Monday 11 August 2014

ဂျပန်အနောက်တောင်ပိုင်းမုန်တိုင်းဝင်ရောက်မှု လေယာဉ်ခရီးစဉ်များ ဖျမ်သိမ်းခံရ

ဂျပန်အနောက်တောင်ပိုင်းသို့ အားပြင်းမုန်တိုင်းဝင်ရောက်ခဲ့ရာ လူပေါင်း တစ်သန်းကျော် နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရသည်။
ဟာလောင်း တိုင်ဖွန်းမုန်တိုင်းသည် သြဂုတ် ၉ ရက် နံနက် ၆ နာရီက ကိုချီစီရင်စု အကီမြို့သို့ ပြင်းထန်သော လေပြင်းများနှင့်အတူ ဝင်ရောက်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။တိုကျိုမြို့ အနောက်ပိုင်း မီးစ်စီရင်စု၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့ကြောင်း၊ ယင်းမိုးသည်းထန် မှုကြောင့် ရေကြီးမြေပြိုမှုများအထိဖြစ်နိုင်ကြောင်း ယင်းအေဂျင်စီက သတိပေးခဲ့သည်။အဆိုပါမုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးပြီး ၃ဝ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အင်န်အိတ်ခ်ျ ကေသတင်းဌာနက ထုတ်လွှင့်ကြေ ညာခဲ့သည်။ တစ်နာရီမိုင် ၁၁ဝ နှုန်း ဖြင့် တိုက်ခတ်ခဲ့သည့် အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ပြီး အားပျော့သွားခဲ့ သည်ဟုဆိုသည်။မုန်တိုင်းကြောင့် ယင်းနေ့က လေကြောင်းလိုင်းများ ပျံသန်းမှု ခရီးစဉ် ၄၇ဝ ရပ်ဆိုင်းထားခဲ့ရသည်။ သြဂုတ် ၁ဝ ရက်တွင် လေယာဉ်ခရီး စဉ် အနည်းဆုံး ၁၄၃ ခု ဖျက်သိမ်း လိုက်ရသည်ဟု ဆိုသည်။ကျည်ဆန်ရထား အချို့လည်း ပြေးဆွဲမှု ရပ်ဆိုင်းထားရသည်။ ယင်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံသို့ ဝင်ထွက်သွားလာသောခရီးသည် ထောင်ပေါင်းများစွာ ခရီးသွားလာရေးအနှောင့်အယှက် ဖြစ်စေခဲ့ သည်။
ဘီဘီစီ

No comments:

Post a Comment