်ထမ်း အမျိုးသမီး တစ်ဦးအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သော တရုတ် နိုင်ငံသားအား အလုပ်မှ ထုတ်ပယ်

ကသာခရိုင် ထီးချိုင့် မြို့နယ် အတွင်းရှိ နီကယ်စက်ရုံ (Myanmar CNICO) ကုမ္ပဏီ တွင် သြဂုတ်လ (၆) ရက်နေ့က တရုတ် အမျိုးသားတစ်ဦးမှ မြန်မာဝန်ထမ်း အမျိုးသမီး တစ်ဦးအား ကိုယ်ထိလက်ရောက် ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူ လုပ်ဆောင် ခဲ့သည့် အတွက် အဆိုပါ တရုတ် အမျိုးသားအား အလုပ်မှ ထုတ်ပယ် လိုက်ကြောင်းကို ထီးချိုင့်မြို့မ ရဲစခန်းမှ သိရသည်။တရုတ် အမျိုးသား Mr. LIAN ZHIZHONG သည် နီးကယ်စက်ရုံ (Myanmar CNICO) ကုမ္ပဏီ မှ ကုန်ကြမ်း ဌာနတွင် အလုပ် လုပ်ကိုင်လျှက်ရှိပြီး အဆိုပါ အမျိုးသမီးနှင့် ဌာန တစ်ခုတည်းတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။မြန်မာ အမျိုးသမီး တစ်ဦးအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခဲ့သည့် တရုတ် အမျိုးသားအား သက်ဆိုင်ရာမှ ခေါ်ယူ စစ်ဆေးခဲ့ပြီး ကာယကံရှင် အမျိုးသမီးမှ စက်ရုံစည်းမျဉ်း အတိုင်း အလုပ်မှ ထုတ်ပယ်ပေးခြင်းနှင့် ၀န်ချ တောင်းပန်ပေးမှ သာလျှင် ကျေနပ်ပါသည်ဟု ပြောဆို ခဲ့သည်။ ထို့ကဲ့သို့ ပြောဆိုမှုကြောင့် သက်ဆိုင်ရာ စက်ရုံ တာဝန်ရှိသူများမှ အဆိုပါ တရုတ်အမျိုးသားအား ကာယကံရှင် ရှေ့မှောက်တွင် ၀န်ချတောင်းပန်မှုများ ပြုလုပ်စေသည့် အပြင် ယခုလ (၈) ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ကာ တရုတ် နိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သက်ဆိုင်ရာ ထီးချိုင့် မြို့မရဲစခန်းမှ တာဝန် ရှိသူများ ပြောပြချက် အရ သိရသည်။
Messenger News Journal

No comments:

Post a Comment