Wednesday 27 August 2014

ရန်ကုန်တိုင်းဒေသကြီးတွင် အီဘိုလာဗိုင်းရပ်စ် သံသယလူနာ တွေ့ရှိပါက အရေးပေါ်အခြေအနေအဖြစ် ပြောင်းလဲကာ တုံ့ပြန်မှုများ ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးတွင် အီဘိုလာဗိုင်းရပ်စ် သံသယလူနာတစ်ဦး တွေ့ရှိပါက သတိပေးအခြေအနေမှ အရေးပေါ်အခြေအနေသို့ ပြောင်းလဲသတ်မှတ်ကာ အရေးပေါ်တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း သြဂုတ် ၂၆ ရက်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။
ယင်းနေ့တွင် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေးသန်းနွယ်၏ “ရန်ကုန် တိုင်းဒေသကြီး အစိုးရအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ မည်သို့သောစစ်ဆေး မှုနှင့် အစီအမံများ ပြုလုပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ၀န်ကြီး ဒေါက်တာမြင့်သိန်းအစား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ဖြေကြားခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ သတိပေးအခြေအနေအဖြစ် သတ်မှတ်ထားပြီး အကယ်၍ သံသယလူနာတစ်ဦး တွေ့ရှိပါက သတိပေးအခြေအနေမှ အရေးပေါ်အခြေအနေ သို့ ပြောင်းလဲ သတ်မှတ်မည်ဟု ဦးသန်းမြင့်က ပြောကြားခြင်းဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ကုသရန်နှင့် ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန် အလွန်ခက်ခဲသည့် ရော ဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အာဖရိက အနောက်ပိုင်းဒေသရှိ ဂီနီ၊ လိုက်ဘေး ရီးယား၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံလေးနိုင်ငံတွင် ကူးစက်ဖြစ်ပွားနေကာ ၂၀၁၄ ခုနှစ် မတ်လမှ သြဂုတ် ၁၅ ရက်အထိ ရောဂါဖြစ်ပွားသူ ၂၁၂၇ ဦးနှင့် သေဆုံး ၁၁၄၅ ဦးရှိခဲ့ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ရောဂါပိုးရှိသောလူ (သို့မဟုတ်)တိရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ဓာကိုယ်မှ ထွက်သော အရည်တို့နှင့် တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ခြင်း၊ အဆိုပါအရည်များ ထိတွေ့ထားသော အရာဝတ္ထုများတို့နှင့် ထိတွေ့ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင်ကြောင်း၊ ယခုအချိန်အထိ ကာကွယ် ကုသရန် ဆေးမရှိသေးဘဲ ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းဖြင့် သာ ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဦးသန်းမြင့်က ဆိုသည်။

အီဘိုလာဗိုင်းရပ်စ် ရောဂါဝင်ရောက်ခြင်းကို စောင့်ကြပ်ကြည့်ရှုရာတွင် အဖျားရောဂါရှိမရှိကို စမ်းသပ်ပြီး လိုအပ်ပါက အတည်ပြုရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် ဆောင်ရွက်နေကြောင်း၊ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက ခရီးသွားရာဇ၀င် အသေးစိတ်မေးမြန်းပြီး အီဘိုလာ ဗိုင်းရပ်စ် ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများ၊ အထူးသဖြင့် အနောက်အာဖရိကနိုင်ငံများသို့ သွားရောက်ခဲ့သူများဖြစ်ပါက သီးသန့်စောင့်ကြပ် ကြည့်ရှုရန်နှင့် လိုအပ်သောကုသမှုများ ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကုသရန် ပြင်ဆင်ထားကြောင်း ဦးသန်းမြင့်က ဆက်လက်ပြောကြားသည်။

“အီဘိုလာသံသယရှိတဲ့ လူနာများကို စောင့်ကြည့်ကုသရန် လိုအပ်တဲ့ကာလမှာ လူနာကို မူလနိုင်ငံ သို့ ပြန် လွှတ်ရန် မဖြစ်နိုင်တာကြောင့် နေထိုင်ခွင့်နှင့် ဗီဇာကိစ္စရပ်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ညှိနှိုင်း ကူညီပေးသွားမှာပါ” ဦးသန်းမြင့်က ဆိုသည်။

Eleven Media Group 

No comments:

Post a Comment