Monday 11 August 2014

ခုနစ်လအတွင်း နိုင်ငံခြားခရီးသွား ၁၅ သိန်းကျော် ၀င်ရောက်၊ ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိထား

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်ထိ နိုင်ငံခြား ခရီးသွား ၁၅ သိန်းကျော် ၀င်ရောက်ခဲ့ပြီး ယင်းကဲ့သို့ ၀င်ရောက်မှုမှ ၀င်ငွေ ကန်ဒေါ်လာ သန်း(၅၀၀) ကျော် ရရှိထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
““ဒီနှစ်တော့ ခရီးသွား ၀င်ရောက်မှုက ခန့်မှန်းထားတာ ထက်ကို ကျော်လွန်သွား နိုင်တယ်၊ အမျိုးသား ၀င်ငွေကလည်း သန်း (၇၅၀) ကျော်လွန်သွား နိုင်တယ်”” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက The Messenger Media သို့ပြောသည်။အဆိုပါ ခရီးသွားများ လေဆိပ်မှ ၀င်ရောက်သူ အများဆုံး ဖြစ်ကာ ကျန်သော သူများမှ နယ်စပ်ဝင်ပေါက် များမှ ၀င်ရောက်ခြင်း ဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေး ပုဂံနှင့် အင်းလေး စသည့် အဓိက ခရီးစဉ်များအား အများဆုံး သွားရောက်ခဲ့ ကြကြောင်း သိရသည်။
ယခုနှစ် အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံ ခြားခရီးသွား ၀င်ရောက်မှု (၃)သန်းထိ ရှိလာ မည်ဟု ခန့်မှန်းထားပြီး ယင်းဝင်ရောက်မှုမှ အမျိုးသား ၀င်ငွေသန်း (၇၅၀)ထိ ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

““အဓိက ဟိုတယ်ကိစ္စပဲ၊ ဘိုကင် ကြိုလုပ်ထား ပေမယ့် တကယ်သွားတော့ အခန်း မရတာတွေ ရှိတယ်။ ဒါတွေ ကိုလည်း ပြင်ဆင် သင့်တယ်””ဟု လုပ်သက် (၁၀)နှစ်ကျော် ရှိသည့် ဂျာမန် ဧည့်လမ်းညွှန် ကိုအောင်ထွန်းလင်းက ဆိုသည်။
နိုင်ငံခြား ခရီးသွား ၀င်ရောက်မှုမှ ရရှိသည့် အမျိုးသား ၀င်ငွေများမှ နိုင်ငံတော် ဘဏ္ဍာငွေ ထဲသို့ လွှဲပြောင်းပေး နေပြီး၊ ၂၀၁၃ခုနှစ် ခရီး သွား (၂)သန်းကျော် ၀င်ရောက်မှုမှ အမျိုးသား ၀င်ငွေ သန်းပေါင်း (၆၈)သန်း ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
Messenger News Journal

No comments:

Post a Comment