Wednesday 27 August 2014

အစ္စရေးနှင့် ပါလက်စတိုင်း အပစ်အခတ်စဲရေး သဘောတူညီချက် ရရှိ

အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရက် ၅၀ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအဆုံးသတ်ရေး အတွက် သဘောတူညီချက်ကို သြဂုတ် ၂၆ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။



အဆိုပါ သဘောတူညီချက်တွင် ဇူလိုင် ၈ ရက်ကစတင်ခဲ့သည့် တိုက်ခိုက်မှုများကို ချက်ခြင်းအဆုံးသတ်ေ ရး အချက် လည်းပါဝင်သည်။

ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများတွင် ပါလက်စတိုင်းဘက်မှ ၂၁၄၃ ဦး သေဆုံးကာ အစ္စရေး ဘက်မှ ၆၉ ဦး သေဆုံးခဲ့သည်။

အပြီးတိုင် အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ကြေညာ လိုက်သကဲ့သို့ အစ္စရေးအရာရှိများကလည်း ခြွင့်ချက်မရှိ အကန့်အသတ်မရှိအပစ်အခတ် ရပ်စဲရေးဖြစ်ေ ကြာင်း ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေးအား သဘောတူညီချက်ရရှိပြီးနောက် ဂါဇာဒေသတွင် ပါလက်စတိုင်း ထောင်ပေါင်း များစွာ သည် မြို့တော်လမ်းများပေါ်သို့ ထွက်ကာ ပျော်မြူးခဲ့ကြကြောင်း သိရသည်။ ဗလီများတွင်လည်း အသံချဲ့စက်များမှတစ်ဆင့် အားပေးမှုများ ပြုလုပ်ခဲ့ကြသည်။



နှစ်လနီးပါးကြာဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူဦးရေး ၁ ဒသမ၈ သန်း နေထိုင်းသူ ပါလက် စတိုင်းဒေသမှ ပြည်သူ ငါးသိန်းခန့် နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment