Monday 11 August 2014

မယူမနေရ ပင်စင်ပေးခံရသည့် ဒေါက်တာဒေါ်ကျင်ဌေးအား မူလရာထူးအတိုင်းပြန်လည်ခန့်အပ်


ရန်ကုန်အဝေးသင်တက္က သိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးအား မယူ မနေရပင်စင်ပေးခဲ့သော အမိန့်စာ ကို ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီး ရုံးက အမိန့်ကြော်ငြာစာ ထပ်မံ ထုတ်ပြန်၍ ပယ်ဖျက်လိုက်သည်။
၂၀၁၃ ခုနှစ်၊ မတ်လက ထုတ်ပြန်ခဲ့သော မယူမနေရ ပင် စင်အမိန့်ကြော်ငြာစာကို တစ်နှစ် ခွဲခန့်ကြာမြင့်ပြီးနောက် ယခုလ ၇ ရက်၊ ရက်စွဲဖြင့် ပညာရေးဝန်ကြီး ဌာနက ယင်းအမိန့်စာကို လွှမ်းမိုးပယ်ဖျက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကွယ်လွန်ခဲ့သော ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလက်ထက်တွင် မယူမနေရ ပင်စင်ဖြင့် ဒေါက်တာဒေါ်ကျင်ဌေး အား အရေးယူအပြစ်ပေးထား ခြင်းကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ပယ်ဖျက်မိန့် ချမှတ်ခဲ့သည်မှာ ၅၉ ရက်ကျော် လာချိန်တွင် ပညာရေးဝန်ကြီးဌာ နမှ အမိန့်စာထွက်လာခြင်းဖြစ် သည်။


‘‘အရမ်းနစ်နာခဲ့ပါတယ်။ ကိုယ်စိတ်နှလုံးထိခိုက်ခဲ့ရတယ်။ ခုထိလည်း ခံစားနေရတုန်းပဲ။ ဆရာမဆီကို တိုက်ရိုက်အမိန့်စာ တော့ မရောက်သေးဘူး။ ၀န်ကြီး ရုံးအမိန့်ကြော်ငြာစာတော့ ရထားတယ်။ နဂိုရာထူးနေရာ ပြန်ထမ်း ဆောင်ရတော့ ကြားထဲမှာ ရာထူး တိုးအခွင့်အလမ်းတွေလည်း ဆုံး ရှုံးသွားတယ်။ လက်ရှိနေရာမှာ တော့ တာဝန်ဆက်လက်မထမ်း ဆောင်လိုတော့ဘူး။ ရန်ကုန်စီး ပွားရေးတက္ကသိုလ်ကို ပြောင်းရွှေ့ဖို့ လျှောက်လွှာတင်မယ်’’ ဟု ဒေါက်တာဒေါ်ကျင်ဌေးက ပြော သည်။
ပညာရေး ၀န်ကြီးဌာန၏ အမိန့်စာတွင် ဒေါက်တာဒေါ်ကျင်ဌေးအား မူလတက္ကသိုလ်၊ ရာထူး၊ တာဝန်ဖြစ်သည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာနမှ ပါမောက္ခဌာနမှူးရာထူးကို ပင်စင်ပေးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်မှစ၍ ပြန်လည်ခန့် ကြောင်း ဖော်ပြထားသည်။ ယင်း ဖော်ပြချက်အရ ဒေါက်တာဒေါ်ကျင်ဌေးအနေဖြင့် တစ်နှစ်ခွဲကြာဆုံးရှုံးခဲ့သော ၀န်ထမ်းလစာငွေနှင့် ရပိုင်ခွင့်များ ပြန်လည်ခံစားရရှိမည်ဖြစ်သည်။
ဒေါက်တာ ဒေါ်ကျင်ဌေးသည် ပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန် ထမ်းအဖြစ် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက်ပြည့်ရန် လေးနှစ်အလိုဖြစ်သော ၂၀၁၃ ခုနှစ် မတ်လတွင် နိုင်ငံ့ ၀န်ထမ်းဥပဒေအရ မယူမနေရ ပင်စင်ပေးခံရခြင်းဖြစ်သည်။
မယူမနေရ ပင်စင်ပေးခံရခြင်းမှာ တရားမျှတမှုမရှိခြင်းကြောင့် ဒေါက်တာ ဒေါ်ကျင်ဌေးသည် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ တိုင်ကြားခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် အစိုးရအာဏာပိုင် အဖွဲ့အစည်းဖြစ်သော ၀န်ကြီး ဌာနနှင့် ဌာန၀န်ထမ်းတို့ ထိပ် တိုက်အမှုရင်ဆိုင်၍ ဌာန၀န်ထမ်း က အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ခဲ့သော ပညာရေး ၀န်ကြီးလက်ထက်တွင် ၈၈ ငွေရ တုအထိမ်းအမှတ်အခမ်းအနား ကျင်းပမည့် သတင်းစာရှင်းလင်း ပွဲသို့ တက်ရောက်ခဲ့သော အခြေခံပညာကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးကိုလည်း ခွင့်မဲ့ ပျက်ကွက်သော အကြောင်းပြ ချက်ဖြင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အ ဆိုပါဆရာမမှာ ရာထူးမှ ထုတ် ပယ်ခံရမှုနှင့် ပတ်သက်၍ တရား ရေးရာဌာနများသို့ တိုင်ကြားခြင်း မရှိခဲ့ဘဲ ပညာရေးဝန်ကြီးဌာန တွင် ဆက်လက်တာဝန်ထမ်း ဆောင်ခွင့်ဆုံးရှုံးခဲ့သည်။
7Day DAILY

No comments:

Post a Comment