Monday 14 July 2014

ထိပ်ဆုံးနေရာသို့ ချက်ချင်း ရောက်ရှိသွားခဲ့တဲ့ Dawn of The Planet of The Apes ဇာတ်ကား

Photo: ထိပ်ဆုံးနေရာသို့ ချက်ချင်း ရောက်ရှိသွားခဲ့တဲ့ Dawn of The Planet of The Apes ဇာတ်ကား
Monday, 14 July 2014 

ရုပ်ရှင်ရုံတွေမှာ ပြိုင်ဘက်မရှိအောင် ၀င်ငွေအမြောက်အများနဲ့ အကျိုးရလာဒ်ရရှိစေခဲ့တဲ့  Dawn of the Planet of the Apes ဇာတ်ကားကို ရုံတင်ပြသရာမှာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။

Dawn ရုပ်ရှင်ကားဟာ အားလပ်ရက်စနေ၊ တနင်္ဂနွေ အတောအတွင်းမှာ ခန့်မှန်းချက်အရ ဒေါ်လာ ၇၃ မီလျံ အထိရရှိစေခဲ့ပြီး Transformers: Age of Extinction ရဲ့ သုံးပတ်အတွင်း ဒေါ်လာ ၁၆.၅ မီလျံရရှိခဲ့တဲ့ အောင်မြင်မှု ပမာဏကို ကျော်လွှားသွားနိုင်ခဲ့ပါ တယ်။ ဇူလိုင်လအတွင်း ရုံတင်ပြမယ့် ဇာတ်ကားတွေထဲက တစ်ကားအပါအ၀င်ဖြစ်တဲ့ Tammy ဟာ ၁၂.၉ မီလျံဒေါ်လာနဲ့ တတိယ နေရာကို ထိုးကျသွားခဲ့ပါတယ်။ Jump Street  နဲ့ How to Train Your Dragon 2 ကတော့ ထိပ်ဆုံး (၅) နေရာအတွင်းမှာပဲ ရှိနေခဲ့ပါတယ်။

ဒီတစ်ပတ် ရုံတင်ပြသွားတဲ့ တစ်ခြားရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင် ဘောလိဝုဒ်အချစ်ဟာသဇာတ်လမ်း Humpty Sharma Ki Dulhania နဲ့ Boyhood တို့ပဲဖြစ်ပါတယ်။ အရင်တစ်ပတ်ကတည်းက ထွက်ရှိမလာတော့တဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေကို တောင့်တနေတဲ့ အက်ရှင်ဇာတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေကြောင့် Dawn ဇာတ်ကားဟာ အောင်မြင်မှုရရှိနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်ရုပ်ရှင်ဇာတ်ကားတွေကို စိတ်ဝင်စားမှု နည်းသွားလောက်အောင်ဖြစ်စေတဲ့ Dawnဇာတ်ကားအောင်မြင်မှုနဲ့ပတ်သက်ပြီး စဉ်းစားမရလောက်အောင်ဖြစ်သွားခဲ့ပါတယ်။  ဒီဇာတ်ကားဟာ အောင်မြင်နေတဲ့ ဇာတ်ကားလည်းဖြစ်ပြီး ခွင့်ပြုချက်ရ ရုပ်ရှင် ကုမ္ပဏီတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။

Ref:starpulse.com
Trend Myanmar
ရုပ်ရှင်ရုံတွေမှာ ပြိုင်ဘက်မရှိအောင် ၀င်ငွေအမြောက်အများနဲ့ အကျိုးရလာဒ်ရရှိစေခဲ့တဲ့  Dawn of the Planet of the Apes ဇာတ်ကားကို ရုံတင်ပြသရာမှာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။

Dawn ရုပ်ရှင်ကားဟာ အားလပ်ရက်စနေ၊ တနင်္ဂနွေ အတောအတွင်းမှာ ခန့်မှန်းချက်အရ ဒေါ်လာ ၇၃ မီလျံ အထိရရှိစေခဲ့ပြီး Transformers: Age of Extinction ရဲ့ သုံးပတ်အတွင်း ဒေါ်လာ ၁၆.၅ မီလျံရရှိခဲ့တဲ့ အောင်မြင်မှု ပမာဏကို ကျော်လွှားသွားနိုင်ခဲ့ပါ တယ်။ ဇူလိုင်လအတွင်း ရုံတင်ပြမယ့် ဇာတ်ကားတွေထဲက တစ်ကားအပါအ၀င်ဖြစ်တဲ့ Tammy ဟာ ၁၂.၉ မီလျံဒေါ်လာနဲ့ တတိယ နေရာကို ထိုးကျသွားခဲ့ပါတယ်။ Jump Street  နဲ့ How to Train Your Dragon 2 ကတော့ ထိပ်ဆုံး (၅) နေရာအတွင်းမှာပဲ ရှိနေခဲ့ပါတယ်။

ဒီတစ်ပတ် ရုံတင်ပြသွားတဲ့ တစ်ခြားရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင် ဘောလိဝုဒ်အချစ်ဟာသဇာတ်လမ်း Humpty Sharma Ki Dulhania နဲ့ Boyhood တို့ပဲဖြစ်ပါတယ်။ အရင်တစ်ပတ်ကတည်းက ထွက်ရှိမလာတော့တဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေကို တောင့်တနေတဲ့ အက်ရှင်ဇာတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေကြောင့် Dawn ဇာတ်ကားဟာ အောင်မြင်မှုရရှိနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်ရုပ်ရှင်ဇာတ်ကားတွေကို စိတ်ဝင်စားမှု နည်းသွားလောက်အောင်ဖြစ်စေတဲ့ Dawn ဇာတ် ကားအောင်မြင် မှုနဲ့ပတ်သက်ပြီး စဉ်းစားမရလောက်အောင်ဖြစ်သွားခဲ့ပါတယ်။  ဒီဇာတ်ကားဟာ အောင်မြင်နေ တဲ့ ဇာတ်ကားလည်းဖြစ်ပြီး ခွင့်ပြုချက်ရ ရုပ်ရှင် ကုမ္ပဏီတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် တစ်ခု အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။

Ref:starpulse.com
Trend Myanmar 

No comments:

Post a Comment