Wednesday 27 August 2014

မြန်မာကို စီးပွားရေးအရ ဂျပန်မျက်စိကျဟု UMFCCI ဥက္ကဋ္ဌပြော

Photo: မြန်မာကို စီးပွားရေးအရ ဂျပန်မျက်စိကျဟု UMFCCI ဥက္ကဋ္ဌပြော
Wednesday, August 27, 2014

ဂျပန်နိုင်ငံသည် အာဆီယံနိုင်ငံများအနက် မြန်မာ နိုင်ငံကို စီးပွားရေးအရ မျက်စိအ ကျဆုံးဖြစ်နေပြီး အထူးအလေး ထားနေခြင်းကြောင့် ပထမအ ကြိမ် အာဆီယံ-ဂျပန်အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံတွင် လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

‘‘ဒါကြောင့်မို့ ယခင့်ယခင် အခြားအခြားသော အာဆီယံနိုင်ငံတွေမှာ သွားရောက်ကြတဲ့ အနေ အထားထက် ပိုပြီးတော့ မြန်မာ နိုင်ငံအပေါ် အလေးထားပြီးတော့ လာကြတယ်လို့ သုံးသပ်ပါတယ်’’ ဟု ဦးဝင်းအောင်က ဆိုသည်။

အဆိုပါအာဆီယံ-ဂျပန် ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် Local To Local ပူးပေါင်းဆောင် ရွက်ရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအပါအ၀င် အာ ဆီယံနိုင်ငံတွေများ၏ အဓိကလို အပ်ချက်ဖြစ်သော နည်းပညာများကို အားသာချက်ရှိသည့် ဂျပန်နိုင်ငံမှ နည်းပညာများ အာဆီယံနိုင်ငံများတွင် ပေါင်းစပ်ခြင်းဖြင့် ဂျပန်နှင့် အာဆီယံနိုင်ငံများမှာ SME လုပ်ငန်းများ အကျိုးရှိစွာ လုပ်ဆောင်ရေး အဓိကထား ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

‘‘ဂျပန်ဘက်က မြန်မာနိုင်ငံ အပေါ် အထူးကို စိတ်ဝင်စားကြပါ တယ်။ ရှေ့လျှောက်ပြီးတော့ အာ ဆီယံနိုင်ငံအားလုံးမှာ အဓိကစိတ် ၀င်စားတာ CLM Country ပေါ့ နော်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ အဲဒီအထဲကမှ မြန်မာနိုင်ငံ အပေါ် ပိုပြီးတော့ အလေးထားတဲ့ သဘောထားရှိပါတယ်’’ဟု ဦးဝင်းအောင်က ပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံသည် မြန် မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအ မြစ်များကို အကျိုးရှိရှိ အသုံးချပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ် လုပ်ရန် ရည်ရွယ်ချက်ဖြင့် SME လုပ်ငန်းများလာရောက်လုပ်ကိုင်နေကြကြောင်း ဦးဝင်းအောင်က ပြောသည်။

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ ၀င်ရောက်သော ရင်းနှီးမြုပ်နှံမှုသည် ပြီးခဲ့သည့် နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်များနေပြီဖြစ်ကြောင်း  ဦးဝင်းအောင်က အာဆီယံ-ဂျပန်အစိုးရ-ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှုဆွေး နွေးပွဲတွင်  ပြောကြားခဲ့သည်။

7Day DAILY 

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဂျပန်နိုင်ငံသည် အာဆီယံနိုင်ငံများအနက် မြန်မာ နိုင်ငံကို စီးပွားရေးအရ မျက်စိအ ကျဆုံးဖြစ်နေပြီး အထူး အလေး ထားနေခြင်းကြောင့် ပထမအ ကြိမ် အာဆီယံ-ဂျပန်အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက် မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြော ကြားသည်။
‘‘ဒါကြောင့်မို့ ယခင့်ယခင် အခြားအခြားသော အာဆီယံနိုင်ငံတွေမှာ သွားရောက်ကြတဲ့ အနေ အထားထက် ပိုပြီးတော့ မြန်မာ နိုင်ငံအပေါ် အလေးထားပြီးတော့ လာကြတယ်လို့ သုံးသပ်ပါတယ်’’ ဟု ဦးဝင်းအောင်က ဆိုသည်။

အဆိုပါအာဆီယံ-ဂျပန် ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်၊ ကျန်းမာရေး စောင့်ရှောက် မှုနှင့် Local To Local ပူးပေါင်းဆောင် ရွက်ရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ များ ဆွေးနွေးခဲ့ကြ သည်။

မြန်မာနိုင်ငံအပါအ၀င် အာ ဆီယံနိုင်ငံတွေများ၏ အဓိကလို အပ်ချက်ဖြစ်သော နည်းပညာများကို အား သာချက် ရှိသည့် ဂျပန်နိုင်ငံမှ နည်းပညာများ အာဆီယံနိုင်ငံများတွင် ပေါင်းစပ်ခြင်းဖြင့် ဂျပန်နှင့် အာဆီယံနိုင်ငံများမှာ SME လုပ်ငန်းများ အကျိုးရှိစွာ လုပ်ဆောင်ရေး အဓိကထား ဆွေးနွေးမှုပြုလုပ် ခဲ့ကြောင်း သိရသည်။

‘‘ဂျပန်ဘက်က မြန်မာနိုင်ငံအပေါ် အထူးကိုစိတ်ဝင်စားကြပါတယ်။ ရှေ့လျှောက်ပြီးတော့ အာဆီယံနိုင်ငံ အားလုံးမှာ အဓိကစိတ် ၀င်စားတာ CLM Country ပေါ့ နော်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ အဲဒီအထဲက မှ မြန်မာနိုင်ငံ အပေါ် ပိုပြီးတော့ အလေးထားတဲ့ သဘောထားရှိပါတယ်’’ဟု ဦးဝင်းအောင်က ပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံသည် မြန် မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအ မြစ်များကို အကျိုးရှိရှိ အသုံးချပြီး တန်ဖိုးမြှင့် ထုတ်ကုန်များထုတ် လုပ်ရန် ရည်ရွယ်ချက်ဖြင့် SME လုပ်ငန်းများလာရောက်လုပ်ကိုင်နေကြကြောင်း ဦးဝင်းအောင်က ပြောသည်။

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ ၀င်ရောက်သော ရင်းနှီးမြုပ်နှံမှု သည် ပြီးခဲ့သည့် နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်များနေပြီဖြစ်ကြောင်း  ဦးဝင်းအောင် က အာဆီယံ-ဂျပန်အစိုးရ-ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှုဆွေး နွေးပွဲတွင်  ပြောကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment