Wednesday 27 August 2014

မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု

Photo: မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု
Wednesday, August 27, 2014

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတဲ့အထဲမှာ သဘာဝသယံဇာတတွေကို ထုတ်ယူ အသုံးချပြီး လုပ်ဆောင်နေကြတာ တွေ တစ်နေ့ထက်တစ်နေ့များ များလာပါတယ်။ ဥပမာ ဓာတ် သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တွေ၊ ရေအားလျှပ်စစ်ထုတ်လုပ် မှုအတွက် တာတမံဆောက်လုပ် မှုတွေ၊ ကျောက်မီးသွေးသုံး လျှပ် စစ်ဓာတ်အားထုတ်လုပ်တဲ့ စက် ရုံတွေ ဒါတွေဆောက်လုပ်ဖို့ လုပ် ငန်းတွေ တန်းစီနေတာပါပဲ။ တ ချို့ကိုလည်း ကြိုသိရတာတွေရှိ ပါတယ်။ ကြိုသိရတော့ ကြိုကန့် ကွက်တာတွေ တွေ့ရလို့လားမသိ ပါဘူးဗျာ။ တချို့ဟာတွေဆိုရင် စီမံကိန်းကြီးတွေ ဖြစ်ပါလျက်နဲ့ နေ့ချင်းညချင်း ပေါ်လာတာတွေ လည်း ရှိနေပါတယ်။ ဘာပဲပြော ပြော ဒါကတော့ အစိုးရနဲ့ ဆိုင်နေ ပြီး နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်း တွေက ဦးဆောင်ဆွေးနွေးကြရ မယ့် ကိစ္စမို့ အကျယ်မပြောလို တော့ပါဘူး။ ကျွန်တော်ပြောချင် တာကတော့ နိုင်ငံရဲ့ GDP တိုး အောင်ဆိုပြီး လုပ်နေကြတဲ့ ဒီဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းတွေနဲ့ ပတ် သက်ပြီး ကမ္ဘာ့မိုးလေ၀သအဖွဲ့ ချုပ်ကြီးက ထုတ်ပြန်ထားတဲ့ အချက်လေးတွေကို ပြောပြချင်ပါတယ်။

WMO-IPCC ရဲ့ ထုတ်ပြန်ချက်

 ပထမဆုံး ပြောချင်တဲ့အ ချက်က ကမ္ဘာ့နိုဗယ်ဆုရ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာအစိုးရများအဖွဲ့ (In-terpgovernmental Panel on Climate Change-IPCC) ရဲ့ ကမ္ဘာကြီးပူနွေးမှုရဲ့ အဓိကအ ကြောင်းရင်း Main Driver တရား ခံကြီးကတော့ နိုင်ငံအများစုက အော်ဟစ်ကြွေးကြော်ဆောင်ရွက် နေကြတဲ့ GDP (Gross Domestic Product) တိုးတက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စတွေဟာ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်တဲ့အဓိက အ ကြောင်းရင်းကြီးဖြစ်နေပါတယ် လို့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ထုတ်ဖော်သတိပေး ပြောကြားခဲ့ ပါတယ်။

 ဒီတော့ နိုင်ငံတကာက ဆောင်ရွက်နေကြတဲ့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေဟာ ပတ် ၀န်းကျင်ကို ထိခိုက်မှုမရှိရဘူး။ ပတ်ဝန်းကျင်ရှုထောင့်အရ ခိုင်မာ မှုရှိရမယ်။ ဒါကြောင့် စီမံကိန်းတွေမစတင်မီ စေ့စပ်သေချာတိကျတဲ့ ဆန်းစစ်မှုတွေ လုပ်ကြရမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ချက် (Environmental Impact Assessment-EIA) ၊ လူမှုရေးရာထိခိုက်မှု ဆန်းစစ်ချက် (Social Impact Assessment - SIA) ၊ အသက်မွေးဝမ်းကျောင်း၊ သဘာဝဘေး၊ လူမှုရေး၊ လူမှုအခွင့်အ ရေးစတာတွေလည်း ဆန်းစစ်ကြ ရမယ်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ တွေနဲ့အညီ စည်းကမ်းတကျစနစ်တကျ၊ စံမီပေမီ ဆောင်ရွက်ကြမှ သာ လုပ်ဆောင်နေကြတဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေဟာ စဉ်ဆက်မပြတ်အရှည်တည်တံ့နိုင် တဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်လာလိမ့် မယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်မှုမျိုး ကိုသာ ကမ္ဘာ့နိုင်ငံတွေအသီးသီး က လိုက်နာဆောင်ရွက်ကြဖို့ လို တယ်လို့ ကမ္ဘာ့ရာသီဥတုပြောင်း လဲမှု စေ့စပ်ဆွေးနွေးရေး ကွန်ဖရင့်များ (World Climate Change Negotiation Conference) တွေ မှာ သဘောတူဆုံးဖြတ်ခဲ့ကြပါ တယ်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ဘာလဲ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုဆိုတာ အနာဂတ်ကာလ မျိုးဆက်တွေရဲ့ သူတို့လိုအပ်ချက်တွေကို သူတို့ကိုယ်တိုင် ဖြည့် ဆည်းပေးနိုင်မှုကို မထိခိုက်စေဘဲ လက်ရှိမိမိတို့ရဲ့ လိုအပ်ချက်တွေ ကို ပြည့်ဝအောင်ဆောင်ရွက်ပေး နိုင်ခြင်းပဲ။  ၁၉၈၇ ခုနှစ်က ကျင်းပခဲ့တဲ့ Brundtland Commission အစည်းအဝေးက အများသဘောတူ အဓိပ္ပာယ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ဆီမှာ လုပ်နေကြတဲ့ EIA တွေမှာ ဒီအချက်ပါသလား၊ မပါဘူးလားဆိုတာကို ဆန်းစစ်စေချင်တယ်။

စဉ်ဆက်မပြတ်တည်တံ့မှုဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။

နိုင်ငံတော်ရဲ့ မရွှေ့ပြောင်း နိုင်တဲ့ သဘာဝအရင်းအမြစ်တွေ (ဥပမာ-ရုပ်ကြွင်းလောင်စာတွေ၊ ဓာတ်သတ္တုပစ္စည်းတွေ၊ ကမ္ဘာ့ သယံဇာတ တွင်းထွက်ပစ္စည်း တွေ)ဆိုတာ အတိုင်းအတာ ပမာဏဟာ ပုံသေဖြစ်နေတဲ့အပြင် အလွယ်တကူပြန်လည် ဖြည့်ဆည်းဖို့ကလည်း မဖြစ်နိုင်တာကြောင့် အဲဒီသယံဇာတတွေကို အဆင်ခြင်မဲ့ သုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်နေ့မှာ အားလုံးကုန်ခန်းသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ရွှေ့ပြောင်းနိုင် တဲ့ သဘာဝအရင်းအမြစ်တွေ (ဥပမာ- ငါး၊ တိရစ္ဆာန်၊ သစ်တော၊မြေအောက်ရေစသဖြင့်)ဆိုတာ အတိုင်းအတာပမာဏဟာ ပြန် လည်ဖြည့်စွမ်းနိုင်တာထက် အဲဒီ သယံဇာတတွေကို အဆင်ခြင်မဲ့ ပိုမိုသုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်နေ့မှာ အားလုံးကုန်ခန်းသွား မှာ ဖြစ်ပါတယ်။

အဲဒီကုန်ခန်းသွားမှုအတွက် သက်ဆိုင်ရာ စီမံကိန်းဆောင်ရွက် သူတွေက အာမခံမှု၊ တာဝန်ယူ မှုတွေ လျော်ကြေးပေးမှုတွေစတာ တွေကို စီမံကိန်းသဘောတူစာ ချုပ်တွေမှာ ပါရဲ့လားဆိုတာကော ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဒီဟာတွေကို Decision Makers တွေသိဖို့ လိုပါတယ်။

ဒီတော့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ ကို အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက် အောင်၊ နိုင်ငံတော်ရဲ့ GDP တွေ တိုးတက်အောင် လုပ်မယ်ဆိုပြီး လုပ်နေကြသမျှအားလုံးဟာ စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မပျက်ဖို့လိုပါတယ်။ အဲဒီလို မပျက်စေပါဘူးဆိုတာကို အာမခံချက်ပေးနိုင်ရမယ်။ ပေးနိုင်အောင် လည်း Assessment တွေကို တိတိကျကျလုပ်ဆောင်ကြဖို့ လိုပါ တယ်။

  လုပ်ဆောင်တယ်ဆိုတဲ့ နေရာမှာ ထပ်ဆောင်းပြောလိုတာက လုပ်တယ်ဆိုတာနဲ့ အမည်ခံ သက်သက်နဲ့ မပြီးပါဘူး။ အရည် အသွေးမမီတဲ့ ဆန်းစစ်ချက်၊ SOP မကိုက်တဲ့ ဆန်းစစ်ချက်မျိုး မဖြစ် စေရပါဘူး။ သဘောကတော့ဗျာ မိမိမှာ ရောဂါရှိ၊ မရှိဆန်းစစ်တာ ထက်တောင် ပိုပြီးဂရုစိုက်ဖို့ လိုပါ တယ်။ ပြောရရင်တော့ ကင်ဆာ ရောဂါသံသယရှိနေလို့ ဆေးစစ် ပြီဆိုရင် ကျွန်တော်တို့ ဘယ်လို စစ်ကြရသလဲ၊ အကောင်းဆုံး ဆေးရုံ၊ အကောင်းဆုံး ဆရာဝန်နဲ့ စစ်ဆေးကြရပြီး ပစ္စည်းကိရိယာ၊ နည်းပညာအားနည်းနေရင် ပြည်ပကိုတောင် သေချာအောင် သွား ဆေးစစ်ကြရတယ်မဟုတ်လား။ ဒါတွေအားလုံးဟာ ခွဲမယ်၊ စိတ် မယ်ဆိုတာတွေ မလုပ်မီ သေသေ ချာချာ လုပ်ကြရတာပါ။ သေချာ အောင် စစ်ဆေးမှုတွေဟာ ဘယ် လောက်အရေးပါသလဲဆိုတာကို ပြတာပါ။  လူတစ်ယောက်ချင်း စီမှာတောင် ဒီလောက်အရေးတ ယူစနစ်တကျလုပ်ကြရတယ်ဆို ရင် လူအများတွေရဲ့ ဘ၀ရပ်တည် မှုအတွက် အရေးပါတဲ့ EIA, SIA တွေဆိုတာ ဘယ်လောက်အလေး အနက်ထားဆောင်ရွက်ကြရမယ် ဆိုတာ တွေးကြည့်နိုင်ကြပါတယ်။ စစ်ဆေးတဲ့သူကလည်း သူ့စစ် ဆေးချက်ကိုလည်း တာဝန်ယူကြ ရပါတယ်။ အာမခံစနစ်နဲ့ပဲဖြစ် ဖြစ် မှားယွင်းရင်လည်း လျော် ကြေးပေးကြရပါတယ်။ ဒါဟာ နိုင်ငံတကာစံပါ။

ပတ်ဝန်းကျင်   ယိုယွင်းမှုရောဂါဟာ ကင်ဆာထက်ဆိုးတယ်။

ကင်ဆာရောဂါရပြီဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက်က တော်တော်နည်းသွားရပြီ ဖြစ်ပါ တယ်။ ကင်ဆာရောဂါရဲ့ ထူးခြား ချက်တွေကတော့ အချို့များဆို ရင် ကင်ဆာရောဂါဖြစ်နေတာကို တောင်မသိလိုက်ရဘဲ အသက်ဆုံးရှုံးသွားခဲ့ကြရတယ်။ အချို့ဆိုရင် တော့ ကင်ဆာရောဂါရနေပြီလို့ သိလိုက်ရတယ်။ ဒါပေမဲ့ ကုသ လို့ မမီတော့ဘူး။ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ ကင် ဆာထက် ဆိုးပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို SOP မီ တဲ့ ဆန်းစစ်ချက်မရှိဘဲ သဘာဝ သယံဇာတတွေကို အသုံးချပြီး မိမိဆန္ဒအတိုင်း လုပ်ဆောင်နေခြင်း ဟာ တကယ်တော့ နိုင်ငံတော်ကို သစ္စာမစောင့်သိတာ အနာဂတ် ကာလကို ဖျက်ဆီးတာလို့တောင် ပြောနိုင်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေလုပ်တဲ့နေရာမှာ အများပြည် သူပိုင်ဆိုင်နေထိုင်တဲ့နေရာတွေ ကို သိမ်းယူလုပ်ဆောင်ရတာတွေ ဟာ ယနေ့မြန်မာနိုင်ငံမှာ အမြဲ ကြားနေရပါတယ်။ ဟိုတစ်လောက ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကိုတက်တော့ စင်ကာပူက အငြိမ်းစားပါမောက္ခတစ်ယောက်က သူရေးသားထုတ်ဝေထားတဲ့ နိုင်ငံတကာစာပေဆုရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေစာအုပ်အကြောင်းရှင်းပြတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ မြေယာသိမ်းယူမှု (Land Grabbimhg) ကာကွယ်ရေးတွေ အကြောင်းပါတယ်။ ပြည်သူလူထု နိုင်ငံသားတိုင်းရဲ့ အခြေခံဥပဒေပါ အခွင့်အရေးဖြစ်တဲ့ နိုင်ငံသားတိုင်း နေပိုင်ခွင့်ရှိရမယ်ဆိုတဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဟာလည်း အခြေခံဥပဒေကို ချိုးဖောက်ခြင်းမို့ ခွင့်မပြုရဘူးလို့ ပါရှိနေပါတယ်။

စံတွေကိုက်ဖို့ အလွန်အရေးကြီး ပါတယ်။

ဒီတော့ဗျာ။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် ဆောင်ကြရာမှာ အခုဆိုရင် စတာ တွေလည်း စနေပြီ။ စမလို့ တာစူ နေတာလည်း တာစူနေကြပြီ။ ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ ကိစ္စ တွေကလည်း တစ်ပုံတစ်ပင်ရှိနေ ဦးမယ်ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဆောင်ပုဒ်တစ်ခု အတိုင်း အားလုံးဆောင်ရွက်ကြ လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါကတော့ ‘‘နိုင်ငံကို သစ္စာရှိပါ။ ကျန်တာတွေကတော့ ထိုက်တန် မှ သစ္စာရှိပါ’’ဆိုတာပါပဲ။

Mizzima - News in Burmese 

ဟိန္ဒားသတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ချောင်းအတွင်း စွန့်ပစ် မြေစာများ ၀င်ရောက်ပြီး တိမ်ကောသွားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား များက ဆိုသော ချောင်းတွင် ကလေးငယ်တစ်ဦး ဖြတ်သန်း သွားလာနေ စဉ် ။ ယခင် အစိုးရ လက်ထက် ခွင့်ပြုခဲ့သော စီမံကိန်းအများစုမှာ EIA, SIA လုပ်ကိုင်လေ့ မရှိပေ။ (ဓာတ်ပုံ- မောင်ဖြိုး (Dawei Development Association))
ဟိန္ဒားသတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ချောင်းအတွင်း စွန့်ပစ် မြေစာများ ၀င်ရောက်ပြီး တိမ်ကော သွား သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသော ချောင်းတွင် ကလေးငယ် တစ်ဦး ဖြတ်သန်း သွားလာနေစဉ် ။ ယခင် အစိုးရ လက်ထက် ခွင့်ပြုခဲ့သော စီမံကိန်းအများစုမှာ EIA, SIA လုပ်ကိုင်လေ့ မရှိပေ။ (ဓာတ်ပုံ- မောင်ဖြိုး (Dawei Development Association))
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတဲ့အထဲမှာ သဘာဝသယံဇာတတွေကို ထုတ်ယူ အသုံးချပြီး လုပ်ဆောင်နေကြတာ တွေ တစ်နေ့ထက်တစ်နေ့များ များလာပါတယ်။ ဥပမာ ဓာတ် သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တွေ၊ ရေအားလျှပ်စစ်ထုတ်လုပ် မှုအတွက် တာတမံဆောက် လုပ် မှုတွေ၊ ကျောက်မီးသွေးသုံး လျှပ် စစ်ဓာတ်အားထုတ်လုပ်တဲ့ စက် ရုံတွေ ဒါတွေဆောက်လုပ်ဖို့ လုပ် ငန်းတွေ တန်းစီနေတာပါပဲ။ တ ချို့ကိုလည်း ကြိုသိရတာတွေရှိ ပါတယ်။ ကြိုသိရတော့ ကြိုကန့် ကွက်တာတွေ တွေ့ရလို့လားမသိ ပါဘူးဗျာ။ တချို့ဟာတွေဆိုရင် စီမံကိန်း ကြီးတွေ ဖြစ်ပါလျက် နဲ့ နေ့ချင်း ညချင်း ပေါ်လာတာတွေ လည်း ရှိနေပါတယ်။ ဘာပဲပြော ပြော ဒါကတော့ အစိုးရနဲ့ ဆိုင်နေ ပြီး နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်း တွေက ဦးဆောင်ဆွေးနွေးကြရ မယ့် ကိစ္စမို့ အကျယ်မပြောလို တော့ပါဘူး။ ကျွန်တော်ပြောချင် တာကတော့ နိုင်ငံရဲ့ GDP တိုး အောင်ဆိုပြီး လုပ်နေကြတဲ့ ဒီဖွံ့ ဖြိုးတိုးတက်မှု လုပ်ငန်းတွေနဲ့ ပတ် သက်ပြီး ကမ္ဘာ့မိုးလေ၀သအဖွဲ့ ချုပ်ကြီးက ထုတ်ပြန်ထားတဲ့ အချက်လေးတွေ ကို ပြောပြချင်ပါတယ်။

WMO-IPCC ရဲ့ ထုတ်ပြန်ချက်

 ပထမဆုံး ပြောချင်တဲ့အ ချက်က ကမ္ဘာ့နိုဗယ်ဆုရ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ နိုင်ငံတကာ အစိုးရများ အဖွဲ့ (In-terpgovernmental Panel on Climate Change-IPCC) ရဲ့ ကမ္ဘာကြီးပူနွေးမှုရဲ့ အဓိကအ ကြောင်းရင်း Main Driver တရား ခံကြီးကတော့ နိုင်ငံအများစုက အော် ဟစ်ကြွေးကြော်ဆောင် ရွက် နေကြတဲ့ GDP (Gross Domestic Product) တိုးတက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စတွေဟာ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်တဲ့အဓိက အ ကြောင်းရင်းကြီးဖြစ်နေပါတယ် လို့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ထုတ်ဖော်သတိပေး ပြောကြားခဲ့ ပါတယ်။

 ဒီတော့ နိုင်ငံတကာက ဆောင်ရွက်နေကြတဲ့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေဟာ ပတ် ၀န်းကျင်ကို ထိခိုက်မှုမရှိရဘူး။ ပတ်ဝန်းကျင်ရှုထောင့်အရ ခိုင်မာ မှုရှိရမယ်။ ဒါကြောင့် စီမံကိန်းတွေ မစတင်မီ စေ့ စပ်သေချာ တိကျတဲ့ ဆန်းစစ်မှုတွေ လုပ်ကြရမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ချက် (Environmental Impact Assessment-EIA) ၊ လူမှုရေးရာထိခိုက်မှု ဆန်းစစ်ချက် (Social Impact Assessment - SIA) ၊ အသက်မွေးဝမ်းကျောင်း၊ သဘာဝဘေး၊ လူမှုရေး၊ လူမှုအခွင့်အ ရေးစတာတွေလည်း ဆန်းစစ်ကြ ရမယ် လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ တွေနဲ့အညီ စည်းကမ်းတကျစနစ်တကျ၊ စံမီပေမီ ဆောင်ရွက်ကြမှ သာ လုပ်ဆောင်နေကြတဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေဟာ စဉ်ဆက်မပြတ်အရှည်တည်တံ့နိုင် တဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်လာလိမ့် မယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်မှုမျိုး ကိုသာ ကမ္ဘာ့နိုင်ငံတွေအသီးသီး က လိုက်နာဆောင်ရွက်ကြဖို့ လို တယ်လို့ ကမ္ဘာ့ရာသီဥတုပြောင်း လဲမှု စေ့စပ်ေ ဆွးနွေးရေး ကွန်ဖရင့်များ (World Climate Change Negotiation Conference) တွေ မှာ သဘောတူဆုံးဖြတ်ခဲ့ကြပါ တယ်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ဘာလဲ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုဆိုတာ အနာဂတ်ကာလ မျိုးဆက်တွေရဲ့ သူတို့လိုအပ်ချက်တွေကို သူတို့ ကိုယ်တိုင် ဖြည့် ဆည်းပေးနိုင်မှုကို မထိခိုက်စေဘဲ လက်ရှိမိမိတို့ရဲ့ လိုအပ်ချက်တွေ ကို ပြည့် ၀အောင်ဆောင် ရွက်ပေး နိုင်ခြင်းပဲ။  ၁၉၈၇ ခုနှစ်က ကျင်းပခဲ့တဲ့ Brundtland Commission အစည်း အဝေးက အများသဘောတူ အဓိပ္ပာယ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ဆီမှာ လုပ်နေ ကြ တဲ့ EIA တွေမှာ ဒီအချက်ပါသလား၊ မပါဘူးလားဆိုတာကို ဆန်းစစ်စေချင်တယ်။

စဉ်ဆက်မပြတ်တည်တံ့မှုဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။
နိုင်ငံတော်ရဲ့ မရွှေ့ပြောင်း နိုင်တဲ့ သဘာဝအရင်းအမြစ်တွေ (ဥပမာ-ရုပ်ကြွင်းလောင်စာတွေ၊ ဓာတ် သတ္တုပစ္စည်းတွေ၊ ကမ္ဘာ့ သယံဇာတ တွင်းထွက်ပစ္စည်း တွေ)ဆိုတာ အတိုင်းအတာ ပမာဏဟာ ပုံသေဖြစ်နေတဲ့အပြင် အလွယ်တကူပြန်လည် ဖြည့်ဆည်းဖို့ကလည်း မဖြစ်နိုင်တာကြောင့် အဲဒီသယံ ဇာတတွေ ကို အဆင်ခြင်မဲ့ သုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်နေ့မှာ အားလုံးကုန်ခန်းသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ရွှေ့ပြောင်းနိုင် တဲ့ သဘာဝအရင်းအမြစ်တွေ (ဥပမာ- ငါး၊ တိရစ္ဆာန်၊ သစ်တော၊မြေအော က်ရေ စသဖြင့်)ဆိုတာ အတိုင်းအတာပမာဏဟာ ပြန် လည်ဖြည့်စွမ်းနိုင်တာထက် အဲဒီ သယံဇာတတွေကို အဆင်ခြင်မဲ့ ပိုမိုသုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်နေ့မှာ အားလုံးကုန်ခန်းသွား မှာ ဖြစ်ပါတယ်။

အဲဒီကုန်ခန်းသွားမှုအတွက် သက်ဆိုင်ရာ စီမံကိန်းဆောင်ရွက် သူတွေက အာမခံမှု၊ တာဝန်ယူ မှုတွေ လျော်ကြေးပေး မှုတွေစတာ တွေကို စီမံကိန်းသဘောတူစာ ချုပ်တွေမှာ ပါရဲ့လားဆိုတာကော ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဒီဟာတွေကို Decision Makers တွေသိဖို့ လိုပါတယ်။
ဒီတော့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ ကို အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက် အောင်၊ နိုင် ငံတော် ရဲ့ GDP တွေ တိုးတက်အောင် လုပ်မယ်ဆိုပြီး လုပ်နေကြသမျှအားလုံးဟာ စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မပျက်ဖို့လိုပါတယ်။ အဲဒီလို မပျက်စေပါဘူးဆိုတာကို အာမခံချက်ပေးနိုင်ရ မယ်။ ပေးနိုင်အောင် လည်း Assessment တွေကို တိတိကျကျလုပ်ဆောင်ကြဖို့ လိုပါ တယ်။

  လုပ်ဆောင်တယ်ဆိုတဲ့ နေရာမှာ ထပ်ဆောင်းပြောလိုတာက လုပ်တယ်ဆိုတာနဲ့ အမည်ခံ သက်သက်နဲ့ မပြီးပါဘူး။ အရည် အသွေးမမီတဲ့ ဆန်းစစ်ချက်၊ SOP မကိုက်တဲ့ ဆန်းစစ်ချက်မျိုး မဖြစ် စေရပါဘူး။ သဘောကတော့ဗျာ မိမိမှာ ရောဂါရှိ၊ မရှိဆန်းစစ်တာ ထက်တောင် ပိုပြီးဂရုစိုက်ဖို့ လိုပါ တယ်။ ပြောရရင်တော့ ကင်ဆာ ရောဂါသံသယရှိနေလို့ ဆေးစစ် ပြီဆိုရင် ကျွန်တော်တို့ ဘယ်လို စစ်ကြရသလဲ၊ အကောင်းဆုံး ဆေးရုံ၊ အကောင်းဆုံး ဆရာဝန်နဲ့ စစ်ဆေးကြရပြီး ပစ္စည်းကိရိယာ၊ နည်းပညာအားနည်းနေရင် ပြည်ပကိုတောင် သေချာအောင် သွား ဆေးစစ်ကြရတယ်မဟုတ်လား။ ဒါတွေ အားလုံးဟာ ခွဲမယ်၊ စိတ် မယ်ဆိုတာတွေ မလုပ်မီ သေသေ ချာချာ လုပ်ကြရတာပါ။ သေချာ အောင် စစ်ဆေး မှုတွေဟာ ဘယ် လောက်အရေးပါသလဲဆိုတာကို ပြတာပါ။  လူတစ်ယောက်ချင်း စီမှာတောင် ဒီလောက် အရေးတ ယူစနစ်တကျလုပ်ကြရတယ်ဆို ရင် လူအများတွေရဲ့ ဘ၀ရပ်တည် မှုအတွက် အရေးပါတဲ့ EIA, SIA တွေဆိုတာ ဘယ်လောက်အလေး အနက်ထားဆောင်ရွက်ကြရမယ် ဆိုတာ တွေးကြည့်နိုင်ကြ ပါတယ်။ စစ်ဆေးတဲ့သူကလည်း သူ့စစ် ဆေးချက်ကိုလည်း တာဝန်ယူကြ ရပါတယ်။ အာမခံစနစ်နဲ့ပဲဖြစ် ဖြစ် မှားယွင်းရင်လည်း လျော် ကြေးပေးကြရပါတယ်။ ဒါဟာ နိုင်ငံတကာစံပါ။

ပတ်ဝန်းကျင်   ယိုယွင်းမှုရောဂါဟာ ကင်ဆာထက်ဆိုးတယ်။
ကင်ဆာရောဂါရပြီဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက်က တော်တော်နည်းသွားရပြီ ဖြစ်ပါ တယ်။ ကင်ဆာရောဂါရဲ့ ထူးခြား ချက်တွေ ကတော့ အချို့များဆို ရင် ကင်ဆာရောဂါဖြစ်နေတာ ကို တောင် မသိလိုက်ရဘဲ အသက်ဆုံးရှုံးသွားခဲ့ကြရတယ်။ အချို့ဆိုရင် တော့ ကင်ဆာရောဂါရနေပြီလို့ သိလိုက် ရတယ်။ ဒါပေမဲ့ ကုသ လို့ မမီတော့ဘူး။ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ ကင် ဆာထက် ဆိုးပါ တယ်။ ဒါကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို SOP မီ တဲ့ ဆန်းစစ်ချက်မရှိဘဲ သဘာဝ သယံဇာတတွေကို အသုံးချပြီး မိမိဆန္ဒအတိုင်း လုပ်ဆောင်နေခြင်း ဟာ တကယ်တော့ နိုင်ငံတော်ကို သစ္စာမစောင့်သိတာ အနာဂတ် ကာလကို ဖျက်ဆီးတာလို့တောင် ပြောနိုင်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေလုပ်တဲ့နေရာမှာ အများပြည် သူပိုင်ဆိုင်နေထိုင်တဲ့နေရာတွေ ကို သိမ်းယူ လုပ်ဆောင်ရတာတွေ ဟာ ယနေ့မြန်မာနိုင်ငံမှာ အမြဲ ကြားနေရပါတယ်။ ဟိုတစ်လောက ဖိလစ်ပိုင်မှာ ကျင်းပတဲ့ အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကိုတက်တော့ စင်ကာပူက အငြိမ်းစားပါမောက္ခ တစ်ယောက်က သူရေးသားထုတ်ဝေထားတဲ့ နိုင်ငံတကာစာပေဆုရတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေစာအုပ်အကြောင်းရှင်းပြတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ မြေယာသိမ်းယူမှု (Land Grabbimhg) ကာကွယ်ရေးတွေ အကြောင်းပါတယ်။ ပြည်သူလူထု နိုင်ငံသားတိုင်းရဲ့ အခြေခံဥပဒေပါ အခွင့်အရေးဖြစ်တဲ့ နိုင်ငံသားတိုင်း နေပိုင်ခွင့်ရှိရမယ်ဆိုတဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဟာလည်း အခြေခံဥပဒေကို ချိုးဖောက်ခြင်းမို့ ခွင့်မပြုရဘူးလို့ ပါရှိနေပါတယ်။

စံတွေကိုက်ဖို့ အလွန်အရေးကြီး ပါတယ်။
ဒီတော့ဗျာ။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် ဆောင်ကြရာမှာ အခုဆိုရင် စတာ တွေလည်း စနေပြီ။ စမလို့ တာစူ နေတာလည်း တာစူနေကြပြီ။ ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ ကိစ္စ တွေကလည်း တစ်ပုံတစ်ပင်ရှိနေ ဦးမယ်ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဆောင်ပုဒ်တစ်ခု အတိုင်း အားလုံးဆောင်ရွက်ကြ လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါကတော့ ‘‘နိုင်ငံကို သစ္စာရှိပါ။ ကျန်တာတွေ ကတော့ ထိုက်တန် မှ သစ္စာရှိပါ’’ဆိုတာပါပဲ။

Mizzima - News in Burmese

No comments:

Post a Comment