Wednesday 27 August 2014

လက်ဖက်စိုကို စားသောက်ကုန်အမည်သစ်အဖြစ် ဂျပန်နိုင်ငံသို့ တင်သွင်းရောင်းချရန် ကမ်းလှမ်း

Photo: လက်ဖက်စိုကို စားသောက်ကုန်အမည်သစ်အဖြစ် ဂျပန်နိုင်ငံသို့ တင်သွင်းရောင်းချရန် ကမ်းလှမ်း
Wednesday, August 27, 2014

မြန်မာနိုင်ငံတွင် စား သုံးသည့် လက်ဖက်စိုကို ဂျပန် နိုင်ငံတွင် စားသောက်ကုန် အမည်သစ်အဖြစ် တင်သွင်းရောင်းချရန် မြန်မာ့လက်ဖက်လုပ်ငန်းရှင်များ ထံသို့ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် လက်ဖက်ခြောက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလိုက် သည်။

ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် လက်ဖက်စိမ်းထုတ်လုပ်သည့် Japan Greentea ကုမ္ပဏီက လက်ဖက်ရည်ကြမ်းသာ အဓိက သောက်သုံးသည့် ဂျပန်နိုင်ငံ တွင် မြန်မာနိုင်ငံ မှ လက်ဖက်စိုများကို မှာယူတင်သွင်းရန် ကမ်းလှမ်း ထားကြောင်း လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများက ပြောသည်။

ဂျပန်ကုမ္ပဏီသည် မြန်မာ လက်ဖက်စိုများကို တင်သွင်းရန် ဂျပန်နိုင်ငံဆိုင် ရာ မြန်မာသံရုံးမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားလာကြောင်း ပြည်တွင်း အခြေစိုက် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

‘‘ဂျပန်က လက်ဖက်ကို ရေ နွေးကြမ်းသဘောမျိုး လက်ဖက် ခြောက်အနေနဲ့ပဲ သုံးကြတယ်။ အခုက မြန်မာတွေစားတဲ့ လက် ဖက်စိုကို ၀ယ်ချင်တယ်လို့ အ ကြောင်းကြားတယ်လို့ သံရုံးက တစ်ဆင့် ကမ်းလှမ်းတဲ့စာမှာပါ တယ်။ သူတို့အတွက်တော့ အသစ်အဆန်းသဘောမျိုးပေါ့’’ ဟုရှမ်းပြည်နယ်တွင် လက်ဖက်စို စိုက်ပျိုးထုတ်လုပ်သူတစ်ဦးက ပြောသည်။

ဂျပန်ကုမ္ပဏီဘက်က ကမ်း လှမ်းချက်ကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဋ္ဌာနသို့ အကြောင်း ကြားထားပြီး ၀န်ကြီးဋ္ဌာနက လုပ် ငန်းရှင်များသို့ ထပ်မံအကြောင်း ကြားထားကြောင်း သတင်းရရှိ သည်။

 ဂျပန်ဘက်မှ လက်ဖက်စို တန်ချိန်မည်မျှဝယ်ယူမည်ကိုမူမသိရသေးကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

Japan Greentea ကုမ္ပဏီ သည် ၁၉၆၉ ခုနှစ်ကတည်းက စတင် တည်ထောင် ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ လက် ဖက်ခြောက်များ တင်ပို့ရောင်း ချ နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

7Day DAILY 

လက်ဖက်ခူးနေသည့် တိုင်းရင်းသူတစ်ဦး - ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
လက်ဖက်ခူးနေသည့် တိုင်းရင်းသူတစ်ဦး - ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံတွင် စားသုံးသည့် လက်ဖက်စိုကို ဂျပန် နိုင်ငံတွင် စားသောက်ကုန် အမည်သစ်အဖြစ် တင်သွင်း ရောင်းချရန် မြန်မာ့လက်ဖက်လုပ်ငန်းရှင်များ ထံသို့ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် လက်ဖက်ခြောက် ထုတ်လုပ် သည့် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလိုက် သည်။
ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် လက်ဖက်စိမ်းထုတ်လုပ်သည့် Japan Greentea ကုမ္ပဏီက လက်ဖက်ရည် ကြမ်းသာ အဓိက သောက်သုံးသည့် ဂျပန်နိုင်ငံ တွင် မြန်မာနိုင်ငံ မှ လက်ဖက်စိုများကို မှာယူတင်သွင်းရန် ကမ်းလှမ်းထားကြောင်း လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများက ပြောသည်။

ဂျပန်ကုမ္ပဏီသည် မြန်မာ လက်ဖက်စိုများကိုတင်သွင်းရန် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ဆက် သွယ် အကြောင်းကြားလာကြောင်း ပြည်တွင်း အခြေစိုက် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

‘‘ဂျပန်က လက်ဖက်ကို ရေ နွေးကြမ်းသဘောမျိုး လက်ဖက် ခြောက်အနေနဲ့ပဲ သုံးကြတယ်။ အခုက မြန်မာ တွေစားတဲ့ လက်ဖက်စိုကိုဝယ်ချင်တယ်လို့ အ ကြောင်းကြားတယ်လို့ သံရုံးက တစ်ဆင့် ကမ်းလှမ်းတဲ့စာမှာ ပါတယ်။ သူတို့အတွက်တော့ အသစ်အဆန်းသဘောမျိုးပေါ့’’ ဟုရှမ်းပြည်နယ်တွင် လက်ဖက်စို စိုက်ပျိုး ထုတ်လုပ်သူ တစ်ဦးက ပြောသည်။

ဂျပန်ကုမ္ပဏီဘက်က ကမ်း လှမ်းချက်ကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဋ္ဌာနသို့ အကြောင်း ကြားထားပြီး ၀န်ကြီးဋ္ဌာနက လုပ် ငန်းရှင်များသို့ ထပ်မံ အကြောင်း ကြားထားကြောင်း သတင်းရရှိ သည်။

 ဂျပန်ဘက်မှ လက်ဖက်စို တန်ချိန်မည်မျှဝယ်ယူမည်ကိုမူမသိရသေးကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

Japan Greentea ကုမ္ပဏီ သည် ၁၉၆၉ ခုနှစ်ကတည်းက စတင် တည်ထောင် ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ လက် ဖက်ခြောက်များ တင်ပို့ရောင်း ချ နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

7Day DAILY

No comments:

Post a Comment