Monday 14 July 2014

အကြမ်းဖက်ပဋိပက္ခတွေ ဖန်တီးပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုနေတာလား

Photo: အကြမ်းဖက်ပဋိပက္ခတွေ ဖန်တီးပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုနေတာလား
Monday, 14 July 2014

ဘာသာရေးအကြောင်းပြကာ ဖြစ်ပွားလာသည့် အကြမ်းဖက်ပဋိပက္ခကြီးများ မြန်မာနိုင်ငံနေရာအနှံ့ ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်မည် ဟူသော သတင်းစကားများက ကောလာဟာလ အသွင်ဆောင်ကာ လူထုအကြား ပျံ့နှံ့လျက် ရှိသည်။

ကောလာဟာလများဖြစ်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပင် အမှန်တကယ် ဖြစ်ပွားလာခဲ့ပြန်သည်။ မကြာမီက မန္တလေးမြို့တွင် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြုကာ အကြမ်းဖက်ပဋိပက္ခကြီး ဖြစ်ပွားခဲ့သည်။ ဘာသာတိုင်း မလိုလားသည့် အကြောင်း ကိစ္စရပ်များကို အခြေခံပြီး လူအများ နာကြည်းစေနိုင်သည့် လုပ်ရပ်များကို အကြောင်းပြုဖန်တီးကာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခခေါင်းစဉ်တပ်လာခဲ့ကြသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ အမြုတေအဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်က “အခုဖြစ်တဲ့ ပဋိပက္ခတွေက ဘာသာကြီးနှစ်ခုရဲ့ပယောဂကြောင့် မဟုတ်ဘူး။ ဖန်တီးချင်တဲ့သူတွေက တမင်အကွက်ချပြီးလုပ်နေတာ။ ဘာသာရေးကို အကြောင်းပြပြီး မသမာသူတွေက အသုံးချနေတာ” ဟု ဆိုသည်။

တမင်ဖန်တီးတဲ့ အကြမ်းဖက်ပဋိပက္ခတွေဘာကြောင့် ဆက်တိုက်ဖြစ်နေ တာလဲ

ထိုအကြမ်းဖက်မှုများ စစ်အစိုးရ လက်ထက်က ဘာကြောင့် မဖြစ်ခဲ့သနည်း။

ထိုပဋိပက္ခများ၏ နောက်ကွယ်တွင် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်နေသည်ဆိုသည်ကိုပင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်သည်။

“အခု မန္တလေးမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်”ဟု သမ္မတ၏ ဇူလိုင် ၇ ရက်မိန့်ခွန်းတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပဋိပက္ခတိုင်းတွင် လူတစ်စုက အကွက်ကျကျ ဖန်တီးနေသည်ဆိုသည်ကိုတော့ အဖွဲ့အစည်းတိုင်း၊ လူထုအများစုက လက်ခံထားပြီ ဖြစ်သည်။

ဤအကြောင်းကို ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များက သက်သေထူလျက် ရှိသည်။

ဆက်တိုက်ဖြစ်လာတဲ့ အကြမ်းဖက်ပဋိပက္ခများ

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် မသီတာထွေးဖြစ်စဉ်နှင့် အစပြုဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည်။ ထို့နောက် မောင်းတောမြို့သို့ အဆိုပါပဋိပက္ခမှာ ကူးစက်ပျံ့နှံ့ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကို ဖျက်ဆီးရာမှ ဘာသာနှစ်ခုကြား အမုန်းတရားများ ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့သည်။ ထိုဖြစ်စဉ်များကပင် စနစ်တကျ ချိန်ကိုက် လုပ်ဆောင်နေသည့်အလား ရက်မခြား ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။

အကြမ်းဖက် ပဋိပက္ခတိုင်းတွင် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို အခြေခံပြီး ဖြစ်ပွားလာသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူသားတိုင်း နာကြည်းမုန်းတီးစေမည့် လူသတ်မှုများသာမက ဘာသာရေးဆိုင်ရာ ထိခိုက်လွယ်သည့် အကြောင်းအရာကို အသုံးချကာ ပဋိပက္ခ ကျယ်ပြန့်စေရန်နှင့် ကြီးထွားစေရန် လှုံ့ဆော်မှုများမှ တစ်ဆင့် ဖြစ်ပွားလာခဲ့သည်။

၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုတွင် လူမှုရေးကိစ္စအကြောင်းပြုကာ အငြင်းပွားမှုမှစတင်ပြီး အဓိကရုဏ်း အသွင်ဆောင်သည့် အကြမ်းဖက်မှုကြီးတွင် ဒေသခံများမဟုတ်သူ မျက်နှာစိမ်းများက ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ဒေသခံများ ပါဝင်လာစေရန် လှုံ့ဆော်ခဲ့သည်။

ထိုသူများက ပဋိပက္ခကြီးထွားစေရန် နှင့် ကူးစက်ပျံ့နှံ့စေရန် လုပ်ဆောင်ခဲ့သည်ဟု ပဋိပက္ခလေ့လာ စောင့်ကြည့်သူများက သုံးသပ်ကြသည်။ ထိုမိတ္ထီလာအရေးက မြို့နယ်ကြီး ငါးခုသို့ ကူးစက်ခဲ့သည်အထိ ကြီးမားခဲ့သည်။

ဟာဂျီဦးအေးလွင်က “အစုတစ်စုက စနစ်တကျ ဒါကို လုပ်တယ်။ ရခိုင်တုန်းကတော့ အငြင်းပွားဖွယ်ရာတွေ ရှိတော့ နားလည်ပေးစရာရှိတယ်။ မိတ္ထီလာမှာကျတော့ တော်တော်လေးကို စဉ်းစားစရာ ဖြစ်လာတယ်။ ကျူးလွန်တဲ့သူတွေက လူစိမ်းတွေ ဖြစ်နေတယ်။ ဒါပေမဲ့ လူစိမ်းတွေကို အတွင်းက လူတချို့ကတော့ ပူးပေါင်းပါဝင်တယ်။ ဒါကြောင့် ဒါဘယ်သူ့ဆိုင်၊ ဒါဘယ်သူ့အိမ်ဆိုတာ သိတယ်။ အဲဒါကြောင့် အစုအဖွဲ့ တစ်ခုက သေချာလုပ်တယ်ဆိုတာ ပြောနိုင်တာပါ” ဟု ပြောသည်။

မိတ္ထီလာနှင့် ဆက်စပ်မြို့ကြီးများတွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ မတည်ငြိမ်သေးမီမှာပင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် ဥက္ကံမြို့တွင်ဖြစ်ပွားသည့် ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ ၀င်တိုက်မိရာက စတင်သော ဘာသာမတူသည့် လူမျိုးစုနှစ်စု အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ နောက်ဆုံး ပတ်အတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဘာသာခြားတစ်ဦး၏ အိမ်ရှေ့တွင် သာသ နာ့အလံစိုက်ထူထားသော ဆိုင်ကယ်ရပ် ရာမှ အချင်းများကာ အခြားကျေးရွာများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြန်သည်။ ထို ပဋိပက်္ခတွင် လည်း ဒေသခံများမပါဝင်ဘဲ မျက်နှာစိမ်း လူတစ်စုက ဦးဆောင် ခဲ့သည်ဟု ဒေသခံ များက ဆိုကြပြန်သည်။

ထိုနည်းတူစွာပင် ၂၀၁၄၊ မတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ (Malteser)အမည်ရှိ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့မှ အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ခါးအောက်ပိုင်းတွင် ပတ်သည်ဟုဆိုကာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး လူအုပ်စုဖွဲ့ တိုက်ခိုက်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြန်သည်။

ဘာသာနှစ်ခု လူမျိုးစုကြားတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၊ မိတ္ထီလာမြို့နှင့် ဆက်စပ်မြို့နယ် ငါးခု၊ လားရှိုး၊ ကန့်ဘလူ၊ ဥက္ကံ၊ မန္တလေးမြို့ကြီးများတွင် နှစ်နှစ်တာကာလအတွင်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သည်။

မန္တလေးအဓိကရုဏ်း အဆိုးရွားဆုံးဖြစ်

မကြာမီရက်ပိုင်းကပင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ အကြမ်းဖက်မှုကြီးသည် ပဋိပက္ခများ ဖြစ်စဉ်များတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဟု စာရေးဆရာအောင်ချိန်ဘွားက မှတ်ချက်ပြုသည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးပဋိပက္ခတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က လူအုပ်စုကြီး၏ ဖျက်ဆီးမှုများတွင် ဟန့်တားမှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိဘဲ အမိန့်စောင့်ဆိုင်းနေသည်ဆိုသည့် အဖြေအပေါ် အဆိုးရွားဆုံးလုပ်ရပ်ဟု ဆိုလေသည်။

“အမေရိကန်က ဒီနှစ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတိုးမြှင့်ရတဲ့ အကြောင်းထဲမှာလည်း ပြည်တွင်းက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေကို အချိန်မီ မဖြေရှင်းနိုင်တဲ့အတွက် ထပ်တိုးတယ်လို့ ဆိုထားတယ်။ လူသေပြီးမှ ပဋိပက္ခတွေ ငြိမ်သွားတာက အစိုးရရဲ့ လုပ်ဆောင်မှု နှေးလို့ဆိုတာ သိသာနေတယ်” ဟု ၎င်းက သုံးသပ်သည်။

ဒီမိုကရေစီစနစ်ကို အပြစ်ဆိုစေချင်တာလား

ဘာသာရေးအကြောင်းပြု အကြမ်းဖက် ပဋိပက္ခများကို သွေးထိုးလှုံ့ဆော်နေသည်ဟု အစိုးရက အတိအလင်း ထုတ်ဖော်ပြောကြားသော်လည်း ထိရောက်သည့် ကိုင်တွယ် ဖြေရှင်းမှုများ ယနေ့ထိတိုင် လုပ်ဆောင်ခြင်းမရှိသည့်အပေါ် အဖြေတစ်ခုထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေး အကြမ်းဖက်ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က “ပြုပြင်ပြောင်းလဲရေး ကာလအတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပဋိပက္ခအချို့ကဖြင့် ဒီမိုကရေစီ ရှင်သန် ထွန်းကားရေးကို ဖျက်ဆီးလိုသည့် သဘောဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေသည်ကို တွေ့ရသည်” ဟု ဆိုထားသည်။

ဒီမိုကရေစီ မလိုလားသူများက အကြောင်းပြ ဖန်တီးနေတာလားဟု စဉ်းစားရမည်ဖြစ်ကြောင်း ဟာဂျီ ဦးအေးလွင်က “ဒီမိုကရေစီပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း မတိုင်ခင်မှာတုန်းက ဒီလိုဟာမျိုးဖြစ်ရင် ချက်ချင်း ထိန်းသွားတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ဗဟိုချုပ်ကိုင်မှုကြောင့်။ ဗဟိုချုပ်ကိုင်မှုက ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ တစ်သွေး တစ်သံ တစ်မိန့်ပဲ။ အဲတော့ ဒီမိုကရေစီရဲ့ ဆိုးကျိုးတွေဆိုပြီး ပြချင်တယ်။ ဒီမိုကရေစီလိုချင်ကြတဲ့သူတွေ နင်တို့ ဒါတွေအတွက် ပြင်ဆင်ထားဆိုတဲ့ဟာမျိုး ပြချင်တာ။ အဲတော့ဒီ ဒီမိုကရေစီစနစ်ကိုများ အပြစ်ပြောလို့ရအောင် သက်သေထူချင်လို့များ လုပ်နေတာလားဆိုတဲ့ သီအိုရီတစ်ခုတော့ ရှိနေတယ်” ဟု ဆိုလေသည်။

ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့နိုင်လား

ရည်ရွယ်ချက်ရှိရှိ လူ့အသိုက်အ၀န်းကြား အမုန်းတရားများ ပြန့်ပွားစေရန် သွေးထိုးလှုံ့ဆော် ဖန်တီးသူများကို ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သမ္မတကြီးက အကြမ်းဖက် ပဋိပက္ခများ ပြီးဆုံးတိုင်း ပြောကြားသည့် မိန့်ခွန်းတိုင်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရက သွေးထိုး လှုံ့ဆော်အကြမ်းပဋိပက္ခများ ဖန်တီးသူများကို အမှန်တကယ် ပြင်းပြင်းထန်ထန် အရေးယူနိုင်ခဲ့ပါသလား။ အကြမ်းဖက် ပဋိပက္ခများကို လူအသေအပျောက်မရှိမီ လက်ဦးမှု ရယူနိုင်ခဲ့ပါသလား။ ပဋိပက္ခ အကြမ်းဖက်မှုများ ပြီးဆုံးသည့်တိုင် သွေးထိုးလှုံ့ဆော်သူများနှင့် အကြမ်းဖက် လူတစ်စုကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ခဲ့ပါသလားဆိုသည်ကိုတော့ အစိုးရကို တာဝန်ခံရသည့် သမ္မတဦးသိန်းစိန်အပေါ် ပြန်လည်မေးခွန်းထုတ်ရမည် ဖြစ်သည်။

Hard power နှင့် Soft power အစိုးရ ဘယ်လိုသုံးမလဲ

နိုင်ငံရေး လေ့လာသုံးသပ်ချက် စာပေများ အစဉ်တစိုက် ရေးသားလျက်ရှိသည့် စာရေးဆရာ ဦးကျော်ဝင်းက အစိုးရတစ်ရပ်သည် ပါဝါအမာ (hard power)နှင့် ပါဝါအပျော့ (soft power)နှစ်မျိုးစလုံးဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ရာဇ၀တ်မှုမြောက်သည့် ပဋိပက္ခများကို လှုပ်ရှားမှုများ ဖြစ်ခဲ့ပါက hard power ကို သုံးရမည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဖြစ်ပွားသည့် ပဋိပက္ခများ၊ ပြဿနာရပ်များကို ကျယ်ပြန့်မလာစေရန် ပြဿနာ၏ မူလဇာစ်မြစ်ကို ဖြေရှင်းရာတွင် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်ရန် soft power ကို အသုံးပြုရမည်ဟု ဆိုသည်။

“နှစ်ခုလုံး သုံးဖြေရှင်းရမှာပဲ။ hard power သုံး ဖြေရှင်းရင်လည်း ဒီမိုကရေစီ စနစ်နဲ့ လိုက်လျောညီထွေဖြစ်မှာ မဟုတ်ဘူး။soft power တစ်ခုတည်းသုံးရင်လည်း ထိရောက်တဲ့ ဖြေရှင်းမှုမျိုးဖြစ်မှာ မဟုတ်ဘူး။ နှစ်ခုလုံးနဲ့ သွားရမှာပဲ” ဟု ၎င်းက ဆိုသည်။ အစိုးရက ပဋိပက္ခကိုင်တွယ် ဖြေရှင်းရာတွင် နှေးကွေးခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်က သုံးသပ်ထားသည်။ ပဋိပက္ခဖြစ်ပေါ်လာပါက အစိုးရက အမြန်ဆုံး အရေးယူဆောင်ရွက်ရန်လိုအပ်သည်ဟု ဆိုသည်။

နိုင်ငံတကာအကြမ်းဖက်များ၏ ပယောဂကိုလည်း သတိချပ်ဖို့လို

ဆရာဦးကျော်ဝင်းက “လူတစ်စုက ဖန်တီးတယ်ဆိုတဲ့ သမ္မတရဲ့စကားကတော့ ဖြစ်နိုင်ခြေ များနေပြီ။ ဒီလောက် ခပ်စိတ်စိတ်ဖြစ်နေတာ ပြင်ပပယောဂ ပါနေတယ်။ ဘယ်သူလဲဆိုတာတော့ မသိဘူး။ တစ်ဖက်ကလည်း အစိုးရပယောဂပါတယ်လို့ စွပ်စွဲတယ်။ တစ်ဖက်ကလည်း အတိုက်အခံ ပယောဂပါတယ်လို့ စွပ်စွဲတယ်”ဟု ပြည်တွင်းပဋိပက္ခကို ဖန်တီးနေခြင်းသည် ပရောဂ မကင်းကြောင်း ဆိုသည်။

သို့သော် ပြည်တွင်းပယောဂဟု နိုင်ငံရေးအင်အားစုများအကြား အပြန်အလှန် လက်ညှိုးထိုးနေကြသော်လည်း သတိမမူမိသည့်အချက်ဖြစ်သည့် ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်နေသည့် နိုင်ငံတကာ အကြမ်းဖက်များ၏ ပယောဂပါဝင်ခြင်း ရှိ၊မရှိ ဆိုသည်ကလည်း အရေးကြီးသည့်ကိစ္စ ဖြစ်သည်ဟု ဆိုသည်။

“အားလုံး မျက်ခြည်ပြတ်နေတာ တစ်ခုရှိတယ် အဲဒါက နိုင်ငံတကာ အကြမ်းဖက်မှုရဲ့ပယောဂ ပါ၊မပါ အဲဒါက အရေးကြီးတယ်။ ကျွန်တော်တို့ကတော့ အထောက်အထားမရှိဘဲ မပြောနိုင်ဘူး။ ဘယ်သူ့ ပယောဂ ပါ၊မပါ ဆိုတာတော့ မသိဘူး။ ပယောဂပါတယ်ဆိုတာတော့ သိတယ်” ဟု ပြည်တွင်းအကြမ်းဖက် ပဋိပက္ခများတွင် ပယောဂ ပါဝင်နေသည်ဟု ဆရာဦးကျော်ဝင်းက သုံးသပ်သည်။ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည့် အကြမ်းဖက်ပဋိပက္ခများတွင် သြဇာ၊ အာဏာကြီးမားသည့် အဖွဲ့အစည်း၊ ဥပဒေအထက်တွင်ရှိနေသည့် အဖွဲ့အစည်းကသာ ဆောင်ရွက်နိုင်သည်ဟုလည်း ဟာဂျီ ဦးအေးလွင်က မှတ်ချက်ပြုထားသည်။

ဥပဒေအထက်မှာရှိတဲ့ အဖွဲ့အစည်းက ဆောင်ရွက်နေတာလား

“ငါတို့ရှိမှ ဖြစ်မယ်။ ဒီမှာ ပြဿနာ ဖြစ်နေပြီ။ ထိန်းချုပ်နိုင်တာ ငါတို့ပဲ ထိန်းချုပ်နိုင်မယ်။ မင်းတို့ ဒီမိုကရေစီလိုချင်ရင် ဒီလိုပဲဖြစ်မှာပဲ။ ဒီမိုကရေစီနည်းနဲ့ ဒီလိုဟာတွေ ဖြေရှင်းလို့ မရနိုင်ဘူး” ဆိုတာ သက်သေထူလိုက်တာလား စဉ်းစားစရာပင် ဖြစ်သည်။

အကြမ်းဖက်ပဋိပက္ခများကို ဖန်တီးသူ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ဒီမိုကရေစီစနစ်ကို မလိုလား၍ ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုခြင်းပေလား။

ဦးကျော်ကျော်(စီးပွားရေးလုပ်ငန်းရှင်)

ပဋိပက်္ခတွေမှာ လူအုပ်စုကြီးရောက်လာတယ်လို့ ပြောကြတယ်။ အဲဒီလူအုပ်စုကြီးက တိုင်းပြည်ကို ပျက်စေချင်တဲ့ လူတစ်စုကလည်း အဲဒီဒေသမှာရှိနေမယ်။ အဲလိုအချိန်မျိုးကို စနက်တန်ကို မီးရှို့ပေး လိုက်သလိုဖြစ်ပြီး ပေါက်ကွဲမယ်။ အလကားနေရင်း သွေးကြွနေသူတွေ၊ ဆေးသမားတွေ၊ လုချင်ယက်ချင်သူတွေပါ ပါလာပြီး အကြမ်းဖက်မှုတွေဖြစ်လာတယ်လို့ မြင်တယ်။ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲနီးလေ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ဆူပူအောင် လုပ်မယ့်ကိစ်္စတွေက ခပ်စိပ်စိပ် ဖြစ်နေဦးမယ်လို့ ထင်တယ်။ ဘာသာရေးအကြောင်းပြ ပဋိပက္ခတွေကို ထပ်ဖန်တီးလို့မရတော့ဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အားလုံးက ဖန်တီးနေတယ်ဆိုတာ သိနေကြပြီ။ ဒါကြောင့် ဖန်တီးမယ့် သူတွေက တင်းမာတဲ့အုပ်စုတွေကို ရှာဖွေစုံစမ်းပြီး ဖြစ်နိုင်တဲ့နေရာတွေကို ဖန်တီးနေကြဦးမှာပဲ။ ဒါကို သတိရှိကြဖို့လိုပါတယ်။

ဦးလှသိန်း (ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

လူမျိုးစွဲ ဘာသာစွဲရှိသူတွေကို တချို့ နိုင်ငံရေးသမားတွေက အသုံးချသွားတာတွေလည်း ရှိတယ်။ အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် လုံခြုံရေး အချိန်မီ မရောက်တာလည်း ရှိတယ်။ အချိန်မီ မထိန်းနိုင်တော့ ပြဿနာတွေပိုကြီးတာပေါ့။

မသက်ထား(သာကေတမြို့နယ်)

၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အတွက် နေရာဖယ်မပေးချင်လို့ အကွက်ရွှေ့နေတယ်လို့ မြင်တယ်။ ပဋိပက္ခအပြင် အခုဆိုရင် သတင်းထောက်တွေကို ထောင်ချတာတွေကလည်း အကွက်ရွှေ့နေတဲ့ လုပ်ရပ်တွေပဲလို့ မြင်တယ်။

ဦးကျော်ထွန်း (သံတွဲမြို့ဒေသခံ)

ကျွန်တော်တို့ဆီမှာ ရဟန်းသံဃာတွေကို ရိုသေလေးစားကြတယ်။ ဒီလိုပြဿနာမျိုးတွေဖြစ်ခဲ့ရင် အုပ်ချုပ်သူတွေနဲ့အတူ ရဟန်းသံဃာတွေ မြို့မိမြို့ဖတွေက ၀ိုင်းဝန်းထိန်းသိမ်း ပေးသင့်တယ်။ လူငယ်တွေက သွေးဆူတယ်။ လူကြီးတွေက ထိန်းဖို့လိုတယ်။ အစိုးရနဲ့ ပတ်သက်ပြီးတော့ မပြောတတ်ဘူး။

ကိုသူရ(မန္တလေးဒေသခံ)

အမှန်ကတော့ ဥပဒေစိုးမိုးရင် ဘာမှဖြစ်စရာမရှိပါဘူး။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို မိမိနေထိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို လေးစားရမယ်။ အဓိကက အစိုးရက တာဝန်အရှိဆုံးပါ။အပြစ်လုပ်တဲ့လူ အပြစ် ပေးလိုက်ရင် အခုလို
လူမျိုးရေးတွေပါလာမှာ မဟုတ်ဘူး။ အခုဟာက လုပ်တဲ့လူက တခြားခံရတဲ့လူက တခြားလေ။ အခုဖြစ်တဲ့ ပြဿနာမှာ သိရသလောက် တော့ တစ် မြို့လုံးမပါဘူး။ လူအသတ် ခံလိုက်ရတာ တစ်ခုကြောင့်တော့ နှစ်ဖက်လုံးက စိတ်ထိခိုက်သွားပါတယ်။ အမြင်အားဖြစ် ပြောရရင်တော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို လက်မခံပါဘူး။ အပြစ်လုပ်တဲ့ လူသာ ထိရောက်စွာ အပြစ် ပေးသင့်ပါတယ်။ အစိုးက ကိုင်တွယ် ပုံနှေးကွေးတယ်လို့လဲမြင်ပါတယ်။ သူတို့သာ တရားခံကို ချက်ချင်း ဖမ်းနိုင်ခဲ့ရင် ဒီလောက်ထိမကြီးထွားလာနိုင်ဘူးဆိုတာပါပဲ။

မခိုင်ခိုင်(အိမ်ရှင်မ)

အကြောင်းစုံတော့ သေချာမသိပေမယ့် လူလူချင်းပြဿနာကို ဘာသာရေးပဋိပက္ခတွေ အထိဖြစ်လာတာမျိုးတော့ မကောင်းဘူးလို့ မြင်တယ်။ ရှေ့မှာဖြစ်တဲ့ ပြဿနာတွေကို အကြောင်းပြုပြီး ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေကြောင့် ဒီလိုထပ်ဖြစ်တယ်လို့ ထင်တယ်။ ဒီပဋိပက္ခတွေကို ဖန်တီးပြီး လုပ်နေတယ်လို့တောင် စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့
တမင်ဖန်တီးတာရော၊ တိုက်ဆိုင်တာရော ဖြစ်နေသလို ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ထစ်ခနဲရှိ ဖြစ်လိုက်ရင် ဗမာနဲ့ မူဆလင်နဲ့ပဲ ကြုံနေတော့ စဉ်းစားစရာပဲလေ။ မဖြစ်ဖြစ်အောင် တမင်လုပ်နေတာလားလို့ စဉ်းစားနေတာ။

Mizzima - News in Burmese
ဘာသာရေးအကြောင်းပြကာ ဖြစ်ပွားလာသည့် အကြမ်းဖက်ပဋိပက္ခကြီးများ မြန်မာနိုင်ငံနေရာအနှံ့ ဖြစ်ပွား ခဲ့ပြီးနောက် ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်မည် ဟူသော သတင်းစကားများက ကောလာဟာလ အသွင်ေ ဆာင် ကာ လူထုအကြား ပျံ့နှံ့လျက် ရှိသည်။

ကောလာဟာလများဖြစ်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပင် အမှန်တကယ် ဖြစ်ပွားလာခဲ့ပြန်သည်။ မကြာမီက မန္တလေးမြို့တွင် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြုကာ အကြမ်းဖက်ပဋိပက္ခကြီး ဖြစ်ပွားခဲ့သည်။ ဘာသာ တိုင်း မလိုလားသည့် အကြောင်း ကိစ္စရပ်များကို အခြေခံပြီး လူအများ နာကြည်းစေနိုင်သည့် လုပ်ရပ်များကို အကြောင်းပြုဖန်တီးကာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခခေါင်းစဉ်တပ်လာခဲ့ကြသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ အမြုတေအဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်က “အခုဖြစ်တဲ့ ပဋိပက္ခတွေက ဘာသာကြီးနှစ်ခုရဲ့ပယောဂကြောင့် မဟုတ်ဘူး။ ဖန်တီးချင်တဲ့ သူတွေက တမင်အကွက်ချပြီးလုပ်နေတာ။ ဘာသာရေးကို အကြောင်းပြပြီး မသမာသူတွေက အသုံးချနေတာ” ဟု ဆိုသည်။

တမင်ဖန်တီးတဲ့ အကြမ်းဖက်ပဋိပက္ခတွေဘာကြောင့် ဆက်တိုက်ဖြစ်နေ တာလဲ

ထိုအကြမ်းဖက်မှုများ စစ်အစိုးရ လက်ထက်က ဘာကြောင့် မဖြစ်ခဲ့သနည်း။

ထိုပဋိပက္ခများ၏ နောက်ကွယ်တွင် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်နေသည်ဆိုသည်ကိုပင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်သည်။

“အခု မန္တလေးမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ် ချက် ရှိရှိ တမင်ဖန်တီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်”ဟု သမ္မတ၏ ဇူလိုင် ၇ ရက်မိန့်ခွန်းတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပဋိပက္ခတိုင်းတွင် လူတစ်စုက အကွက်ကျကျ ဖန်တီးနေသည်ဆိုသည်ကိုတော့ အဖွဲ့အစည်းတိုင်း၊ လူထုအများစုက လက်ခံထားပြီ ဖြစ်သည်။

ဤအကြောင်းကို ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များက သက်သေထူလျက် ရှိသည်။

ဆက်တိုက်ဖြစ်လာတဲ့ အကြမ်းဖက်ပဋိပက္ခများ

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် မသီတာထွေးဖြ စ် စဉ်နှင့် အစပြုဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည်။ ထို့နောက် မောင်းတောမြို့သို့ အဆိုပါပဋိပက္ခမှာ ကူးစက်ပျံ့နှံ့ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကို ဖျက်ဆီးရာမှ ဘာသာနှစ်ခုကြား အမုန်းတရားများ ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့သည်။ ထိုဖြစ်စဉ်များကပင် စနစ်တကျ ချိန်ကိုက် လုပ်ဆောင်နေသည့်အလား ရက်မခြား ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။

အကြမ်းဖက် ပဋိပက္ခတိုင်းတွင် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို အခြေခံပြီး ဖြစ်ပွားလာသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူသားတိုင်း နာကြည်းမုန်းတီးစေမည့် လူသတ်မှုများသာမက ဘာသာရေးဆိုင်ရာ ထိခိုက်လွယ်သည့် အကြောင်းအရာကို အသုံးချကာ ပဋိပက္ခ ကျယ်ပြန့်စေရန်နှင့် ကြီးထွားစေရန် လှုံ့ဆော်မှုများမှ တစ်ဆင့် ဖြစ်ပွားလာခဲ့သည်။

၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုတွင် လူမှုရေးကိစ္စအကြောင်းပြုကာ အငြင်းပွား မှုမှ စတင်ပြီး အဓိကရုဏ်း အသွင်ဆောင်သည့် အကြမ်းဖက်မှုကြီးတွင် ဒေသခံများမဟုတ်သူ မျက်နှာစိမ်း များက ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ဒေသခံများ ပါဝင်လာစေရန် လှုံ့ဆော်ခဲ့သည်။

ထိုသူများက ပဋိပက္ခကြီးထွားစေရန် နှင့် ကူးစက်ပျံ့နှံ့စေရန် လုပ်ဆောင်ခဲ့သည်ဟု ပဋိပက္ခလေ့လာ စောင့်ကြည့် သူများက သုံးသပ်ကြသည်။ ထိုမိတ္ထီလာအရေးက မြို့နယ်ကြီး ငါးခုသို့ ကူးစက်ခဲ့သည်အထိ ကြီးမား ခဲ့သည်။

ဟာဂျီဦးအေးလွင်က “အစုတစ်စုက စနစ်တကျ ဒါကို လုပ်တယ်။ ရခိုင်တုန်းကတော့ အငြင်းပွားဖွယ်ရာတွေ ရှိတော့ နားလည်ပေးစရာရှိတယ်။ မိတ္ထီလာမှာကျတော့ တော်တော်လေးကို စဉ်းစားစရာ ဖြစ်လာတယ်။ ကျူးလွန်တဲ့သူတွေက လူစိမ်းတွေ ဖြစ်နေတယ်။ ဒါပေမဲ့ လူစိမ်းတွေကို အတွင်းက လူတချို့ကတော့ ပူးပေါင်းပါဝင်တယ်။ ဒါကြောင့် ဒါဘယ်သူ့ဆိုင်၊ ဒါဘယ်သူ့အိမ်ဆိုတာ သိတယ်။ အဲဒါကြောင့် အစုအဖွဲ့ တစ်ခုက သေချာလုပ်တယ်ဆိုတာ ပြောနိုင်တာပါ” ဟု ပြောသည်။

မိတ္ထီလာနှင့် ဆက်စပ်မြို့ကြီးများတွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ မတည်ငြိမ်သေးမီမှာပင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် ဥက္ကံမြို့တွင်ဖြစ်ပွားသည့် ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ဦးတို့ ၀င်တိုက်မိရာက စတင်သော ဘာသာမတူသည့် လူမျိုးစုနှစ်စု အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ နောက်ဆုံး ပတ်အတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဘာသာခြားတစ်ဦး၏ အိမ်ရှေ့တွင် သာသ နာ့အလံစိုက်ထူထားသော ဆိုင်ကယ်ရပ် ရာမှ အချင်းများကာ အခြားကျေးရွာများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြန်သည်။ ထို ပဋိပက်္ခတွင် လည်း ဒေသခံများမပါဝင်ဘဲ မျက်နှာစိမ်း လူတစ်စုက ဦးဆောင် ခဲ့သည်ဟု ဒေသခံ များက ဆိုကြပြန်သည်။

ထိုနည်းတူစွာပင် ၂၀၁၄၊ မတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ (Malteser)အမည်ရှိ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့မှ အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ခါးအောက်ပိုင်းတွင် ပတ်သည်ဟုဆိုကာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး လူအုပ်စုဖွဲ့ တိုက်ခိုက်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြန်သည်။

ဘာသာနှစ်ခု လူမျိုးစုကြားတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၊ မိတ္ထီလာမြို့နှင့် ဆက်စပ်မြို့နယ် ငါးခု၊ လားရှိုး၊ ကန့်ဘလူ၊ ဥက္ကံ၊ မန္တလေးမြို့ကြီးများတွင် နှစ်နှစ်တာကာလအတွင်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သည်။

မန္တလေးအဓိကရုဏ်း အဆိုးရွားဆုံးဖြစ်

မကြာမီရက်ပိုင်းကပင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ အကြမ်းဖက်မှုကြီးသည် ပဋိပက္ခများ ဖြစ်စဉ်များတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဟု စာရေးဆရာအောင်ချိန်ဘွားက မှတ်ချက်ပြုသည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးပဋိပက္ခတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က လူအုပ်စုကြီး၏ ဖျက်ဆီးမှုများတွင် ဟန့်တားမှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိဘဲ အမိန့်စောင့်ဆိုင်းနေသည်ဆိုသည့် အဖြေအပေါ် အဆိုးရွားဆုံးလုပ်ရပ်ဟု ဆိုလေသည်။

“အမေရိကန်က ဒီနှစ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတိုးမြှင့်ရတဲ့ အကြောင်းထဲမှာလည်း ပြည်တွင်းက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေကို အချိန်မီ မဖြေရှင်းနိုင်တဲ့အတွက် ထပ်တိုးတယ်လို့ ဆိုထားတယ်။ လူသေပြီးမှ ပဋိပက္ခတွေ ငြိမ်သွားတာက အစိုးရရဲ့ လုပ်ဆောင်မှု နှေးလို့ဆိုတာ သိသာနေတယ်” ဟု ၎င်းက သုံးသပ်သည်။

ဒီမိုကရေစီစနစ်ကို အပြစ်ဆိုစေချင်တာလား

ဘာသာရေးအကြောင်းပြု အကြမ်းဖက် ပဋိပက္ခများကို သွေးထိုးလှုံ့ဆော်နေသည်ဟု အစိုးရက အတိအလင်း ထုတ်ဖော်ပြောကြားသော်လည်း ထိရောက်သည့် ကိုင်တွယ် ဖြေရှင်းမှုများ ယနေ့ထိတိုင် လုပ်ဆောင်ခြင်းမရှိသည့်အပေါ် အဖြေတစ်ခုထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေး အကြမ်းဖက်ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က “ပြုပြင်ပြောင်းလဲရေး ကာလအတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပဋိပက္ခအချို့ကဖြင့် ဒီမိုကရေစီ ရှင်သန် ထွန်းကားရေးကို ဖျက်ဆီးလိုသည့် သဘောဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေသည်ကို တွေ့ရသည်” ဟု ဆိုထားသည်။

ဒီမိုကရေစီ မလိုလားသူများက အကြောင်းပြ ဖန်တီးနေတာလားဟု စဉ်းစားရမည်ဖြစ်ကြောင်း ဟာဂျီ ဦးအေးလွင်က “ဒီမိုကရေစီပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း မတိုင်ခင်မှာတုန်းက ဒီလိုဟာမျိုးဖြစ်ရင် ချက်ချင်း ထိန်းသွားတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ဗဟိုချုပ်ကိုင်မှုကြောင့်။ ဗဟိုချုပ်ကိုင်မှုက ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ တစ်သွေး တစ်သံ တစ်မိန့်ပဲ။ အဲတော့ ဒီမိုကရေစီရဲ့ ဆိုးကျိုးတွေဆိုပြီး ပြချင်တယ်။ ဒီမိုကရေစီလိုချင်ကြတဲ့သူတွေ နင်တို့ ဒါတွေအတွက် ပြင်ဆင်ထားဆိုတဲ့ဟာမျိုး ပြချင်တာ။ အဲတော့ဒီ ဒီမိုကရေစီစနစ်ကိုများ အပြစ်ပြောလို့ရအောင် သက်သေထူချင်လို့များ လုပ်နေတာလားဆိုတဲ့ သီအိုရီတစ်ခုတော့ ရှိနေတယ်” ဟု ဆိုလေသည်။

ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့နိုင်လား

ရည်ရွယ်ချက်ရှိရှိ လူ့အသိုက်အ၀န်းကြား အမုန်းတရားများ ပြန့်ပွားစေရန် သွေးထိုးလှုံ့ဆော် ဖန်တီးသူများကို ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သမ္မတကြီးက အကြမ်းဖက် ပဋိပက္ခများ ပြီးဆုံးတိုင်း ပြောကြားသည့် မိန့်ခွန်းတိုင်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရက သွေးထိုး လှုံ့ဆော်အကြမ်းပဋိပက္ခများ ဖန်တီးသူများကို အမှန်တကယ် ပြင်းပြင်းထန်ထန် အရေးယူနိုင်ခဲ့ပါသလား။ အကြမ်းဖက် ပဋိပက္ခများကို လူအသေအပျောက်မရှိမီ လက်ဦးမှု ရယူနိုင်ခဲ့ပါသလား။ ပဋိပက္ခ အကြမ်းဖက်မှုများ ပြီးဆုံးသည့်တိုင် သွေးထိုးလှုံ့ဆော်သူများနှင့် အကြမ်းဖက် လူတစ်စုကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ခဲ့ပါသလားဆိုသည်ကိုတော့ အစိုးရကို တာဝန်ခံရသည့် သမ္မတဦးသိန်းစိန်အပေါ် ပြန်လည်မေးခွန်းထုတ်ရမည် ဖြစ်သည်။

Hard power နှင့် Soft power အစိုးရ ဘယ်လိုသုံးမလဲ

နိုင်ငံရေး လေ့လာသုံးသပ်ချက် စာပေများ အစဉ်တစိုက် ရေးသားလျက်ရှိသည့် စာရေးဆရာ ဦးကျော်ဝင်းက အစိုးရတစ်ရပ်သည် ပါဝါအမာ (hard power)နှင့် ပါဝါအပျော့ (soft power)နှစ်မျိုးစလုံးဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ရာဇ၀တ်မှုမြောက်သည့် ပဋိပက္ခများကို လှုပ်ရှားမှုများ ဖြစ်ခဲ့ပါက hard power ကို သုံးရမည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဖြစ်ပွားသည့် ပဋိပက္ခများ၊ ပြဿနာရပ်များကို ကျယ်ပြန့်မလာစေရန် ပြဿနာ၏ မူလဇာစ်မြစ်ကို ဖြေရှင်းရာတွင် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်ရန် soft power ကို အသုံးပြုရမည်ဟု ဆိုသည်။

“နှစ်ခုလုံး သုံးဖြေရှင်းရမှာပဲ။ hard power သုံး ဖြေရှင်းရင်လည်း ဒီမိုကရေစီ စနစ်နဲ့ လိုက်လျောညီထွေဖြစ်မှာ မဟုတ်ဘူး။soft power တစ်ခုတည်းသုံးရင်လည်း ထိရောက်တဲ့ ဖြေရှင်းမှုမျိုးဖြစ်မှာ မဟုတ်ဘူး။ နှစ်ခုလုံးနဲ့ သွားရမှာပဲ” ဟု ၎င်းက ဆိုသည်။ အစိုးရက ပဋိပက္ခကိုင်တွယ် ဖြေရှင်းရာတွင် နှေးကွေးခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်က သုံးသပ်ထားသည်။ ပဋိပက္ခဖြစ်ပေါ်လာပါက အစိုးရက အမြန်ဆုံး အရေးယူဆောင်ရွက်ရန်လိုအပ်သည်ဟု ဆိုသည်။

နိုင်ငံတကာအကြမ်းဖက်များ၏ ပယောဂကိုလည်း သတိချပ်ဖို့လို

ဆရာဦးကျော်ဝင်းက “လူတစ်စုက ဖန်တီးတယ်ဆိုတဲ့ သမ္မတရဲ့စကားကတော့ ဖြစ်နိုင်ခြေ များနေပြီ။ ဒီလောက် ခပ်စိတ်စိတ်ဖြစ်နေတာ ပြင်ပပယောဂ ပါနေတယ်။ ဘယ်သူလဲဆိုတာတော့ မသိဘူး။ တစ်ဖက် က လည်း အစိုးရပယောဂပါတယ်လို့ စွပ်စွဲတယ်။ တစ်ဖက်ကလည်း အတိုက်အခံ ပယောဂပါတယ်လို့ စွပ်စွဲတယ်”ဟု ပြည်တွင်းပဋိပက္ခကို ဖန်တီးနေခြင်းသည် ပရောဂ မကင်းကြောင်း ဆိုသည်။

သို့သော် ပြည်တွင်းပယောဂဟု နိုင်ငံရေးအင်အားစုများအကြား အပြန်အလှန် လက်ညှိုးထိုးနေကြသော် လည်း သတိမမူမိသည့်အချက်ဖြစ်သည့် ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်နေ သည့် နိုင်ငံတကာ အကြမ်းဖက်များ၏ ပယောဂပါဝင်ခြင်း ရှိ၊မရှိ ဆိုသည်ကလည်း အရေးကြီးသည့်ကိစ္စ ဖြစ်သည်ဟု ဆိုသည်။

“အားလုံး မျက်ခြည်ပြတ်နေတာ တစ်ခုရှိတယ် အဲဒါက နိုင်ငံတကာ အကြမ်းဖက်မှုရဲ့ပယောဂ ပါ၊မပါ အဲဒါက အရေးကြီးတယ်။ ကျွန်တော်တို့ကတော့ အထောက်အထားမရှိဘဲ မပြောနိုင်ဘူး။ ဘယ်သူ့ ပယောဂ ပါ၊မပါ ဆိုတာတော့ မသိဘူး။ ပယောဂပါတယ်ဆိုတာတော့ သိတယ်” ဟု ပြည်တွင်းအကြမ်းဖက် ပဋိပက္ခများတွင် ပယောဂ ပါဝင်နေသည်ဟု ဆရာဦးကျော်ဝင်းက သုံးသပ်သည်။ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည့် အကြမ်းဖက်ပဋိပက္ခများတွင် သြဇာ၊ အာဏာကြီးမားသည့် အဖွဲ့အစည်း၊ ဥပဒေ အထက်တွင် ရှိနေသည့် အဖွဲ့အစည်းကသာ ဆောင်ရွက်နိုင်သည်ဟုလည်း ဟာဂျီ ဦးအေးလွင်က မှတ်ချက်ပြု ထားသည်။

ဥပဒေအထက်မှာရှိတဲ့ အဖွဲ့အစည်းက ဆောင်ရွက်နေတာလား

“ငါတို့ရှိမှ ဖြစ်မယ်။ ဒီမှာ ပြဿနာ ဖြစ်နေပြီ။ ထိန်းချုပ်နိုင်တာ ငါတို့ပဲ ထိန်းချုပ်နိုင်မယ်။ မင်းတို့ ဒီမိုကရေစီ လိုချင်ရင် ဒီလိုပဲဖြစ်မှာပဲ။ ဒီမိုကရေစီနည်းနဲ့ ဒီလိုဟာတွေ ဖြေရှင်းလို့ မရနိုင်ဘူး” ဆိုတာ သက်သေထူလိုက် တာလား စဉ်းစားစရာပင် ဖြစ်သည်။

အကြမ်းဖက်ပဋိပက္ခများကို ဖန်တီးသူ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ဒီမိုကရေစီစနစ်ကို မလိုလား၍ ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုခြင်းပေလား။

ဦးကျော်ကျော်(စီးပွားရေးလုပ်ငန်းရှင်)

ပဋိပက်္ခတွေမှာ လူအုပ်စုကြီးရောက်လာတယ်လို့ ပြောကြတယ်။ အဲဒီလူအုပ်စုကြီးက တိုင်းပြည်ကို ပျက်စေ ချင် တဲ့ လူတစ်စုကလည်း အဲဒီဒေသမှာရှိနေမယ်။ အဲလိုအချိန်မျိုးကို စနက်တန်ကို မီးရှို့ပေး လိုက် သလိုဖြစ်ပြီး ပေါက်ကွဲမယ်။ အလကားနေရင်း သွေးကြွနေသူတွေ၊ ဆေးသမားတွေ၊ လုချင်ယက်ချင်သူတွေပါ ပါ လာပြီး အကြမ်းဖက်မှုတွေဖြစ်လာတယ်လို့ မြင်တယ်။ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ ဘာလို့လဲဆိုတော့ ရွေးကောက် ပွဲနီးလေ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ဆူပူအောင် လုပ်မယ့်ကိစ်္စတွေက ခပ်စိပ်စိပ် ဖြစ်နေဦးမယ်လို့ ထင်တယ်။ ဘာသာရေးအကြောင်းပြ ပဋိပက္ခတွေကို ထပ်ဖန်တီးလို့မရတော့ဘူးလို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက ဖန်တီးနေတယ်ဆိုတာ သိနေကြပြီ။ ဒါကြောင့် ဖန်တီးမယ့် သူတွေက တင်းမာတဲ့အုပ် စုတွေကို ရှာဖွေစုံစမ်းပြီး ဖြစ်နိုင်တဲ့နေရာတွေကို ဖန်တီးနေကြဦးမှာပဲ။ ဒါကို သတိရှိကြဖို့လိုပါတယ်။

ဦးလှသိန်း (ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

လူမျိုးစွဲ ဘာသာစွဲရှိသူတွေကို တချို့ နိုင်ငံရေးသမားတွေက အသုံးချသွားတာတွေလည်း ရှိတယ်။ အချို့နေ ရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် လုံခြုံရေး အချိန်မီ မရောက်တာလည်း ရှိတယ်။ အချိန်မီ မထိန်းနိုင်တော့ ပြဿနာတွေပိုကြီးတာပေါ့။

မသက်ထား(သာကေတမြို့နယ်)

၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အတွက် နေရာဖယ်မပေးချင်လို့ အကွက်ရွှေ့နေတယ်လို့ မြင်တယ်။ ပဋိပက္ခအပြင် အခုဆိုရင် သတင်းထောက်တွေကို ထောင်ချတာတွေကလည်း အကွက်ရွှေ့နေတဲ့ လုပ် ရပ်တွေ ပဲလို့ မြင်တယ်။

ဦးကျော်ထွန်း (သံတွဲမြို့ဒေသခံ)

ကျွန်တော်တို့ဆီမှာ ရဟန်းသံဃာတွေကို ရိုသေလေးစားကြတယ်။ ဒီလိုပြဿနာမျိုးတွေဖြစ်ခဲ့ရင် အုပ်ချုပ်သူတွေ နဲ့အတူ ရဟန်းသံဃာတွေ မြို့မိမြို့ဖတွေက ၀ိုင်းဝန်းထိန်းသိမ်း ပေးသင့်တယ်။ လူငယ်တွေက သွေးဆူ တယ်။ လူကြီးတွေက ထိန်းဖို့လိုတယ်။ အစိုးရနဲ့ ပတ်သက်ပြီးတော့ မပြောတတ်ဘူး။

ကိုသူရ(မန္တလေးဒေသခံ)

အမှန်ကတော့ ဥပဒေစိုးမိုးရင် ဘာမှဖြစ်စရာမရှိပါဘူး။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို မိမိနေထိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို လေးစားရမယ်။ အဓိကက အစိုးရက တာဝန်အရှိဆုံးပါ။အပြစ်လုပ်တဲ့လူ အပြစ် ပေးလိုက်ရင် အခုလို လူမျိုးရေးတွေပါလာမှာ မဟုတ်ဘူး။ အခုဟာက လုပ်တဲ့လူက တခြားခံရတဲ့လူက တခြားလေ။ အခုဖြစ်တဲ့ ပြဿနာမှာ သိရသလောက် တော့ တစ် မြို့လုံးမပါဘူး။ လူအသတ် ခံလိုက်ရတာ တစ်ခုကြောင့်တော့ နှစ်ဖက်လုံးက စိတ်ထိခိုက်သွားပါတယ်။ အမြင်အားဖြစ် ပြောရရင်တော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို လက်မခံပါဘူး။ အပြစ်လုပ်တဲ့ လူသာ ထိရောက်စွာ အပြစ် ပေးသင့်ပါတယ်။ အစိုးက ကိုင်တွယ် ပုံနှေးကွေးတယ်လို့လဲမြင်ပါတယ်။ သူတို့သာ တရားခံကို ချက်ချင်း ဖမ်းနိုင်ခဲ့ရင် ဒီလောက်ထိမကြီးထွားလာနိုင်ဘူးဆိုတာပါပဲ။

မခိုင်ခိုင်(အိမ်ရှင်မ)

အကြောင်းစုံတော့ သေချာမသိပေမယ့် လူလူချင်းပြဿနာကို ဘာသာရေးပဋိပက္ခတွေ အထိဖြစ်လာတာ မျိုးတော့ မကောင်းဘူးလို့ မြင်တယ်။ ရှေ့မှာဖြစ်တဲ့ ပြဿနာတွေကို အကြောင်းပြုပြီး ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေကြောင့် ဒီလိုထပ်ဖြစ်တယ်လို့ ထင်တယ်။ ဒီပဋိပက္ခတွေကို ဖန်တီးပြီး လုပ်နေတယ် လို့တောင် စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ တမင်ဖန်တီးတာရော၊ တိုက်ဆိုင်တာရော ဖြစ်နေသလို ဖြစ်နေ တယ်။ ဘာလို့လဲဆိုတော့ ထစ်ခနဲရှိ ဖြစ်လိုက်ရင် ဗမာနဲ့ မူဆလင်နဲ့ပဲ ကြုံနေတော့ စဉ်းစား စရာပဲလေ။ မဖြစ်ဖြစ်အောင် တမင်လုပ်နေတာလားလို့ စဉ်းစားနေတာ။

Mizzima - News in Burmese

No comments:

Post a Comment