Wednesday 27 August 2014

ဆိုင်ခန်း ၄၀၀ ကျော်ရှိသော ငါးဈေးသစ်ကြီး ဖွင့်ပြီးလေးလအကြာတွင် ဆိုင်တစ်ဆိုင်သာဖွင့်

Photo: ဆိုင်ခန်း ၄၀၀ ကျော်ရှိသော ငါးဈေးသစ်ကြီး ဖွင့်ပြီးလေးလအကြာတွင် ဆိုင်တစ်ဆိုင်သာဖွင့်
Wednesday, August 27, 2014

ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသော ရွှေပိတောက်ငါး ဈေး သစ်ကြီးဖွင့်ပြီး လေး လကြာ ချိန်တွင် ငါးဒိုင်ပိုင်ရှင်တစ်ဦးသာ လာရောက်ရောင်းချနေကြောင်း သတင်းရရှိသည်။

၂၀၁၄  ဧပြီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါ လက်ကားငါးဈေး သစ်ကြီး၌ ဆိုင်ခန်း ပေါင်း ၄၃၂ ခန်းရှိရာ ငါးဒိုင်ပိုင်ရှင်၁၇၀ ဦးဝယ်ယူခဲ့ကြသော် လည်း ၁၀ ဦးခန့်လာရောင်းနေရာမှ လေးလကြာချိန်တွင် ဆိုင်ခန်း တစ်ခန်းသာရောင်းတော့ကြောင်း ငါးဒိုင်ပိုင်ရှင် ဦးသန်းလွင်က ပြောသည်။

‘‘ဒါတောင် ၀ယ်သူကို ကြည့် မြင်တိုင်စံပြငါးဈေးကနေ ကျွန် တော့်ကားနဲ့ တင်ခေါ်လာတယ်။ သူတို့တွေကလည်း ကျွန်တော့်ဆီ မှာ ၀ယ်နေကျဖောက်သည်တွေ မို့ပါ။ ငါးဈေးသစ်မှာ ဆိုင်ခန်းဝယ်ထားတဲ့ လူတွေကလည်း ပြီးခဲ့တဲ့လက အကူအညီတောင်းကြ တယ်။ ဈေးဆိုတာ ရောင်းသူရော ၀ယ်သူရောရှိမှ ဈေးဖြစ်မှာမို့ ဈေး ဟောင်းကနေ ဒီဘက်ဈေးသစ်ကို အပြီးအပိုင်ထွက်ခိုင်းရင် ကောင်း မယ်။ ကီလီဈေးကနေ ကြည့်မြင် တိုင်ဈေးကို ပြောင်းသလိုမျိုး’’ဟု မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သော ငါးဒိုင်ပိုင်ရှင် ဦးသန်းလွင်က ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သက်ဆိုင်ရာမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ အကူအညီတောင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနထံ ပြောကြားပေးမည်ဟု ဆိုသည်။

‘‘ရွှေပိတောက်ငါးဈေးကိစ္စ နဲ့ ပတ်သက်ပြီး လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်စေချင်ပါ တယ်။ ဒါပေမဲ့ အချိန်လေးတော့ နည်းနည်းစောင့်ရမယ်’’ ဟု ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက သြဂုတ် ၂၆ ရက် တွင် ပြောသည်။

ယခု ဈေးရောင်းဈေးဝယ် စည်ကားနေသော ကြည့်မြင်တိုင် ရှိ ဗဟိုစံပြ ငါးဈေးသစ်ကြီးကို ၁၉၉၀ ပြည့်နှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂ဒသမ၄၈၇ ဧက ကျော်ကျယ်ဝန်းကာ ဈေးရုံ (၇)ရုံ အတွင်း (၁၅)ပေပတ်လည်ကျယ် သော ဆိုင်ခန်းပေါင်း ၁၄၄ ခန်းရှိ သည်။

သို့ရာတွင် သန့်ရှင်းမှု မရှိ ခြင်းနှင့် လမ်းပေါ်တွင် ပိတ်ဆို့ကာရောင်းနေကြသော ဆိုင်ခန်း ၃၀၀ ကျော်ရှိနေသောကြောင့် ဈေးသစ် ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ရွှေပိတောက် ငါးဈေးသစ် ကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ တွင် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် တောက် ထွန်း ကုမ္ပဏီတို့ အကျိုးတူ ပူး ပေါင်း တည်ဆောက်ခဲ့သော လှိုင် မြို့နယ်၊ သီရိမင်္ဂလာကုန်စိမ်းဈေး ကြီးနှင့် ကပ်လျက်တွင် တည်ရှိ သည်။ အဆိုပါ ဈေးသစ်ကြီးတွင် ဈေးရုံ (၈)ရုံရှိပြီး (၁၁)ပေကျယ် ၍ (၁၈) ပေရှည်သော ဆိုင်ခန်း ပေါင်း (၄၃၂)ခန်း ပါဝင်ကာ ၈ဒသမ၇၅ ဧကပေါ်တွင် တည် ဆောက်ထားသည်။ အပြင်ဘက်ရှိဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃၀၀ ဖြင့် ရောင်းပြီး အတွင်းဘက် ဆိုင်ခန်းများကို ကျပ်သိန်း ၂၅၀ ဖြင့် လက်ငင်းငွေချေ စနစ်နှင့် အရစ်ကျစနစ် နှစ်မျိုးလုံးဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ ယင်းဈေးတည်ဆောက်ရာတွင် ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်ထံ အကြံဉာဏ် များ မတောင်းခံဘဲ ကိုရီးယားနိုင်ငံပုံစံဖြင့် နမူနာယူကာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

ငါးဈေးသစ်ကြီးအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ငါးဈေးသစ်ကြီးအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသော ရွှေပိတောက်ငါး ဈေးသစ်ကြီးဖွင့်ပြီး လေးလကြာချိန်တွင် ငါးဒိုင်ပိုင်ရှင် တစ်ဦးသာ လာရောက်ရောင်းချနေကြောင်း သတင်းရရှိသည်။
၂၀၁၄  ဧပြီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါ လက်ကားငါးဈေး သစ်ကြီး၌ ဆိုင်ခန်း ပေါင်း ၄၃၂ ခန်းရှိရာ ငါးဒိုင်ပိုင်ရှင်၁၇၀ ဦးဝယ်ယူခဲ့ကြသော် လည်း ၁၀ ဦးခန့်လာရောင်းနေရာမှ လေးလကြာချိန်တွင် ဆိုင်ခန်း တစ်ခန်းသာရောင်းတော့ကြောင်း ငါးဒိုင်ပိုင်ရှင် ဦးသန်းလွင်က ပြောသည်။

‘‘ဒါတောင် ၀ယ်သူကို ကြည့် မြင်တိုင်စံပြငါးဈေးကနေ ကျွန် တော့်ကားနဲ့ တင်ခေါ်လာတယ်။ သူတို့တွေက လည်း ကျွန်တော့်ဆီ မှာ ၀ယ်နေကျဖောက်သည်တွေ မို့ပါ။ ငါးဈေးသစ်မှာ ဆိုင်ခန်းဝယ်ထားတဲ့ လူတွေက လည်း ပြီးခဲ့တဲ့လက အကူအညီတောင်းကြတယ်။ ဈေးဆိုတာ ရောင်းသူရော ၀ယ်သူရောရှိမှ ဈေးဖြစ်မှာ မို့ ဈေး ဟောင်းကနေ ဒီဘက်ဈေးသစ်ကို အပြီးအပိုင်ထွက်ခိုင်းရင် ကောင်း မယ်။ ကီလီဈေးကနေ ကြည့်မြင် တိုင်ဈေးကို ပြောင်းသလိုမျိုး’’ဟု မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သော ငါးဒိုင်ပိုင် ရှင် ဦးသန်းလွင်က ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သက်ဆိုင်ရာမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာနထံ အကူ အညီတောင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနထံ ပြောကြားပေးမည်ဟု ဆို သည်။

‘‘ရွှေပိတောက်ငါးဈေးကိစ္စ နဲ့ ပတ်သက်ပြီး လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်စေချင်ပါ တယ်။ ဒါပေမဲ့ အချိန်လေးတော့ နည်းနည်းစောင့်ရမယ်’’ ဟု ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက သြဂုတ် ၂၆ ရက် တွင် ပြောသည်။

ယခု ဈေးရောင်းဈေးဝယ် စည်ကားနေသော ကြည့်မြင်တိုင် ရှိ ဗဟိုစံပြ ငါးဈေးသစ်ကြီးကို ၁၉၉၀ ပြည့်နှစ် တွင် စတင်တည် ဆောက်ခဲ့ပြီး ၂ဒသမ၄၈၇ ဧက ကျော်ကျယ်ဝန်းကာ ဈေးရုံ (၇)ရုံ အတွင်း (၁၅)ပေ ပတ် လည်ကျယ် သော ဆိုင်ခန်းပေါင်း ၁၄၄ ခန်းရှိ သည်။

သို့ရာတွင် သန့်ရှင်းမှုမရှိ ခြင်းနှင့် လမ်းပေါ်တွင် ပိတ်ဆို့ကာရောင်းနေကြသော ဆိုင်ခန်း ၃၀၀ ကျော်ရှိနေေ သာကြောင့် ဈေးသစ် ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ရွှေပိတောက် ငါးဈေးသစ် ကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ တွင် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် တောက် ထွန်း ကုမ္ပဏီတို့ အကျိုးတူ ပူး ပေါင်း တည်ဆောက်ခဲ့သော လှိုင် မြို့နယ်၊ သီရိမင်္ဂလာကုန်စိမ်းဈေး ကြီးနှင့် ကပ်လျက်တွင် တည်ရှိ သည်။ အဆိုပါ ဈေးသစ်ကြီးတွင် ဈေးရုံ (၈)ရုံရှိပြီး (၁၁)ပေကျယ် ၍ (၁၈) ပေရှည်သော ဆိုင် ခန်း ပေါင်း (၄၃၂)ခန်း ပါဝင်ကာ ၈ဒသမ၇၅ ဧကပေါ်တွင် တည် ဆောက်ထားသည်။ အပြင်ဘက်ရှိ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃၀၀ ဖြင့် ရောင်းပြီး အတွင်းဘက် ဆိုင်ခန်းများကို ကျပ်သိန်း ၂၅၀ ဖြင့် လက်ငင်းငွေချေ စနစ်နှင့် အရစ်ကျစနစ် နှစ်မျိုးလုံးဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ ယင်းဈေး တည်ဆောက်ရာတွင် ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်ထံ အကြံဉာဏ် များ မတောင်းခံဘဲ ကိုရီးယားနိုင်ငံပုံစံဖြင့် နမူနာယူကာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment