Monday 11 August 2014

သင်ဆရာကိုဝေဖန်နိုင်မည့်စနစ် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စတင်ကျင့်သုံးမည်

ဆရာ၊ ဆ ရာမများ၏ သင်ကြားမှုကို ကျောင်း သား၊ ကျောင်းသူများက သုံးသပ်ဝေ ဖန်အကြံပြုနိုင်ရန် အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်၌ တစ်နှစ်လျှင် နှစ်ကြိမ်သင်ကြားရေး ဝေဖန်ခြင်း ကို ပြုလုပ်သွားမည်ဟု သိရှိရသည်။ရန်ကုန်နည်းပညာတက္ကသိုလ် တွင် တက်ရောက်သင်ကြားနေသော ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများက ဆရာ၊ ဆရာမများ ၏ သင်ကြားမှုနှင့်ပတ်သက်၍ ဝေဖန် အကြံပြုချက်များကို ရန်ကုန်နည်း ပညာ တက္ကသိုလ်တွင် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၏ ဒုတိယနှစ်ဝက်မှ စတင်ကာ လျှို့ဝှက်စနစ်ဖြင့် ဝေဖန် နိုင်ရန်စီစဉ်သွားမည်ဟု ရန်ကုန်နည်း ပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာအေးမြင့်က ပြောသည်။
''ဆရာတို့က ဒီကျောင်းမှာ ပထမဆုံးစမ်းသပ်သွားမှာပါ၊ အရည် အသွေးမြှင့်တင်တဲ့စနစ်ကို သွားတဲ့ အခါ ဆရာ၊ ဆရာမသင်ကြားတဲ့ ပုံစံကို ကျောင်းသားက သုံးသပ်ပေး သွားမှာပါ၊ လိုအပ်တဲ့ ဆရာ၊ ဆရာ မတွေကို ခေါ်ပြီး ဆွေးနွေးသွားမှာပါ၊ အရေးယူတာတော့ မလုပ်ပါဘူး'' ဟု ဒေါက်တာအေးမြင့်က ပြော သည်။ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ဘာသာရပ်တစ်ခုစီိအလိုက် ဆရာ၊ ဆရာမအားလုံး၏ သင်ကြား ပုံနှင့် ပတ်သက်၍ မေးခွန်းခုနစ်ခု စီကို ကျောင်းသား၊ ကျောင်းသူတစ် ဦးချင်းစီကို ပေးသွားမည်ဖြစ်ပြီး၊ ထို မေးခွန်းတစ်ခွန်းစီ၌ ဖြေဆိုနိုင်ရန် အကွက်ငါးကွက်ပေးထားမည်ဖြစ် ကာ ကောင်း၊ သင့်၊ ညံ့ စသည်တို့ကို ကျောင်းသားအမည်၊ ခုံနံပါတ်များ မထည့်ဘဲ ဖြည့်ပြီး သက်ဆိုင်ရာ ဌာနမှူးများကို ပေးရမည်ဖြစ်သည်။

Photo: သင်ဆရာကိုဝေဖန်နိုင်မည့်စနစ် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စတင်ကျင့်သုံးမည်
Monday, August 11, 2014
ဆရာ၊ ဆ ရာမများ၏ သင်ကြားမှုကို ကျောင်း သား၊ ကျောင်းသူများက သုံးသပ်ဝေ ဖန်အကြံပြုနိုင်ရန် အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်၌ တစ်နှစ်လျှင် နှစ်ကြိမ်သင်ကြားရေး ဝေဖန်ခြင်း ကို ပြုလုပ်သွားမည်ဟု သိရှိရသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် တွင် တက်ရောက်သင်ကြားနေသော ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများက ဆရာ၊ ဆရာမများ ၏ သင်ကြားမှုနှင့်ပတ်သက်၍ ဝေဖန် အကြံပြုချက်များကို ရန်ကုန်နည်း ပညာ တက္ကသိုလ်တွင် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၏ ဒုတိယနှစ်ဝက်မှ စတင်ကာ လျှို့ဝှက်စနစ်ဖြင့် ဝေဖန် နိုင်ရန်စီစဉ်သွားမည်ဟု ရန်ကုန်နည်း ပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာအေးမြင့်က ပြောသည်။
''ဆရာတို့က ဒီကျောင်းမှာ ပထမဆုံးစမ်းသပ်သွားမှာပါ၊ အရည် အသွေးမြှင့်တင်တဲ့စနစ်ကို သွားတဲ့ အခါ ဆရာ၊ ဆရာမသင်ကြားတဲ့ ပုံစံကို ကျောင်းသားက သုံးသပ်ပေး သွားမှာပါ၊ လိုအပ်တဲ့ ဆရာ၊ ဆရာ မတွေကို ခေါ်ပြီး ဆွေးနွေးသွားမှာပါ၊ အရေးယူတာတော့ မလုပ်ပါဘူး'' ဟု ဒေါက်တာအေးမြင့်က ပြော သည်။
ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ဘာသာရပ်တစ်ခုစီိအလိုက် ဆရာ၊ ဆရာမအားလုံး၏ သင်ကြား ပုံနှင့် ပတ်သက်၍ မေးခွန်းခုနစ်ခု စီကို ကျောင်းသား၊ ကျောင်းသူတစ် ဦးချင်းစီကို ပေးသွားမည်ဖြစ်ပြီး၊ ထို မေးခွန်းတစ်ခွန်းစီ၌ ဖြေဆိုနိုင်ရန် အကွက်ငါးကွက်ပေးထားမည်ဖြစ် ကာ ကောင်း၊ သင့်၊ ညံ့ စသည်တို့ကို ကျောင်းသားအမည်၊ ခုံနံပါတ်များ မထည့်ဘဲ ဖြည့်ပြီး သက်ဆိုင်ရာ ဌာနမှူးများကို ပေးရမည်ဖြစ်သည်။
''ဒီစနစ်က နိုင်ငံတကာမှာလဲ သုံးနေတယ်။ အနောက်နိုင်ငံတွေမှာ ဆို သုံးခဲ့တာကြာပါပြီ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်မှာ စတင်အသုံးပြု သွားမှာပါ။ မြန်မာ့ယဉ်ကျေးမှုအရ ကျောင်းသားက ဆရာကို ဝေဖန်တာ မျိုးကတော့ ကောင်းတော့ မကောင်း ပါဘူး၊ ဒါပေမဲ့ နိုင်ငံတကာအဆင့်မီ အောင် ဒီစနစ်ကိုသုံးမှရမယ်'' ဟု အ ဆင့်မြင့်နည်းပညာ တက္ကသိုလ်ဦးစီး ကော်မတီဥက္ကဋ္ဌ ဦးညီလှငယ်က ပြောသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ဆရာ၊ ဆရာမ ၁၃၁ဦးရှိပြီး ဘွဲ့
ကြိုကျောင်းသား၊ ကျောင်းသူ ၆ဝဝ ဦး ဘွဲ့လွန်(မာစတာ၊ ပါရဂူ) ကျောင်း သား၊ ကျောင်းသူ ၉ဝဝဦး ကျော်ရှိ ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် မှ သိရှိရသည်။
CN (MMK)
Yangon Media Group
(ဓါတ်ပုံ - ရန်ကုန်နည်းပညာတက္ကသိုလ်တွင် တက်ရောက် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို တွေ့ရစဉ်။)

No comments:

Post a Comment