Wednesday 27 August 2014

ပျဉ်းမနားပေါင်းလောင်းကွင်း ပြည်သူ့ကွင်းအဖြစ် ပြန်ဖွင့်

Photo: ပျဉ်းမနားပေါင်းလောင်းကွင်း ပြည်သူ့ကွင်းအဖြစ် ပြန်ဖွင့်
Wednesday, August 27, 2014

နေပြည်တော် ဘောလုံးအသင်းက အိမ်ကွင်းအ ဖြစ်အသုံးပြုလျက်ရှိသော ပျဉ်းမ နားမြို့ရှိ ပေါင်းလောင်းအားက စားကွင်းကို ပြည်သူ့ပေါင်း လောင်း အားကစားပြိုင်ပွဲ ကွင်းအ ဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ် ပေးလိုက်ပြီဖြစ်သည်။

ပျဉ်းမနားမြို့ဒေသခံများက နှစ်ပေါင်းလေးဆယ်ကျော်ကြာ အများပြည်သူ့အားကစားကွင်း အဖြစ် အသုံးပြုခဲ့သည့် ပျဉ်းမနား ပေါင်းလောင်းအားကစားကွင်း မြန်မာနိုင်ငံအားကစားဝန်ကြီးဌာ နက နေပြည်တော်ဘောလုံးအ သင်းအား အိမ်ကွင်းအဖြစ် အသုံး ပြုရန် နှစ်သုံးဆယ်စာချုပ်ဖြင့် ၂၀၁၁ ခုနှစ်တွင် ငှားရမ်းလိုက်ချိန် ကစ၍ ပျဉ်းမနားမြို့ ဒေသခံများ ကစားခွင့်မရရှိခဲ့ခြင်းဖြစ်သည်။

‘‘အရင်က ပေါင်းလောင်း ကွင်းကို နေပြည်တော် FC Stadium ဆိုပြီးတော့ တင်ထား တာ။ အဲဒါကို ဒီနေ့ပဲ ပျဉ်းမနားမြို့ နယ်၊ ပြည်သူ့ပေါင်းလောင်းအား ကစားပြိုင်ပွဲကွင်းဆိုပြီးတော့ ဆိုင်းဘုတ်ပြန်တင်လိုက်တယ်။ ပေါင်းလောင်းကွင်းထဲမှာ ပျဉ်းမ နားဘောလုံးသမားလေးတွေ က စားခွင့်ရတယ်။ ပြိုင်ပွဲကျင်းပခွင့် ရတယ်။ ဒါပေမဲ့ ပေါင်းလောင်း ကွင်းကိုတော့ အလုံးစုံပြန်မရ သေးဘူး’’ဟု ပေါင်းလောင်း အား ကစားကွင်းပြန်လည်ရရှိရေးအ တွက် ကြိုးပမ်းဆောင်ရွက်သူ အားကစားသမားဟောင်း ဦးအုန်း လွင်ကပြောသည်။

သြဂုတ် ၂၆ ရက်တွင် ပြန် ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ပျဉ်းမနား ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် မြို့မိမြို့ ဖများနှင့် အားကစားသမား ဟောင်းများက ၂၀၁၂ ခုနှစ်တွင် စာဖြင့်တောင်းဆိုခဲ့သော်လည်း မရရှိသည့်အတွက် ၂၀၁၄ ခုနှစ် တွင် ထပ်မံလှုပ်ရှားတောင်းဆိုခဲ့ ရာ ပေါင်းလောင်းကွင်းဆိုင်းဘုတ် ပြန်တင်ခွင့်အပါအ၀င် ရပ်ကွက် တွင်းရှိ ကစားသမားများပြန် လည်ကစားခွင့်နှင့် မြို့တွင်းရပ် ကွက်ပြိုင်ပွဲများကျင်းပခွင့်ကိုသာ ပြန်လည်ခွင့်ပြုခဲ့ပြီး အားကစား ၀န်ကြီးဌာနက နေပြည်တော် FC အတွက် အနှစ်သုံးဆယ်အငှားစာ ချုပ်ချထားမှုကို ဖျက်သိမ်းခွင့်မ ပေးသေးကြောင်း သတင်းရရှိ သည်။

ပျဉ်းမနားမြို့နယ် ပြည်သူ့ ပေါင်းလောင်းအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲကို နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မြင့် အောင်သန်း၊ ပျဉ်းမနားမြို့နယ် တာဝန်ခံ ဒုရဲမှူးသန်းမြင့်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများတက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ပျဉ်းမနားမြို့နယ် ပြည်သူ့ ပေါင်းလောင်းအားကစားကွင်းကို ၁၉၆၈ ခုနှစ်တွင် မြို့မိမြို့ဖရန်ပုံ ငွေဖြင့် အကောင်အထည်ဖော်ခဲ့ ပြီး ၁၉၇၃ ခုနှစ် ဇွန်လ ၇ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။

7Day DAILY 

အသစ်ပြန်လည်ဖွင့်လှစ်လိုက်သော ပေါင်းလောင်းကွင်း (ဓာတ်ပုံ−နန်းအောင်)
အသစ်ပြန်လည်ဖွင့်လှစ်လိုက်သော ပေါင်းလောင်းကွင်း (ဓာတ်ပုံ−နန်းအောင်)
နေပြည်တော် ဘောလုံးအသင်းက အိမ်ကွင်းအ ဖြစ်အသုံးပြုလျက်ရှိသော ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း အားကစားကွင်းကို ပြည်သူ့ပေါင်းလောင်း အားကစားပြိုင်ပွဲကွင်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ် ပေးလိုက် ပြီဖြစ်သည်။

ပျဉ်းမနားမြို့ဒေသခံများက နှစ်ပေါင်းလေးဆယ်ကျော်ကြာ အများပြည်သူ့အားကစားကွင်း အဖြစ် အသုံးပြု ခဲ့သည့် ပျဉ်းမနား ပေါင်းလောင်းအားကစားကွင်း မြန်မာနိုင်ငံအားကစားဝန်ကြီးဌာနက နေပြည်တော် ဘောလုံးအသင်းအား အိမ်ကွင်းအဖြစ်အသုံးပြုရန် နှစ်သုံးဆယ်စာချုပ်ဖြင့် ၂၀၁၁ ခုနှစ်တွင် ငှားရမ်းလိုက် ချိန်ကစ၍ ပျဉ်းမနားမြို့ ဒေသခံများ ကစားခွင့်မရရှိခဲ့ခြင်းဖြစ်သည်။

‘‘အရင်က ပေါင်းလောင်း ကွင်းကို နေပြည်တော် FC Stadium ဆိုပြီးတော့ တင်ထား တာ။ အဲဒါကို ဒီနေ့ပဲ ပျဉ်းမနားမြို့ နယ်၊ ပြည်သူ့ပေါင်းလောင်းအား ကစားပြိုင်ပွဲကွင်းဆိုပြီးတော့ ဆိုင်းဘုတ်ပြန်တင်လိုက်တယ်။ ပေါင်းလောင်းကွင်းထဲမှာ ပျဉ်းမ နားဘောလုံးသမားလေးတွေ က စားခွင့်ရတယ်။ ပြိုင်ပွဲကျင်းပခွင့် ရတယ်။ ဒါပေမဲ့ ပေါင်းလောင်း ကွင်းကိုတော့ အလုံးစုံပြန်မရ သေးဘူး’’ဟု ပေါင်းလောင်း အား ကစားကွင်းပြန်လည် ရရှိရေးအ တွက် ကြိုးပမ်းဆောင်ရွက်သူ အားကစားသမားဟောင်း ဦးအုန်း လွင်ကပြောသည်။

သြဂုတ် ၂၆ ရက်တွင် ပြန် ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ပျဉ်းမနား ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေး အတွက် မြို့မိမြို့ ဖများနှင့် အားကစားသမား ဟောင်းများက ၂၀၁၂ ခုနှစ်တွင် စာဖြင့်တောင်းဆိုခဲ့သော်လည်း မရရှိသည့်အတွက် ၂၀၁၄ ခုနှစ်တွင် ထပ်မံလှုပ်ရှားတောင်းဆိုခဲ့ ရာ ပေါင်းလောင်းကွင်းဆိုင်းဘုတ် ပြန် တင်ခွင့် အပါအ၀င် ရပ်ကွက် တွင်းရှိ ကစားသမားများပြန် လည်ကစားခွင့်နှင့် မြို့တွင်းရပ် ကွက်ပြိုင်ပွဲ များကျင်းပခွင့်ကိုသာ ပြန်လည်ခွင့်ပြုခဲ့ပြီး အားကစား ၀န်ကြီးဌာနက နေပြည်တော် FC အတွက် အနှစ်သုံးဆယ်အငှားစာ ချုပ်ချထားမှုကို ဖျက်သိမ်းခွင့်မ ပေးသေးကြောင်း သတင်းရရှိ သည်။

ပျဉ်းမနားမြို့နယ် ပြည်သူ့ ပေါင်းလောင်းအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲကို နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ ပျဉ်းမနားမြို့နယ် တာဝန်ခံ ဒုရဲမှူးသန်းမြင့်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများတက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ပျဉ်းမနားမြို့နယ် ပြည်သူ့ ပေါင်းလောင်းအားကစားကွင်းကို ၁၉၆၈ ခုနှစ်တွင် မြို့မိမြို့ဖရန်ပုံ ငွေဖြင့် အကောင် အထည် ဖော်ခဲ့ ပြီး ၁၉၇၃ ခုနှစ် ဇွန်လ ၇ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment