Monday 11 August 2014

ဒဂုံနှင့် တွံတေးတွင် အိမ်ခြံမြေအရောင်းအ၀ယ် ကောင်းနေ

 ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်သည် စီမံကိန်းဖော် ဆောင်ဖွယ်ရှိသော ဒဂုံနှင့် တွံ တေးမြို့နယ်တို့တွင် အရောင်း အ၀ယ်ကောင်းနေကြောင်း ပြည် တွင်းအိမ်ခြံမြေ လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။
‘‘ဈေးကွက် တစ်ခုလုံးက တော့ အရောင်းအ၀ယ်ရော၊ အ ငှားရော အကုန်အေးနေတယ်’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န် ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိတွင် အိမ်ခြံမြေဈေး သည် အမြင့်ဆုံးသို့ ရောက်ရှိနေ သဖြင့် အရောင်းအ၀ယ်ပြုလုပ် ရန် ခက်ခဲခြင်း၊ အခွန်စံနှုန်းသတ် မှတ်မှုကြောင့် ရောင်းဝယ်သူများ လက်တွန့်လာခြင်း၊ စက်မှုဇုန်များ တွင်လည်း လုပ်ငန်းမလုပ်ဘဲ မြေ ၀ယ်ထားမှုများကို ဒုသမ္မတ ဦး ဆောင်သော အဖွဲ့က ပြန်သိမ်း၍ မူရင်းတန်ဖိုးအတိုင်းပြန်ပေးမည်ဆိုသည့် သတင်းများကြောင့် အရောင်းအ၀ယ် အေးနေကြောင်း အိမ် ခြံမြေ အကျိုးဆောင်များက ပြော သည်။ ‘‘ပါမစ်မြေကွက်တွေက တော့ အရောင်းအ၀ယ်ရှိနေတယ်’’ ဟု အောင်ဆန်းအားကစားကွင်း ဘေးရှိ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦး က ပြောသည်။

ဒဂုံအရှေ့၊ မြောက်ရှိ အစိုးရပါမစ်မြေကွက်များမှာ ရွာသာကြီးတွင် ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းကြောင့် အလွယ်တကူ ရောင်းဝယ်နေကြသည်။ ထို့အတူ တွံတေးမြို့နယ်တွင်လည်း သဘာဝဓာတ်ငွေ့ စက်ရုံ တည် ဆောက်မည့် စီမံကိန်းကြောင့် လယ်မြေ၊ ဥယျာဉ်ခြံမြေများပါ ၀ယ်ယူနေကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။

တွံတေးမြို့နယ်ရှိ လယ်မြေ တစ်ဧကလျှင် ကျပ်သိန်းငါးဆယ်မှ သိန်းငါးရာ ၀န်းကျင်ထိရှိပြီး ဒဂုံ မြို့နယ်တွင်လည်း ခြံမြေတစ် ကွက်လျှင် ကျပ်သိန်းလေးရာ၊ ငါးရာ ၀န်းကျင်များပင် အရောင်းအ၀ယ်ရှိကြောင်း အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။

7Day News Journal

No comments:

Post a Comment