Monday 11 August 2014

NCCT အဖွဲ့ အချို့မှ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေခြင်း

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် KIA တပ်ရင်း(၆)၊ လက်အောက်ခံ၊ တိုက်နယ်မှူး ဦးဘရန်တောင်-၏ လက်အောက်ငယ်သားဖြစ်သူ KIA- မဟဟ ခေါ် အဖွဲ့(၃)ဦးသည် လုံခင်းကျေးရွာတွင်းရှိ တယ်လီဖုန်းဆိုင်များတွင် အဓမ္မဆက်ကြေးအဖြစ် ဟင်းဆက်များ ယူသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယင်း KIA မဟဟ ခေါ် အဖွဲ့ (၃)ဦးသည် လုံခင်းကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး၊ ကျေးရွာပြည်သူလူထုထံမှ အဓမ္မဆက်ကြေးအဖြစ် လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက်ပြီး တယ်လီဖုန်းဆိုင်များတွင် တစ်သိန်းခွဲတန် HUAWEI တစ်လုံး၊ သုံးသိန်းကျော်တန် SAMSUNG တစ်လုံး၊ ခြောက်သိန်းတန် IPHONE တစ်လုံး စသည်တို့ကို ဆိုင်းတွင်းသို့ဝင်ရောက် ယူဆောင်သွားကြောင်းနှင့် ဆင်းကဒ် တစ်ခုကိုလည်း ဖားကန့် KIA တိုက်နယ်မှူး၏ ယောက်ဖဆိုသူ ဦးယော်ထုန်-မှ အဓမ္မယူဆောင်သွားကြောင်း သိရှိရသည်။

ဤကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဟု အမည်ခံပြီး၊ တိုင်းရင်းသားများအပေါ် မတရား အနိုင်ကျင့် လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ယူဆောင်ခြင်းသည် မဖြစ်သင့်တော့ပေ။ တိုင်းရင်းသား ပြည်သူလူထုသည် အဘယ်ကဲ့သို့ ယုံကြည်ရမည်နည်း။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုလျှင် တိုင်းရင်းသားများအား ဖိနှိပ်ရက်စက် အနိုင်ကျင့်မှုကို မပြုလုပ်တန်ရာ။ ယခုတော့ ပြည်သူတွေကို အနိုင်ကျင့် ခြိမ်းခြောက် လက်နက်အားကိုးဖြင့် အဓမ္မယူဆောင်ခြင်းသည် သောင်းကျန်းသူ သူပုန်များ၏ အလုပ်သာဖြစ်ကြောင်း ပေါ်လွင်နေတော့သည်။
ထို့အတူ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲများ ရှိနေသည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းသို့ KIAမှ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ပြည်သူကို နှိပ်စက်ချင်တိုင်း နှိပ်စက်၊ လက်နက်အားကို့ စော်ကားမှုများကို အဘယ့်ကြောင်း ကာကွယ်မှု မပေးနိုင်ပါသနည်း။ ပြည်သူ့လုံခြုံရေးအတွက်၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးမည့် ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲများ မဟုတ်ကြပါလား။
လက်နက်ကိုင်ဆောင်ထားကြသည့် နိုင်ငံတော်အစိုးရ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲနှင့် NCCT အဖွဲ့များ ပြည်သူတို့၏ မေတ္တာကို ရယူသင့်ကြပေသည်။ ပြည်သူတို့၏ အမုန်းတရားကို အဘယ့်ကြောင့် လိုချင်နေကြပါသနည်း.. ပြည်သူတို့၏ ယုံကြည် အားကိုးမှုကို ရယူသင့်ကြပါသည်။Photo: NCCT အဖွဲ့ အချို့မှ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေခြင်း
Monday, August 11, 2014

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် KIA တပ်ရင်း(၆)၊ လက်အောက်ခံ၊ တိုက်နယ်မှူး ဦးဘရန်တောင်-၏ လက်အောက်ငယ်သားဖြစ်သူ KIA- မဟဟ ခေါ် အဖွဲ့(၃)ဦးသည် လုံခင်းကျေးရွာတွင်းရှိ တယ်လီဖုန်းဆိုင်များတွင် အဓမ္မဆက်ကြေးအဖြစ် ဟင်းဆက်များ ယူသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယင်း KIA မဟဟ ခေါ် အဖွဲ့ (၃)ဦးသည် လုံခင်းကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး၊ ကျေးရွာပြည်သူလူထုထံမှ အဓမ္မဆက်ကြေးအဖြစ် လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက်ပြီး တယ်လီဖုန်းဆိုင်များတွင် တစ်သိန်းခွဲတန် HUAWEI တစ်လုံး၊ သုံးသိန်းကျော်တန် SAMSUNG တစ်လုံး၊ ခြောက်သိန်းတန် IPHONE တစ်လုံး စသည်တို့ကို ဆိုင်းတွင်းသို့ဝင်ရောက် ယူဆောင်သွားကြောင်းနှင့် ဆင်းကဒ် တစ်ခုကိုလည်း ဖားကန့် KIA တိုက်နယ်မှူး၏ ယောက်ဖဆိုသူ ဦးယော်ထုန်-မှ အဓမ္မယူဆောင်သွားကြောင်း သိရှိရသည်။
ဤကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဟု အမည်ခံပြီး၊ တိုင်းရင်းသားများအပေါ် မတရား အနိုင်ကျင့် လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ယူဆောင်ခြင်းသည် မဖြစ်သင့်တော့ပေ။ တိုင်းရင်းသား ပြည်သူလူထုသည် အဘယ်ကဲ့သို့ ယုံကြည်ရမည်နည်း။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုလျှင် တိုင်းရင်းသားများအား ဖိနှိပ်ရက်စက် အနိုင်ကျင့်မှုကို မပြုလုပ်တန်ရာ။ ယခုတော့ ပြည်သူတွေကို အနိုင်ကျင့် ခြိမ်းခြောက် လက်နက်အားကိုးဖြင့် အဓမ္မယူဆောင်ခြင်းသည် သောင်းကျန်းသူ သူပုန်များ၏ အလုပ်သာဖြစ်ကြောင်း ပေါ်လွင်နေတော့သည်။
ထို့အတူ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲများ ရှိနေသည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းသို့ KIAမှ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ပြည်သူကို နှိပ်စက်ချင်တိုင်း နှိပ်စက်၊ လက်နက်အားကို့ စော်ကားမှုများကို အဘယ့်ကြောင်း ကာကွယ်မှု မပေးနိုင်ပါသနည်း။ ပြည်သူ့လုံခြုံရေးအတွက်၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးမည့် ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲများ မဟုတ်ကြပါလား။
လက်နက်ကိုင်ဆောင်ထားကြသည့် နိုင်ငံတော်အစိုးရ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲနှင့် NCCT အဖွဲ့များ ပြည်သူတို့၏ မေတ္တာကို ရယူသင့်ကြပေသည်။ ပြည်သူတို့၏ အမုန်းတရားကို အဘယ့်ကြောင့် လိုချင်နေကြပါသနည်း.. ပြည်သူတို့၏ ယုံကြည် အားကိုးမှုကို ရယူသင့်ကြပါသည်။
Sai Thar Zone
Northern-Myanmar
Sai Thar Zone
Northern-Myanmar

No comments:

Post a Comment