ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ လျှောက်လွှာတစ်သိန်းကျော်ပြီဟုဆို
လှိုင်သာယာမြို့နယ် ရွှေ လင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံ ကိန်းမှ အခန်းများ
ဝယ်ယူရန် လာရောက် လျှောက်ထားသူ တစ် သိန်းကျော်ရှိကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ရောင်းချ သည့် ဗိုလ်ဗထူးနှင့်
ဗိုလ်မင်း ရောင်အိမ်ရာစီမံကိန်းပြီးနောက် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန မှ ရောင်းချသည့် အဆိုပါရွှေလင် ပန်းအိမ်ရာစီမံကိန်းမှာ လျှောက် ထားသူ အများဆုံး ဖြစ်လာနိုင် သည်။
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းတွင် လျှောက်ထားသူ သောင်းဂဏန်းသာရှိသော်လည်း ယခုရွှေလင်ပန်းအိမ်ရာစီမံကိန်းမှာ လျှောက်ထားသူ တစ်သိန်းကျော်နေပြီဖြစ်သောကြောင့်၁၀ ဆကျော်လျှောက်ထားမှု မြင့်တက်လာခြင်းဖြစ်သည်။
ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် လျှောက်ထားသူ များပြားနေခြင်းမှာ
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်ထက် အခန်းတန်ဖိုး
နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအိမ်ရာစီမံကိန်းများ မဲဖောက်ပေးရန် စီစဉ်နေသူ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
ယခုလာရောက်လျှောက် ထားသည့် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းတွင် ပြင်ပက
လက်လုပ်လက်စားများထက် အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားအရာရှိများက
အများဆုံးဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။
စုစုပေါင်း တိုက် ၂၄ လုံး အခန်းပေါင်း ၅၇၆ ခန်းကို မဲနှိုက်သည့် စနစ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး မဲနှိုက်ခြင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ကျင်းပမည်ဖြစ်ကာ ကျင်းပမည့်ရက်ကို နိုင်ငံပိုင်သတင်းစာများ ၌ ထုတ်ပြန်ကြေညာပေးသွားမည်ဟု သိရသည်။
မဲပေါက်သူအား ရောင်းချမှုစနစ်ကို အရစ်ကျစနစ်နှင့် ဘဏ်ချေးငွေစနစ်ဟူ၍
နှစ်မျိုးနှစ် စားရောင်းချပေးမည်ဖြစ်ပြီး မြို့ ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန နှင့် စာချုပ်ချုပ်ဆိုသွားရမည်ဖြစ် သည်။
7Day News Journal
No comments:
Post a Comment