Monday 11 August 2014

လီဆူတိုင်းရင်းသားများကို ပြည်သူ့ စစ်ထဲသို့ ဝင်ရန် လာရောက် ခေါ်ဆောင်မှု ရှိနေဟုဆို


ကချင်ပြည်နယ် ဆောလောမြို့ နယ်တွင်းရှိ လီဆူတိုင်းရင်းသားများကို ပြည်သူ့ စစ်ထဲသို့ ဝင်ရန် လာရောက်ခေါ်ဆိုမှုများကြောင့် ၄င်းတို့ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဌာနချုပ်သို့  တိုင်တန်းမှုများရှိကြောင်း ၄င်းပါတီမှ အထွေထွေအတွင်းရေးမှူး လာမာလေး က ရှမ်းနီခေတ်ဂျာနယ်သို့ ပြောကြားသည်။
`` ဆော့လော်က ကျွန်တော်တို့ ပါတီရဲ့ ခြောက်လပတ် အစီရင်ခံစာမှာ ဒေသခံတွေကို ပြည်သူ့စစ်လုပ်ခိုင်းနေတယ်၊ မလုပ်လို့ရှိရင် တရုပ်ငွေ ၂၀၀၀ ပေးရမယ်။ နောက်အိမ်သိမ်းတဲ့အဆင့်ထိအောင်လုပ်နေတယ်လို့တင်ပြလာတယ်။ `` ဟု လီဆူပါတီ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဦးလာမာလေးကပြောကြားသည်။
ပြည်သူ့စစ်အဖွဲ့ထဲသို့ ၀င်ရောက်ရန် ခေါ်ဆောင်သွားခြင်းခံရပြီး ပြည်သူ၂၀ ဦးခန့်သည် ပြန်လည် လွှတ်မြောက်နိုင်ခြင်းမရှိသေးကြောင်းလည်း ၎င်းကဆိုသည်။
`` ချီဖွေမြို့နယ်မှာလည်း ကျွန်တော်တို့ ဇူလိုင်လ ၉ ရက်နေ့မှာ ပါတီဆိုင်းဘုတ်တင်ပြီးလို့ တစ်ပတ်အကြာမှာ ပဲပါတီဥက္ကဌကို ပြည်သူ့စစ်အဖွဲ့က ကားနဲ့လာခေါ်တယ်။ လာခေါ်တော့ ပါတီဥက္ကဌက ငါ့ကိုဖမ်းချင်ဖမ်း။ ငါလည်းတိုင်မယ်လို့ပြောတော့ နောက်နေ့ပြန်လာတယ်။ မခေါ်တော့ဘူးဆိုတဲ့အကြောင်းလာပြောတယ်။`` ဟု ဦးလာမာလေးကပြောကြားသည်။


အဆိုပါဒေသတွင် လော်ဝေါ်ပြည်သူ့စစ်နှင့် ဦးစခုန်တိန်ယိမ်း၏ NDAK နယ်ခြားစောင့်တပ်တို့ လူပ်ရှားနေကြောင်းလည်းသိရသည်။
လီဆူပါတီအနေဖြင့် လီဆူတိုင်းရင်းသားများ ပြည်သူ့စစ်အဖြစ်ဆောင်ရွက်ရန် ခေါ်ဆောင်နေခြင်းကို စုံစမ်းဖော်ထုတ်လျှက် သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းလီဆူပါတီသည် ကချင်ပြည်နယ်တွင်အဓိက အခြေစိုက်ပြီး လီဆူတိုင်းရင်းသားများ၏ ရပိုင်ခွင့်များနှင့် အခွင့်အရေးအတွက် လွန်ခဲ့သည့် ၂၀၁၂ ကပါတီတည်ထောင်ခဲ့ကာ လက်ရှိအချိန်ထိ ပါတီဝင်အင်အား ၁ သောင်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည် ။
ပြည်သူ့ စစ်များနှင့် ပတ်သက်၍ ပြည်သူ့ လွတ်တော်ထဲတွင် ဆွေးနွေးရာ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များ၏ ငွေကြေးတောင်းခံခြင်း ၊ တခြားလူ့ အခွင့်အရေးချိုးဖောက်မှုများ ၊ ဥပဒေမဲ့လုပ်ရက်များကို မည်သို့  အရေးယူဆောင်ရွက်နေသည်ကို မေးမြန်းခဲ့သော်လည်း တိကျခိုင်မာသည့်အဖြေများကိုမရရှိခဲ့ကြောင်း ၊ မြန်မာနိုင်ငံတွင် ပြည်သူ့ စစ်အဖွဲ့ ပေါင်း ၅၀၃၅ ဖွဲ့ ရှိပြီးထို ပြည်သူ့ စစ်တွင် အသွင်ပြောင်းပြည်သူ့ စစ်နှင့် မူလ ပြည်သူ့ စစ်ဟူ၍ နှစ်မျိုးရှိကြောင်းသိရသည် ။
The Era of Shanni News

No comments:

Post a Comment