Monday 11 August 2014

ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် စူပါမွန်း ဖြစ်စဉ် အန္တရာယ်ကင်းရေး ပရိတ်များရွတ်

စူပါမွန်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီး၊ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုကာ နေပြည်တော်ကောင်စီ နယ်မြေအပါအ၀င် ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များ သြဂုတ် ၁၀ ရက် မတိုင်မီ သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရား နာယူ ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားစာ ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က သြဂုတ် ၅ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် မရောက်မီ သင့်လျော် သည့် ရက်ရာဇာနေ့ကို ရွေးချယ် ကာ သံဃာတော် ၉ ပါး(သို့) ၁၀၅ ပါး ပင့်ဖိတ်၍ တစ်ရက်(သို့) နှစ်ရက် ပရိတ်ရွတ်ခြင်း၊ ဆွမ်းဆပ် ကပ်ခြင်းများ ပြုလုပ်ရမည်ဟု ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကြောင့် ရေဘေးရင်ဆိုင်နေရသည့် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးဌာနအားလုံး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။


‘‘ဘုန်းကြီးတွေပင့်ပြီး မနေ့ က ပရိတ်ရွတ်ပြီးပြီ။ စူပါမွန်း ကြောင့် သဘာဝဘေးတွေ မကျ အောင် ရွတ်တာ။ နေပြည်တော် ပြည်ထောင်စု အစိုးရရုံးကနေ ညွှန်ကြားတာပါ’’ ဟု ရခိုင်ပြည် နယ် အစိုးရရုံးမှ တာဝန်ရှိသူ တစ် ဦးက သြဂုတ် ၉ ရက် ညနေက ပြောသည်။

ကရင်ပြည်နယ် အစိုးရက လည်း ဘားအံ့မြို့ ရပ်ကွက် (၂) ရှိ သေဌမာန်အောင် ဘုရားဝင်း ကြီးအတွင်း သံဃာတော် ၉ ပါး အား ဆွမ်းကပ်ကာ သြဂုတ် ၈ ရက်က အန္တရာယ်ကင်းပရိတ်ရွတ်ခဲ့ ကြောင်း သတင်းရရှိသည်။ အ လားတူ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရရုံးအားလုံး သြဂုတ် ၈ ရက်နှင့် ၉ ရက်က သံဃာတော် များပင့်၍ ပရိတ်ရွတ်ဖတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့နယ်အချို့တွင် လည်း သြဂုတ် ၉ ရက်က ရပ်ကွက်များအတွင်း သံဃာတော်များပရိတ်ရွတ်ဖတ်ခြင်းပြုခဲ့သည်။

‘‘ပုံမှန်က နှစ်ဆန်းတစ်ရက် နေ့ပဲရွတ်တာ။ ဒီနေ့တော့ သံဃာ တော်တွေ ရပ်ကွက် အလိုက် ပရိတ်တွေရွတ်နေကြတာ တွေ့ခဲ့ တယ်။ နောက်ပြီး ၁၀ ရက်မှာ သဘာဝဘေးသတိထားဖို့ ဆန်၊ သောက်ရေ၊အ၀တ်အစားရေမစို အောင်ထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လိုက်ကြေညာတယ်’’ဟု လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ ဒေါ်စန်းစန်းအေးက ပြောသည်။

ထို့အပြင် မြောက်ဥက္ကလာ ပမြို့နယ်ရှိ ငမိုးရိပ်ချောင်းဘေး ရပ်ကွက်များတွင်လည်း ရေ ဘေးအန္တရာယ်သတိပြုရန် သက် ဆိုင်ရာမှ လိုက်၍ သတိပေးနေ ကြောင်း သတင်းရရှိသည်။

သဘာဝအတိုင်း နှစ်စဉ်ဖြစ် ပွားသော ကမ္ဘာနှင့် လအနီးဆုံး ဖြစ်မည့် စူပါမွန်းဖြစ်စဉ်ကြောင့် သဘာဝ ဘေးအန္တရာယ် ကျ ရောက်နိုင်သည်ဟုဆိုကာ အစိုးရ က ပရိတ်ရွတ်ရန် ညွှန်ကြားစာ ထုတ်ခဲ့ခြင်းကို ဝေဖန်မှုများနှင့် အတူ သဘောတူ လက်ခံသူများ လည်းရှိခဲ့သည်။

အမေရိကန်အမျိုးသားအာ ကာသအေဂျင်စီ(NASA)မှ သိပ္ပံ ပညာရှင်ဒေါက်တာနိုအာပတ်ထ ရိုက စူပါမွန်း ဖြစ်စဉ်ဆိုသည်မှာ ကောင်းကင်တွင် လ၏အတောက် ပဆုံးထွက်ပေါ်သောအချိန်ဖြစ်ပြီး ပြက္ခဒိန်နှစ်တစ်နှစ်ရဲ့ လပြည့်နေ့ နှင့် တိုက်ဆိုင်စွာပေါ်ထွက်လာ ခြင်းဖြစ်ကြောင်းရှင်းပြသည်။ သြ ဂုတ်လ ၁၀ ရက်နေ့ ဂရင်းနစ်စံ တော်ချိန် ၁၇ နာရီ ၄၄မိနစ်တွင် ကမ္ဘာမြေနှင့် အနီးဆုံးမှာတည်ရှိ နေကာ လ၏အကောင်းဆုံးအချိန် တစ်ခုဖြစ်လာမည်ဖြစ်ပြီး စူပါမွန်း ဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံအသီး သီးမှ လူများပျော်ရွှင်နိုင်မည်ဖြစ် ကြောင်းပြောသည်။

‘‘စူပါမွန်းကြောင့် ရေကြီး လာတယ်ဆိုရင်တောင် ကြိုတင် ပြင်ဆင်သင့်တာက လူတွေကို ဘေးလွတ်ရာကို ဘယ်လိုပြောင်း မလဲ။ သေချာစဉ်းစားသင့်တယ်။ သဘာဝဘေးအန္တရာယ်ကာကွယ် ဖို့က ပရိတ်ရွတ်ဖို့ ဆိုတာထက် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် ကယ်ဆယ်ရေး ပိုင်းအဆင်သင့်ဖြစ်နေစေဖို့။ အခု လူပြောများနေတဲ့ စူပါမွန်းဆိုတာ ကလည်း ဘယ်သိပံ္ပပညာရှင်ကမှ လက်ခံထားတာ မဟုတ်ဘူး။ လုပ်လိုက်ရင် တလွဲတွေချည်းပဲ’’ ဟု ရန်ကင်းမြို့နယ်နေ ဒေါက် တာဖြိုးသီဟကပြောသည်။

ဒဂုံဆိပ်ကမ်း မြို့နယ်နေ ကျူရှင်ဆရာမတစ်ဦးက ‘‘အဲဒါကို လူတွေကပ်ဆိုးတစ်ခုဖြစ်နေလိမ့် မယ်လို့ ယုံကြည်ထားကြပုံရပါ တယ်။ ဒါကြောင့်လည်း ဘုန်း ကြီးတွေပင့်ပြီးတော့ ပရိတ်ရွတ် ပြီး အန္တရာယ်ကင်းအောင် လုပ် ဆောင်ကြတယ်လို့မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါဘုရား၊ တရား အလုပ်လုပ်တာကောင်းတာပေါ့’’ ဟု ဆိုသည်။

မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က စူပါမွန်းဖြစ်စဉ်သည် နေ၊လ၊ ကမ္ဘာတစ်တန်းတည်းကျရောက်ပြီး လသည် ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးရောက်ရှိလာသည့် ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ပြောသည်။ စူပါမွန်း သည် သဘာဝဘေးများဖြစ်ပေါ် နိုင်ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေသော် လည်း နိုင်ငံတကာ မိုးလေ၀သ ဌာနများနှင့် ကျွမ်းကျင်ပညာရှင် များက အတည်ပြုပေးမထား ကြောင်း ပြောသည်။ ယခုရက် ပိုင်းအတွင်း မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် မဖြစ်နိုင် ဘဲ ငလျင်မှာမူ ကမ္ဘာ့နိုင်ငံအသီး သီးတွင် နေ့စဉ်အနည်းနှင့်အများ ဖြစ်ပေါ်နေသောကြောင့် ပုံမှန် အတိုင်း သတိပြုရန်လိုကြောင်း ဆိုသည်။

နက္ခတ်ဗေဒပညာရှင် ဦးဇေ ယျာကိုက စူပါမွန်းဖြစ်စဉ်ကြောင့် သြဂုတ် ၁၀ ရက်မှ ၂၅ ရက်အ တွင်း မြန်မာနိုင်ငံ အပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံများ၌ ဆူနာမီငလျင်ကဲ့သို့ သဘာဝဘေးများ ကျရောက်နိုင်ကြောင်း ပြော သည်။ ဆူနာမီငလျင်သည် မြန်မာနိုင်ငံကို ဗဟိုမပြုနိုင်ဘဲ အိမ်နီး ချင်းနိုင်ငံများကို ဗဟိုပြုကာ မြန်မာနိုင်ငံတွင်လည်း အကျိုးသက်ရောက်နိုင်ကြောင်းပြောသည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၁၀ ရက်မှ ၂၅ ရက်အတွင်း ဆူနာမီ ငလျင်လှုပ်ခတ်နိုင်ကြောင်း ကော လာဟလများ ပြည်သူလူထုအ ကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စိုးရိမ်ထိန့်လန့်မှုများလည်း မြင့်တက်နေသည်။ သဘာဝဘေးကာကွယ်ရန် အစိုးရကိုယ်တိုင် ၀န်ကြီးဌာနများ ဦး ဆောင်ကာ ပရိတ်ရွတ်ရန် ညွှန် ကြားခဲ့သောကြောင့် သြဂုတ် ၁၀ ရက်ကို လူအများ ပိုမိုစိတ်ဝင်စားနေကြသည်။

7Day News Journal

No comments:

Post a Comment