Monday 11 August 2014

မြ၀တီမြို့တွင် တရားမ၀င်လာရောက်သည့် ပါကစ္စတန်နိုင်ငံသားနှစ်ဦးကို ဖမ်း


ကရင်ပြည်နယ်၊ မြ၀တီ မြို့တွင် ပါကစ္စတန်နိုင်ငံသား နှစ် ဦးကို တရားမ၀င်ဝင်ရောက်မှုဖြင့် သြဂုတ် ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
အသက် (၄၄) နှစ်အရွယ်ရှိ Mr.Waheed Noorun နှင့် Mr. Riaz Muhammad တို့ကို မြန် မာအာဏာပိုင်များက သြဂုတ် ၈ ရက်နေ့လယ်ပိုင်းက ကရင်ပြည် နယ်၊ မြ၀တီမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ၎င်းတို့နှစ်ဦးသည် မြ၀တီမြို့၊ အမှတ်(၂) ရပ်ကွက်၌ ရောက် ရှိနေကြောင်း သတင်းရရှိသဖြင့် မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၀န်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြ၀တီမြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂျာမေဗလီ ဥက္ကဋ္ဌနှင့်အတူ သွားရောက်စစ် ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


၎င်းတို့နှစ်ဦးကို ဗိုလ်ချုပ် လမ်းနှင့် ခရေလမ်းထောင့်ရှိ ‘‘ရွှေ လက်ရာ’’ ထမင်းဆိုင် အထွက် တွင် ဖမ်းဆီးရမိခဲ့ပြီး ခေါ်ယူစစ် ဆေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။
အဆိုပါ ပါကစ္စတန်နိုင်ငံ သား နှစ်ဦးသည် ပါကစ္စတန် နိုင်ငံ၊ Pebshwar မြို့မှ ဖြစ်ပြီး မြ၀တီမြို့သို့ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော် လည်း မည်သည့်ကိစ္စဖြင့် ၀င် ရောက်လာသည်ကိုတော့ ဖော်ပြ ထားခြင်းမရှိပေ။
၎င်းတို့နှစ်ဦးကို မြ၀တီမြို့ မရဲစခန်းတွင်အမှုဖွင့်အရေးယူ ထားသည်။
7Day DAILY

No comments:

Post a Comment