Monday 14 July 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲလာသောNLD အဖွဲ့ဝင်တစ်ဦး ရုတ်တရက်လဲကျသေဆုံး

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲလာသောNLD အဖွဲ့ဝင်တစ်ဦး ရုတ်တရက်လဲကျသေဆုံး
Monday, 14 July 2014 

ပခုက္ကူမြို့တွင်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးလူထုဟောပြောပွဲတက်ရောက် ရန် မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေး ရွာမှNLD အဖွဲ့ဝင်များဖြစ်သည့် ဦးစံဌေး၊ ဦးမြသိန်းတို့ပါဝင်သော အဖွဲ့သည် ကား (၂၂) စီးခန့်နှင့် အတူပခုက္ကူမြို့သို့ဇူလိုင် ၁၂ ရက် နံနက် (၀၇၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး၊ ရွှေချောင်းတံတား အနီး၌ကားများပိတ်မိနေသဖြင့် ယင်းနေရာ၌ပင်ကားကိုထားခဲ့ပြီး ဟောပြောပွဲရှိရာနေရာသို့ရွှေချောင်း တံတားအမှတ် (၂) အောက်၊ ရွှေချောင်းအတိုင်းလမ်းဆင်းလျှောက် ခဲ့ရာ (၀၉၀၀) နာရီအချိန်ခန့်တွင် ရွှေချောင်းအရှေ့ဘက်ဟော ပြောပွဲအနီးရှိကျောက်မိကျောင်း ဘုန်းတော်ကြီးကျောင်းအနောက် ဘက်မုခ်အနီးသို့ရောက်ရှိခဲ့စဉ် ဦးမြသိန်း (NLD ပါတီဝင်) မှာခေါင်း မူးကာလမ်းလျှောက်နေစဉ်ရုတ်တ ရက်လဲကျသွားသဖြင့် (၀၉၃၀) နာရီအချိန်ခန့်တွင်ပုညမုဒိတာနာ ရေးကူညီမှုအသင်းယာဉ်ကိုခေါ် ဆောင်ကာ ပခုက်္ကူဆေးရုံကြီးသို့ တင်ဆောင်လာစဉ် (၁၀း၀၀) နာရီအချိန်ခန့်ဆေးရုံကြီးမရောက် မီလမ်း၌ပင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ဦးမြသိန်းကိုရဲဆေးစာပေးပို့ပြီး၊ သေဆုံးရသည့်ကိစ်္စကိုစီစစ်ရာတွင် ဦးမြသိန်းမှာသွေးတိုးရောဂါခံစား နေရကြောင်းသိရသဖြင့်ရုတ်တရက် သေဆုံးမှုအပေါ်ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိ ရန် သေမှုသေခင်းအမှတ်စဉ် (၁၁/ ၂၀၁၄)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Hot News Journal
ပခုက္ကူမြို့တွင်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးလူထုဟောပြောပွဲတက်ရောက် ရန် မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေး ရွာမှNLD အဖွဲ့ဝင်များဖြစ်သည့် ဦးစံဌေး၊ ဦးမြသိန်းတို့ပါဝင်သော အဖွဲ့သည် ကား (၂၂) စီးခန့်နှင့် အတူပခုက္ကူမြို့သို့ဇူလိုင် ၁၂ ရက် နံနက် (၀၇၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး၊ ရွှေချောင်းတံတား အနီး၌ကားများပိတ်မိနေသဖြင့် ယင်းနေရာ၌ပင်ကားကိုထားခဲ့ပြီး ဟောပြောပွဲရှိရာနေရာ သို့ရွှေချောင်း တံတားအမှတ် (၂) အောက်၊ ရွှေချောင်းအတိုင်းလမ်းဆင်းလျှောက် ခဲ့ရာ (၀၉၀၀) နာရီအချိန်ခန့် တွင် ရွှေချောင်းအရှေ့ဘက်ဟော ပြောပွဲအနီးရှိကျောက်မိကျောင်း ဘုန်းတော်ကြီးကျောင်း အနောက် ဘက်မုခ်အနီးသို့ရောက်ရှိခဲ့စဉ် ဦးမြသိန်း (NLD ပါတီဝင်) မှာခေါင်း မူးကာလမ်းလျှောက်နေစဉ် ရုတ်တ ရက်လဲကျသွားသဖြင့် (၀၉၃၀) နာရီအချိန်ခန့်တွင်ပုညမုဒိတာနာ ရေးကူညီမှုအသင်းယာဉ်ကိုခေါ် ဆောင်ကာ ပခုက်္ကူဆေးရုံကြီးသို့ တင်ဆောင်လာစဉ် (၁၀း၀၀) နာရီအချိန်ခန့်ဆေးရုံကြီးမရောက် မီလမ်း၌ ပင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ဦးမြသိန်းကိုရဲဆေးစာပေးပို့ပြီး၊ သေဆုံးရသည့်ကိစ်္စကိုစီစစ်ရာတွင် ဦးမြသိန်း မှာသွေး တိုးရောဂါခံစား နေရကြောင်းသိရသဖြင့်ရုတ်တရက် သေဆုံးမှုအပေါ်ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိ ရန် သေမှုသေခင်းအမှတ်စဉ် (၁၁/ ၂၀၁၄)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Hot News Journal 

No comments:

Post a Comment