Wednesday 27 August 2014

အမျိုးသားပညာရေး ဥပဒေမူကြမ်း အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို လက်ခံရန် သမ္မတ မှတ်ချက်ပြုထားဟု ဆို

Photo: အမျိုးသားပညာရေး ဥပဒေမူကြမ်း အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို လက်ခံရန် သမ္မတ မှတ်ချက်ပြုထားဟု ဆို
Wednesday, August 27, 2014

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် သမ္မတက အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက် များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု ပညာရေးမြှင့် တင်မှု ကော်မတီ အကြီးတန်းအရာရှိ (အမည်မဖော်လိုသူ)က မဇ္ဈိမကို ပြောသည်။

သမ္မတ၏ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သတ်သည့် သ၀ဏ်လွှာတွင် အရပ်ဘက်အဖွဲ့အစည်းများမှ တင်ပြလာသည့် အချက်များကို လက်ခံပြီး ပြန်လည်ဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်းဦးဆောင်သည့် ပညာရေးမြှင့်တင်မှုကော်မတီ၏ အကြီးတန်းအရာရှိက ပြောကြားလိုက်ခြင်းဖြစ်သည်။

အရပ်ဘက်ပညာရေးအဖွဲ့အစည်းများတွင် အမျိုးသားပညာရေး ဥပဒေကြမ်းပါ အချက်အချို့နှင့်ပတ်သက်ပြီး သဘောတူညီမှုမရှိသည့် အချက်များနှင့် ပတ်သက်၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က လည်းကောင်း၊ ဆရာ၊ ဆရာမသမဂ္ဂများက လည်းကောင်း၊ ကျောင်းသားသမဂ္ဂများ စုပေါင်း၍ လည်းကောင်း ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်။

သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြန်လည်ပေးပို့သည့် သ၀ဏ်လွှာပါ မှတ်ချက်ပြုထားသည့် အချက်တွင် အထက်ပါအရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့်     ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြု ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ပညာရေးမြှင့်တင်မှုကော်မတီ အကြီးတန်းအရာရှိက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ မူဝါဒများနှင့် ကွဲလွဲချက်များစွာ ရှိနေသည်ဟုလည်း အချက် ကိုးချက်ပါ ကြေညာချက်ကို သြဂုတ် လ ၁၉ ရက်ကထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းတွင် လူတိုင်း အကျုံးဝင်ပညာရေးနှင့်ဆန့်ကျင်သည့် ဖော်ပြချက်များ ပါဝင်နေသည့် အချက်များ ပြင်ဆင်ရန်၊ တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို သင်ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ကျောင်းအုပ်ချုပ်ရေးကော်မတီက ဆုံးဖြတ်ရန်၊ အခြေခံအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်မည်ဆိုသည့် အချက်ကို သဘောမတူကြောင်း၊ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း တစ်မျိုးတည်း သင်ကြားခြင်းကို သဘောမတူကြောင်း၊ အခမဲ့မသင်မနေရ မူလတန်းပညာရေးအစား အခမဲ့မသင်မနေရ အလယ်တန်းပညာရေးကို ပြင်ဆင်ရန်နှင့် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအဖြစ် ဥပဒေတွင် အတိအလင်းပြဋ္ဌာန်း ပေးရန်တို့ကို တောင်းဆိုထားသည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာညွန်ကြားရေးမှူးချုပ်က ဦးဇော်ဌေးက “သမ္မတပြင်ချင်တဲ့ အချက် ၂၅ ချက် ဆိုတာကိုတော့ မသိပါဘူး”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခွင့်ပေးမည်ဆိုသော်လည်း အထက်မှ အောက်သို့ အာဏာစီးဆင်းနေသည့် အုပ်ချုပ်မှုပုံစံမျိုးဖြစ်သည်ဟု NNER က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

Mizzima - News in Burmese 

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းမှ ကျောင်းသူ/သားများအား တွေ့ရစဉ်
ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းမှ ကျောင်းသူ/သားများအား တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် သမ္မတက အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက် များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု ပညာရေးမြှင့် တင်မှု ကော်မတီ အကြီးတန်းအရာရှိ (အမည်မဖော်လိုသူ)က မဇ္ဈိမကို ပြောသည်။
သမ္မတ၏ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သတ်သည့် သ၀ဏ်လွှာတွင် အရပ်ဘက်အဖွဲ့ အစည်း များမှ တင်ပြလာသည့် အချက်များကို လက်ခံပြီး ပြန်လည်ဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်းဦးဆောင်သည့် ပညာရေးမြှင့်တင်မှုကော်မတီ၏ အကြီးတန်းအရာရှိက ပြောကြား လိုက်ခြင်းဖြစ်သည်။

အရပ်ဘက်ပညာရေးအဖွဲ့အစည်းများတွင် အမျိုးသားပညာရေး ဥပဒေကြမ်းပါ အချက်အချို့နှင့်ပတ်သက်ပြီး သဘောတူညီမှုမရှိသည့် အချက်များနှင့် ပတ်သက်၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က လည်းကောင်း၊ ဆရာ၊ ဆရာမသမဂ္ဂများက လည်းကောင်း၊ ကျောင်းသားသမဂ္ဂများ စုပေါင်း၍ လည်းကောင်း ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်။

သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြန်လည်ပေးပို့ သည့် သ၀ဏ်လွှာပါ မှတ်ချက်ပြုထားသည့် အချက်တွင် အထက်ပါအရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့်     ပညာရေး အဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြု ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ် သည် ဟု ပညာရေးမြှင့်တင်မှုကော်မတီ အကြီးတန်းအရာရှိက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ မူဝါဒများနှင့် ကွဲလွဲချက်များစွာ ရှိနေသည်ဟုလည်း အချက် ကိုးချက်ပါ ကြေညာချက်ကို သြဂုတ် လ ၁၉ ရက်ကထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းတွင် လူတိုင်း အကျုံးဝင်ပညာရေးနှင့် ဆန့်ကျင်သည့် ဖော်ပြချက်များ ပါဝင်နေသည့် အချက်များ ပြင်ဆင်ရန်၊ တိုင်းရင်းသား ဘာသာစကား တစ်ခုခုကို သင်ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ကျောင်းအုပ်ချုပ်ရေးကော်မတီက ဆုံးဖြတ်ရန်၊ အခြေခံ အဆင့်ကျောင်း များ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန တို့က ဆောင်ရွက်မည်ဆိုသည့် အချက်ကို သဘောမတူကြောင်း၊ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း တစ်မျိုးတည်း သင်ကြားခြင်းကို သဘောမတူကြောင်း၊ အခမဲ့မသင်မနေရ မူလတန်းပညာရေးအစား အခမဲ့မသင်မနေရ အလယ်တန်းပညာရေးကို ပြင်ဆင်ရန်နှင့် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံး စရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအဖြစ် ဥပဒေတွင် အတိအလင်းပြဋ္ဌာန်း ပေးရန် တို့ကို တောင်းဆို ထားသည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာညွန်ကြားရေးမှူးချုပ်က ဦးဇော်ဌေးက “သမ္မတပြင်ချင်တဲ့ အချက် ၂၅ ချက် ဆိုတာကိုတော့ မသိပါဘူး”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခွင့်ပေးမည် ဆိုသော်လည်း အထက်မှ အောက်သို့ အာဏာစီးဆင်းနေသည့် အုပ်ချုပ်မှုပုံစံမျိုးဖြစ်သည်ဟု NNER က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment