Wednesday 27 August 2014

ဘိန်းစိုက်ပျိုးမှု တရားဝင်ခွင့်ပြုရန် လုံးဝမဖြစ်နိုင်ဟု ဦးရဲထွဋ်ပြော

မြန်မာနိုင်ငံတွင် ဘိန်းကို တရားဝင်စိုက်ပျိုးခွင့်တောင်းဆိုသူများအား ခွင့်ပြုရန်ကိစ္စမှာ လုံးဝမဖြစ်နိုင်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားလိုက်သည်။
ပြီးခဲ့သည့်သီတင်းပတ်က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနတွင် ကျင်းပ သောပြည်ေ ထာင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ တွေ့ဆုံပွဲတွင် ပြည်ထောင်စုပအိုဝ်း အမျိုးသား အဖွဲ့ချုပ်မှ ဦးခွန်စိုးမြင့်က ဘိန်းကိုလွတ်လွတ်လပ် လပ် စိုက်ပျိုးခွင့်ပြုရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘိန်းကို တရားဝင်စိုက်ပျိုး ခွင့်တောင်းခြင်းမှာ ဘိန်းစိုက်တောင်သူများသည် အစိုးရနှင့် လက်နက်ကိုင် တပ်များကိုပါ အခွန်ပေးဆောင်ပြီး စိုက်နေရသဖြင့် တရားဝင်စိုက်ပျိုးခွင့်ပေးသင့် ကြောင်း၊ လမ်းပန်း ဆက် သွယ်ရေး မ ကောင်းသည့်အတွက် အခြားအစားထိုးသီးနှံစိုက်ပျိုးရန်လည်း ခက်ခဲကြောင်း ဦးခွန်စိုးမြင့် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ဘယ်ရမလဲ။ မဖြစ်နိုင်ပါ ဘူး။ စဉ်းစားကြည့်ပါဦး။ အစိုးရ ဘက်ကရော လက်နက်ကိုင်ဘက် ကပါ အခွန်တွေကောက်တယ်ဆို တဲ့ကိစ္စကလည်း နှစ်ဖက်စောင့် ကြည့်ရေးအဖွဲ့တွေနဲ့ နောက်ပိုင်း အားလုံး တည်ငြိမ်သွားရင် မလုပ် အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ဆက်ဆွေးနွေးရမယ့်ကိစ္စ၊ တပ်သားတွေ ရပ်တည်ရေး၊ အဖွဲ့ အစည်းရပ်တည်ရေးအတွက်က လည်း ရေရှည်လုပ်ရမှာ။ ဒီနည်း လမ်းနဲ့တော့ ဖြေရှင်း လို့ မရဘူး’’ ဟု ဦးရဲထွဋ်က ပြောသည်။

ဦးခွန်စိုးမြင့်၏ တောင်းဆိုမှုအပေါ် တက်ရောက်လာသူများ က ချက်ချင်းမတုံ့ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် မူးယစ်အထူးတပ်ဖွဲ့တို့က လုံးဝမဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။

‘‘ဒီလိုတော့လုပ်လို့ မဖြစ်ပါ ဘူး။ ကမ္ဘာပေါ်မှာ ဘိန်းတရားဝင် စိုက်တဲ့ နိုင်ငံတွေရှိပါတယ်။ ဥပမာ အိန္ဒိယ၊ သြစတြေးလျတို့ပါ။ အိန္ဒိယဆို မော်ဖိန်းထုတ်ပြီး တစ်ကမ္ဘာလုံးတင်ပို့တယ်။ ဒါ တောင် သူတို့ဆီမှာ တားဆီး ထိန်း ချုပ်ဖို့ အခက်အခဲတွေအများကြီး ရှိနေတယ်။ တားဆီးထိန်းချုပ်ရေးကို မလုပ်နိုင်ရင် တန်ပြန် ဆိုးကျိုး တွေက မခန့်မှန်းနိုင်ဘူး’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးချုပ်တစ်ဦးက ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးကို အရှိန်မြှင့်နေ သည့် နောက်ငါးနှစ်စီမံကိန်းအ တွက် နိုင်ငံ တကာနှင့် ပူးပေါင်း ဆောင်ရွက်နေချိန်တွင် ဂျာမနီ၊ EU နိုင်ငံများ၏ အကူအညီဖြင့် အစား ထိုးသီးနှံ စိုက်ပျိုးရေးကို တောင် ပေါ်ဒေသများတွင် စတင်နေပြီဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦး က ပြောသည်။

‘‘တရားဝင်စိုက်ခွင့်ပေးဖို့ တော့ မဖြစ်နိုင်ဘူး။ ကြားထဲမှာ Alternative Development (အစားထိုး သီးနှံစိုက် ပျိုးရေး) ကို လုပ်ရမှာ။ အခုတောင် မနည်း ထိန်းသိမ်းပြီးလုပ်နေတာ။ တရား ၀င်စိုက်ခွင့်ရသွားရင်တော့ ပိုထိန်းချုပ်ရခက်သွားလိမ့်မယ်’’ဟု ၎င်း က ဆိုသည်။

မြန်မာသည် ဘိန်းဖြူအပါ အ၀င် စိတ်ကြွရူးသွပ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပြီးခဲ့သည့် နှစ် ကုန် ပိုင်းတွင် ၁၃ ရာခိုင်နှုန်းတိုးလာကြောင်း UNODC (ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး)၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ထို့ပြင် နေ့ စဉ်နှင့်အမျှ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်း၊ စိတ်ကြွ ရူးသွပ်ဆေးဝါးစ သည့် မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီး ရမိမှုများဖြစ်ပေါ်နေပြီး မြန်မာ ပထ၀ီဝင်အနေ အထား အရ အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်သော ဓာတုဆေးဝါးများဖြင့် မူးယစ်ဆေးဝါးချက်လုပ်ရာ အဓိက ရင်းမြစ်အဖြစ် တည်ရှိနေကြောင်း မူးယစ်တိုက်ဖျက်ရေးဗဟိုမှ ဌာနမှူး ရဲမှူးကြီးဇော်လင်းထွန်းက ပြောသည်။

မူးယစ်ဆေးဝါးသည် နိုင်ငံ တကာအလယ်တွင် နိုင်ငံ့ဂုဏ် သိက္ခာကျဆင်းစေသည့်အတွက် တပ်မတော်က မူးယစ်တိုက်ဖျက် ရေး အလေးထားဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က သြဂုတ် ၂၅ ရက်တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment