Monday 14 July 2014

ပညာရေး ဝန်ကြီးဌာနမှ မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးအပ်

နိုင်ငံတော်မှ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နိုင်ငံအတွင်းရှိ ဒေသ အသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပညာရေး ဝန်ကြီးဌာန အနေဖြင့် မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 
ပညာရေး ဝန်ကြီးဌာန အနေဖြင့် မူလတန်း ကျောင်းသားဦးရေ ၁ဝဝ အောက်ရှိသော ကျောင်းများအား ထောက်ပံ့ကြေး ငွေကျပ် ရှစ်သိန်းကို လည်းကောင်း၊ ကျောင်းသားဦးရေ ၁ဝဝ မှ ၂ဝဝ ကြားရှိ ကျောင်းများအား ထောက်ပံ့ကြေးငွေ ကျပ် ၁ဝ သိန်းကို လည်းကောင်း၊ ကျောင်းသားဦးရေ ၂ဝဝ မှ ၃ဝဝ ကြားရှိ ကျောင်းများအား ထောက်ပံ့ကြေး ငွေကျပ် ၁၂ သိန်းကို လည်းကောင်း၊ ကျောင်းသားဦးရေ ၃ဝဝ မှ ၄ဝဝ ကြားရှိ ကျောင်း များအား ထောက်ပံ့ကြေးငွေကျပ် ၁၄ သိန်း ကို လည်းကောင်း၊ ကျောင်းသားဦးရေ ၄ဝဝ နှင့် အထက် ကျောင်းများအား ထောက်ပံ့ ကြေးငွေ ကျပ် ၁၆ သိန်းကို လည်းကောင်း အသီးသီး ပေးအပ်မည်ဟု လျာထားခဲ့ရာ ယခု ပထမအကြိမ် အဖြစ် ထောက်ပံ့ကြေး တစ်ဝက်ကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ကြေး ရရှိသော ကျောင်းများ အနေဖြင့် ထောက်ပံ့ကြေးများကို (၁) ရုံးအသုံးအဆောင်၊ (၂) ပြည်တွင်း ခရီးစရိတ်၊ (၃) စာအုပ်စာနယ်ဇင်း၊ (၄)သယ်ယူစရိတ်၊ (၅) လုပ်အားခ၊ (၆) လုပ်ငန်းသုံး၊ (၇) ပြပွဲ၊ ပြိုင်ပွဲ၊ (၈) အာဟာရ၊ (၉) တယ်လီဖုန်း၊ ကြေးနန်းခ၊ (၁ဝ) မီတာထိန်းသိမ်းခ၊ (၁၁) လျှပ်စစ်ဓာတ်အားခ၊ (၁၂) အခြား အထွေထွေ အသုံးစရိတ် ဟူသော ခေါင်းစဉ် (၁၂) ခု အောက်တွင် ကျောင်းကောင်စီ အဖွဲ့ဝင်များ ထံသို့ တင်ပြ သုံးစွဲရမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် မူလတန်း ကျောင်းများအတွက် ဒုတိယအကြိမ် အဖြစ် ထောက်ပံ့ကြေး တစ်ဝက်ကို နိုဝင်ဘာလ ကုန်တွင် ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment