Wednesday 27 August 2014

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့ မူးယစ်ဆေး တိုက်ဖျက် ရာတွင် တိုးတက်မှုရှိ

Photo: နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့ မူးယစ်ဆေး တိုက်ဖျက် ရာတွင် တိုးတက်မှုရှိ
Wednesday, August 27, 2014

လားရှိုး - ရှမ်းပြည်နယ် (မြောက် ပိုင်း)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ် ကာ တိုက်နယ်ကျေးရွာအတွင်း ကချင်အမျိုးသမီးအဖွဲ့နှင့် တ အောင်းလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး သုံးစွဲသူများကို အုပ်စုဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး မူးယစ်တိုက်ဖျက်အဖွဲ့သို့ အပ်နှံသော  လုပ်ငန်းမှာ တိုးတက်မှုများ ရှိကြောင်း နမ့်ဖတ်ကာကချင်အမျိုးသမီးအသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ဒေါ်ထန်ဒင်က ပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူ များနှင့် သုံးစွဲသူများကို ကချင် အမျိုးသမီးအဖွဲ့နှင့် တအောင်းလူ ငယ်အဖွဲ့ဝင် ငါးဆယ်ဦးခန့် ဖြင့် ၀င်ရောက်ဖမ်းဆီးလေ့ရှိကာ မူ ဆယ်မူးယစ်တပ်ဖွဲ့စုသို့ ဖမ်းဆီး ရမိသော ပစ္စည်းနှင့်တကွ အပ်နှံ ပေးခြင်းဖြစ်သည်။

‘‘မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေနဲ့ သုံးတဲ့သူတွေကို လူ့ အခွင့်အရေးအရ ပထမဆုံးမ ရောင်းဖို့၊ မသုံးဖို့ သတိပေးတယ်။ ဒုတိယအနေနဲ့တော့ ဖမ်းမိရင် ဒဏ်ရိုက်တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာကို အပ်ပေးပါတယ်။ အရင်တုန်းက လုပ်ရတာမတွင် ကျယ်ပေမယ့် အခုတော့ တ အောင်းလူငယ်တွေပါ ပူးပေါင်း လာလို့ မူးယစ်ဆေးတိုက်ဖျက်ရေးဆောင်ရွက်ရတာ ပိုပြီးထိရောက် လာတယ်’’ဟု ဒေါ်ထန်ဒင်က ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေကြောင်း သတင်းရပါက သွားရောက်ဖမ်းဆီးရာတွင် တစ်ခါတစ်ရံနှစ်ဆယ်မှ သုံးဆယ်ဦးအထိ ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။ သုံးစွဲသူများ ဖမ်းဆီးရမိပါက မူးယစ်ဆေးဝါးဖြတ်လိုသူများကို နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်းဖြက်စခန်းသို့ ပို့ဆောင်၍ ကုသပေးပြီး ပြန်လည်အသုံးပြုပါက သက်ဆိုင်ရာသို့ အပ်နှံပေးကြောင်း ဘိန်းဖြတ်စခန်းမှ တာဝန်ရှိသူက ပြောသည်။

‘‘မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး ထိထိရောက်ရောက် လိုက်ဖမ်း နေတော့ ဆေးဝယ်ရတာဈေးကြီး လာတယ်။ ဒီတော့ မသုံးနိုင်တဲ့ သူတွေ ဘိန်းဖြတ်စခန်းကို ရောက်လာတယ်။ ရောင်းဝယ်တဲ့ သူတွေ လည်း မရှိသလောက်ဖြစ်သွား တယ်။ ဒီတစ်သုတ်ဘိန်းဖြတ်တဲ့ သူက အခုဆိုရင် နှစ်ဆယ့်ကိုး ယောက်ရှိသွားပြီ’’ဟု နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်း ဖြတ်စခန်း တာဝန်ခံ ကိုဘရန် အင်က ပြောသည်။

နမ့်ဖတ်ကာတိုက်နယ်ကျေး ရွာအတွင်းနှင့် အနီးအနားရှိ ကျေး ရွာများတွင် ယခုနှစ်ဘိန်းစိုက်ရာ သီအတွင်း ဘိန်းစိုက်ပျိုးပါက လိုက်လံဖျက်ဆီးသွားမည်ဖြစ်ပြီး စိုက်ပျိုးသူများအားလည်း ထိ ရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကချင်အမျိုး သမီးများနှင့် တအောင်းလူငယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။

‘‘မနှစ်ကဆိုရင် ရွာထဲက ခြံ တွေမှာတောင် စိုက်ကြတယ်။ ဒီ နှစ်မစိုက်ဖို့ ပြောထားတယ်။ စိုက် ရင်လိုက်ပြီး ဖျက်ဆီးမယ်။ လူထု အင်အားနဲ့အပြင် လိုအပ်ရင် သက် ဆိုင်ရာကိုလည်း အကူအညီ တောင်းသွားမယ်’’ဟု ဒေါ်ထန်ဒင် က ပြောသည်။

  နမ့်ဖတ်ကာကျေးရွာအ တွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများတို့ ဖမ်းဆီးနေသဖြင့် အနီးအနားရှိ ကျေးရွာများသို့ ကူးပြောင်းရောင်းဝယ်နေကြ သဖြင့် နမ့်ဖတ်ကာအနီးအနားရှိ ကျေးရွာများအထိ ကွင်းဆက်ဖြန့် ကာ ထိရောက်စွာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း နမ့်ဖတ်ကာကချင်နှစ်ခြင်းအသင်း တော်မှ တာဝန်ခံက ပြောသည်။

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့တို့၏ သတင်းပေးကူညီမှုကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရမှုမှာ ထိရောက်မှုရှိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး တီခေါင်လွမ်းကပြောသည်။

7Day DAILY

မူယစ်ဆေးဝါရောင်းဝယ်သုံးစွဲသူများအားဖမ်ဆီးထားသည်ကိုတွေ့ ရစဉ် (ဓာတ်ပုံ- ကံသာ)
မူယစ်ဆေးဝါရောင်းဝယ်သုံးစွဲသူများအားဖမ်ဆီးထားသည်ကိုတွေ့ ရစဉ် (ဓာတ်ပုံ- ကံသာ)
လားရှိုး - ရှမ်းပြည်နယ် (မြောက် ပိုင်း)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ် ကာ တိုက်နယ်ကျေးရွာအတွင်း ကချင် အမျိုးသမီးအဖွဲ့နှင့် တ အောင်းလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး သုံးစွဲသူများကို အုပ်စုဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး မူးယစ်တိုက်ဖျက်အဖွဲ့သို့ အပ်နှံသော  လုပ်ငန်းမှာ တိုးတက်မှုများ ရှိကြောင်း နမ့်ဖတ်ကာကချင် အမျိုးသမီး အသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ဒေါ်ထန်ဒင်က ပြောသည်။
မူးယစ်ဆေးဝါးရောင်းချသူ များနှင့် သုံးစွဲသူများကို ကချင် အမျိုးသမီးအဖွဲ့နှင့် တအောင်းလူ ငယ်အဖွဲ့ဝင် ငါးဆယ်ဦးခန့် ဖြင့် ၀င်ရောက်ဖမ်းဆီးလေ့ရှိကာ မူဆယ်မူးယစ်တပ်ဖွဲ့စုသို့ ဖမ်းဆီး ရမိသော ပစ္စည်းနှင့် တကွ အပ်နှံ ပေးခြင်းဖြစ်သည်။

‘‘မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေနဲ့ သုံးတဲ့သူတွေကို လူ့ အခွင့်အရေးအရ ပထမဆုံးမ ရောင်းဖို့၊ မသုံးဖို့ သတိပေးတယ်။ ဒုတိယအနေနဲ့တော့ ဖမ်းမိရင် ဒဏ်ရိုက်တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာကို အပ်ပေး ပါတယ်။ အရင်တုန်းက လုပ်ရတာမတွင် ကျယ်ပေမယ့် အခုတော့ တ အောင်းလူငယ်တွေပါ ပူးပေါင်း လာလို့ မူးယစ်ဆေးတိုက်ဖျက်ရေးဆောင်ရွက်ရတာ ပိုပြီးထိရောက် လာတယ်’’ဟု ဒေါ်ထန်ဒင်က ပြော သည်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေကြောင်း သတင်းရပါက သွားရောက်ဖမ်းဆီးရာတွင် တစ်ခါတစ်ရံနှစ် ဆယ် မှ သုံးဆယ်ဦးအထိ ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။ သုံးစွဲသူများ ဖမ်းဆီးရမိပါက မူးယစ်ဆေး ၀ါးဖြတ်လိုသူများကို နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်းဖြက်စခန်းသို့ ပို့ဆောင်၍ ကုသပေး ပြီး ပြန်လည်အသုံးပြုပါက သက်ဆိုင်ရာသို့ အပ်နှံပေးကြောင်း ဘိန်းဖြတ်စခန်းမှ တာဝန်ရှိသူက ပြောသည်။

‘‘မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး ထိထိရောက်ရောက် လိုက်ဖမ်း နေတော့ ဆေးဝယ်ရတာဈေးကြီး လာ တယ်။ ဒီတော့ မသုံးနိုင်တဲ့ သူတွေ ဘိန်းဖြတ်စခန်းကို ရောက်လာတယ်။ ရောင်းဝယ်တဲ့ သူတွေ လည်း မရှိ သလောက်ဖြစ် သွား တယ်။ ဒီတစ်သုတ်ဘိန်းဖြတ်တဲ့ သူက အခုဆိုရင် နှစ်ဆယ့်ကိုး ယောက်ရှိသွားပြီ’’ဟု နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်း ဖြတ်စခန်း တာဝန်ခံ ကိုဘရန် အင်က ပြောသည်။

နမ့်ဖတ်ကာတိုက်နယ်ကျေး ရွာအတွင်းနှင့် အနီးအနားရှိ ကျေး ရွာများတွင် ယခုနှစ်ဘိန်းစိုက်ရာ သီအတွင်း ဘိန်းစိုက်ပျိုးပါက လိုက်လံဖျက်ဆီးသွားမည်ဖြစ်ပြီး စိုက်ပျိုးသူများအားလည်း ထိ ရောက်စွာ အရေးယူနိုင် ရန် ဆောင် ရွက်သွားမည်ဟု ကချင်အမျိုး သမီးများနှင့် တအောင်းလူငယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။

‘‘မနှစ်ကဆိုရင် ရွာထဲက ခြံ တွေမှာတောင် စိုက်ကြတယ်။ ဒီ နှစ်မစိုက်ဖို့ ပြောထားတယ်။ စိုက် ရင်လိုက်ပြီး ဖျက်ဆီးမယ်။ လူထု အင်အားနဲ့အပြင် လိုအပ်ရင် သက် ဆိုင်ရာကိုလည်း အကူအညီ တောင်းသွားမယ်’’ ဟု ဒေါ်ထန်ဒင် က ပြောသည်။

နမ့်ဖတ်ကာကျေးရွာအ တွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများတို့ ဖမ်းဆီးနေသဖြင့် အနီးအနား ရှိ ကျေးရွာများသို့ ကူးပြောင်းရောင်းဝယ်နေကြ သဖြင့် နမ့်ဖတ်ကာအနီးအနားရှိ ကျေးရွာများအထိ ကွင်း ဆက်ဖြန့် ကာ ထိရောက်စွာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း နမ့်ဖတ်ကာကချင်နှစ်ခြင်း အသင်း တော်မှ တာဝန်ခံက ပြောသည်။

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့တို့၏ သတင်းပေးကူညီမှုကြောင့် မူးယစ်ဆေး ၀ါး တိုက်ဖျက်ရေး ဆောင်ရွက်ရမှုမှာ ထိရောက်မှုရှိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး တီခေါင်လွမ်း ကပြောသည်။

7Day DAILY

No comments:

Post a Comment