Monday 14 July 2014

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သား ၂ ယောက် နိုင်ငံခြားသား ဖြစ်ရပုံ

Photo: ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သား ၂ ယောက် နိုင်ငံခြားသား ဖြစ်ရပုံ
Monday, 14 July 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၁၂ ရက်နေ့တုန်း က ပခုက္ကူ မှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ပညာပေး ဟောပြောပွဲမှာ ပုဒ်မ ၅၉ ဆိုတဲ့ သမ္မတ ဖြစ်ခွင့် တားမြစ် ထားတဲ့ ဥပဒေအကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အဲဒီ ဥပဒေအရ သမ္မတ ဖြစ်ရမယ့် သူရဲ့ သား၊ သမီး ချွေးမ၊ သားမက် စတဲ့ သူတွေဟာ နိုင်ငံခြားသားဖြစ် အဲဒီသူဟာ သမ္မတ ဖြစ်ခွင့် မရှိဘူးလို့ ပုဒ်မ ၅၉ စ က ကန့်သတ်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သား ၂ ဦး နိုင်ငံခြားသား ဖြစ်လို့ သမ္မတ ဖြစ်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားချက် အပေါ် အခုလို တုံ့ပြန်ထားပါတယ်။

" တချို့က ပြောကြတယ်၊ ကျမ သား ၂ ယောက် က မြန်မာနိုင်ငံသား ခံယူလိုက် ရင် ကျမ သမ္မတ ဖြစ်လို့ ရပြီပေါ့။ ကျမ ပြောမယ်။ ကျမ သမ္မတ ဖြစ်တာ မဖြစ် တာက အဓိက မဟုတ်ဘူး။ အဓိက က ဥပဒေကြောင်း အရ မမျှတလို့ ပြင်တာ။ ဘယ်လို မကြိုက်တာလည်း ပြောရင် ကျမ သားတွေက နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်း ကျမ အကျယ်ချုပ် ကျတော့ ကျမသားတွေကို အရင်အစိုးရ က နိုင်ငံသား လက်မှတ်တွေကို ရုပ်သိမ်းလိုက် တယ်။ အဲဒီနောက်ပိုင်း ကျမ သားတွေ ဗြိတိန်နိုင်ငံသား ဖြစ် သွားတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဧရာဝတီ blog
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၁၂ ရက်နေ့တုန်း က ပခုက္ကူ မှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ပညာပေး ဟောပြောပွဲမှာ ပုဒ်မ ၅၉ ဆိုတဲ့ သမ္မတ ဖြစ် ခွင့် တားမြစ် ထားတဲ့ ဥပဒေအကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အဲဒီ ဥပဒေအရ သမ္မတ ဖြစ်ရမယ့် သူရဲ့ သား၊ သမီး ချွေးမ၊ သားမက် စတဲ့သူတွေဟာ နိုင်ငံခြားသားဖြစ် အဲဒီ သူဟာ သမ္မတ ဖြစ်ခွင့် မရှိဘူးလို့ ပုဒ်မ ၅၉ စ က ကန့်သတ်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သား ၂ ဦး နိုင်ငံခြားသား ဖြစ်လို့ သမ္မတ ဖြစ်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားချက် အပေါ် အခုလို တုံ့ပြန်ထားပါတယ်။

" တချို့က ပြောကြတယ်၊ ကျမ သား ၂ ယောက် က မြန်မာနိုင်ငံသား ခံယူလိုက် ရင် ကျမ သမ္မတ ဖြစ်လို့ ရပြီပေါ့။ ကျမ ပြောမယ်။ ကျမ သမ္မတ ဖြစ်တာ မဖြစ် တာက အဓိက မဟုတ်ဘူး။ အဓိက က ဥပဒေကြောင်း အရ မမျှတလို့ ပြင်တာ။ ဘယ်လို မကြိုက်တာလည်း ပြောရင် ကျမ သားတွေက နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်း ကျမ အကျယ်ချုပ် ကျတော့ ကျမသားတွေကို အရင်အစိုးရ က နိုင်ငံသား လက်မှတ်တွေကို ရုပ်သိမ်းလိုက် တယ်။ အဲဒီနောက်ပိုင်း ကျမ သားတွေ ဗြိတိန်နိုင်ငံသား ဖြစ် သွားတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဧရာဝတီ blog

No comments:

Post a Comment