Wednesday 27 August 2014

သစ်နှင့် သဘာဝရင်းမြစ်တူး ဖော်သည့်လုပ်ငန်း အပါအ၀င် လုပ်ငန်းကိုးခုကို အခွန်ကင်းလွတ် သက်သာခွင့် မပြုတော့

Photo: သစ်နှင့် သဘာဝရင်းမြစ်တူး ဖော်သည့်လုပ်ငန်း အပါအ၀င် လုပ်ငန်းကိုးခုကို အခွန်ကင်းလွတ် သက်သာခွင့် မပြုတော့
Wednesday, August 27, 2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသောရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၄ ဖြင့် သြဂုတ်လ ၁၉ ရက်စွဲဖြင့် သြဂုတ်လ ၂၅ရက်က ထုတ်ပြန်ကြေ ညာသည်။

အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်မပြု သော လုပ်ငန်းများစာရင်း၌ အရက်၊ ဘီယာ၊ စီးကရက် ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆက်စပ် ၀န်ဆောင်မှု လုပ်ငန်းများ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ရောင်း ချသည့်လုပ်ငန်း များ၊ယာဉ်ြ ပင်ဆင်မှုနှင့် အလားတူဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည်။

ထို့အတူ နိုင်ငံသားများကောင်းစွာ လုပ်ကိုင်နိုင်သည့် နည်းပညာမမြင့်မားဘဲ ရင်းနှီမြှုပ်နှံမှုပမာဏ အနည်း ငယ်ဖြင့် ဆောင်ရွက်သည့်စက်မှုလုပ်ငန်းများ(လုပ်

သားအင်အား အများအပြားအသုံးပြုသော လုပ်ငန်းများ မပါ)၊ သစ်တောနယ်မြေကို နှစ်ရှည်ငှားရမ်းပြီး စိုက်ပျိုးထုတ်လုပ်ခြင်း၊ သစ်တော ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်း၊ သဘာဝ အရင်းအမြစ် တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ (ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း များအပါ)လည်း ယင်းစာရင်း ထဲတွင်ပါဝင်သည်။

ထို့ပြင် အဆောက်အအုံ ဆောက်လုပ်၍ ပြန်လည်ရောင်းချသည့်လုပ်ငန်းများ၊ ယာဉ်၊ စက်ယန္တရား ငှားရမ်း သည့် ၀န်ဆောင်မှုလုပ်ငန်းများနှင့် စားသောက်ဆို င်နှင့် အစားအသောက်ရောင်းချသည့် လုပ်ငန်းများလည်း အခွန်ကင်းလွတ်သက်သာခွင့် ပေးရန်မလိုသော လုပ်ငန်းများအဖြစ် သတ်မှတ်ခဲ့သည်။

နို့၊ နို့ထွက်ပစ္စည်းနှင့် သက်ဆိုင်သော စားသောက်ကုန်လုပ်ငန်းများသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် သက်သာခွင့် မပြုတော့ဘဲ အကောက်ခွန် ကင်းလွ တ်သက်သာခွင့်သာပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသတ်မှတ်ချက်များသည် အမိန့်ကြော်ငြာစာ ထွက်ရှိပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြု သည့် ပြည်တွင်း ပြည်ပလုပ်ငန်းများနှင့်သာ သက်ဆိုင်မည် ဖြစ်သည်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ၀င်ငွေခွန်ကင်းလွတ်ခွင့် သက်သာခွင့် များကိုမူ လုပ်ငန်းများအလိုက် ခံစားခွင့်ရှိနေဦးမည် ဖြစ် သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသောရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများ စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၄ ဖြင့် သြဂုတ်လ ၁၉ ရက်စွဲဖြင့် သြဂုတ်လ ၂၅ရက်က ထုတ်ပြန်ကြေ ညာသည်။
အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့် မပြု သော လုပ်ငန်းများစာရင်း၌ အရက်၊ ဘီယာ၊ စီးကရက် ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆက်စပ် ၀န်ဆောင်မှု လုပ်ငန်းများ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ရောင်း ချသည့်လုပ်ငန်း များ၊ ယာဉ်ြ ပင်ဆင်မှုနှင့် အလားတူဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည်။

ထို့အတူ နိုင်ငံသားများကောင်းစွာ လုပ်ကိုင်နိုင်သည့် နည်းပညာမမြင့်မားဘဲ ရင်းနှီမြှုပ်နှံမှုပမာဏ အနည်း ငယ်ဖြင့် ဆောင်ရွက်သည့်စက်မှုလုပ်ငန်းများ(လုပ်

သားအင်အား အများအပြားအသုံးပြုသော လုပ်ငန်းများ မပါ)၊ သစ်တောနယ်မြေကို နှစ်ရှည်ငှားရမ်းပြီး စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သစ်တော ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်း၊ သဘာဝ အရင်းအမြစ် တူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများ (ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း များအပါ)လည်း ယင်းစာရင်း ထဲတွင်ပါဝင် သည်။

ထို့ပြင် အဆောက်အအုံ ဆောက်လုပ်၍ ပြန်လည်ရောင်းချသည့်လုပ်ငန်းများ၊ ယာဉ်၊ စက်ယန္တရား ငှားရမ်း သည့် ၀န်ဆောင်မှုလုပ်ငန်းများနှင့် စားသောက်ဆို င်နှင့် အစားအသောက်ရောင်းချသည့် လုပ်ငန်းများလည်း အခွန်ကင်းလွတ်သက်သာခွင့် ပေးရန်မလိုသော လုပ်ငန်းများအဖြစ် သတ်မှတ်ခဲ့သည်။

နို့၊ နို့ထွက်ပစ္စည်းနှင့် သက်ဆိုင်သော စားသောက်ကုန်လုပ်ငန်းများသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် သက်သာခွင့် မပြုတော့ဘဲ အကောက်ခွန် ကင်းလွ တ်သက်သာခွင့်သာပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသတ်မှတ်ချက်များသည် အမိန့်ကြော်ငြာစာ ထွက်ရှိပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြု သည့် ပြည်တွင်း ပြည်ပလုပ်ငန်းများနှင့်သာ သက်ဆိုင်မည် ဖြစ်သည်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ၀င်ငွေခွန်ကင်းလွတ်ခွင့် သက်သာခွင့် များကိုမူ လုပ်ငန်းများအလိုက် ခံစားခွင့်ရှိနေဦးမည် ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment