Wednesday 27 August 2014

မြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အသေးစားငွေချေးလုပ်ငန်းအတွက် အကျိုးတူပူးပေါင်းရန် စာချုပ် ချုပ်ဆို

မြန်မာအပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလီမိတက် (Myanmar Investments International Ltd) ၏ လက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ ရင်းနှီးမြှုပ်နှံမှုလီမိတက် (Myanmar Investments Ltd) က ရန်ကုန်၊ ပဲခူးနှင့် မြို့ပြဒေသများအပါအဝင် ကျေးရွာများ၌ပါ အသေးစားလုပ်ငန်းရှင်များအား အဓိကငွေချေးပေးနေ သည့် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော မြန်မာငွေကြေး ကုမ္ပဏီလီမိတက် (Myanmar Finance Company Ltd, MFC) နှင့် အကျိုးတူ ပူးပေါင်းခြင်းစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။
ကုမ္ပဏီဒါရိုက်တာများက ယခုအသစ်ပူးပေါင်းတည်ထောင်မည့် မြန်မာငွေကြေး အပြည်ပြည်ဆိုင်ရာ လီမိ တက် (Myanmar Finance International Ltd, MFIL) သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော နိုင် ငံခြားငွေချေး လုပ်ငန်းတစ်ခုဖြစ်လာ မည်ဟု ယုံကြည်ကြသည်။

MFIL သည် မြန်မာအစိုးရထံမှ ငွေချေးခွင့်၊ ငွေစုလက်ခံခွင့်လိုင်စင် ရယူမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ MFIL ကို နိုင်ငံခြားကုမ္ပဏီအဖြစ် ထူထောင်ထားသည်။

အကျိုးတူပူးပေါင်းခြင်းသဘောတူစာချုပ်အရ MFC သည် ၎င်း၏လက်ရှိ အသေးစားငွေချေးလုပ်ငန်းများ ကို နှစ်ဦးနှစ်ဖက်ပူးပေါင်းစီမံအုပ်ချုပ်မည့် MFIL ထံသို့ ထည့်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် MFC တို့သည် ကနဦးအဆင့် ရင်းနှီးမြှုပ်နှံမှု မ တည်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်းထားရန် သဘောတူ ထားပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဒေါ်လာ ၂ ဒသမ ၇၅ သန်း စုစုပေါင်းပါဝင် မည်။ ကုမ္ပဏီသစ်၏ ၅၅ ရာခိုင်နှုန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၄၅ ရာခိုင်နှုန်းကို MFC က ရမည်ဖြစ်သည်။

နှစ်ဖက်ကုမ္ပဏီတို့သည် MFIL တွင် ရှယ်ယာအဖြစ် ဒေါ်လာ ၂ သန်း ရှေးဦးစွာ ထည့်ဝင်မည်ဖြစ် သည်။ မြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၁ သန်း ငွေကြေးစိုက်ထုတ်မည်ဖြစ်ပြီး MFC က ဒေါ်လာ ကိုးသန်း စိုက်ထုတ်မည်။

MFC ၏ ကနဦးထည့်ဝင်မှုသည် ၎င်း၏လက်ရှိလုပ်ငန်းများ လွှဲပေးသည့် ပုံစံဖြစ်မည်။ ထိုလုပ်ငန်းများအား တန်ဖိုးသတ်မှတ်ခြင်း ပြီးဆုံးသည့်အခါ လိုအပ်သည့်ပမာဏကို ငွေကြေးထည့်ဝင်ရမည်ဖြစ်သည်။ လုပ်ငန်း များ တိုးချဲ့သည့် အခါ ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးမြှင့်သွားမည်ဖြစ်သည်။ ယခု အကျိုးတူ ပူးပေါင်းခြင်းစာချုပ် သည် MFIL အနေဖြင့် မြန်မာ့ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသေးစားငွေချေး လုပ်ငန်း များ ကြီးကြပ်ရေး အဖွဲ့ထံမှ အသေးစားငွေချေးလုပ်ငန်းလိုင်စင်ရရှိမှုအပေါ်မူတည်၍ အတည်ဖြစ်မည်။

ELeven Media Group

No comments:

Post a Comment