Monday 14 July 2014

ကမ္ဘာ့ဖလား ဗိုလ်လုပွဲရဲ့ အခြား တမျက်နှာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကျင်းပနေတဲ့ Rio's Maracanã ဘောလုံးကွင်းထဲမှာ ဂျာမနီ အသင်းနဲ့အာဂျင်တီးနား အသင်း အသည်းအသန် ယှဉ်ပြိုင်ကစားနေကြတာကို လူတွေက အာရုံစိုက်နေကြချိန်မှာ ဘောလုံးကွင်း အပြင်ဘက်မှာတော့ ဘရာဇီး ကမ္ဘာ့ဖလားဘော လုံးပွဲ ကို ကန့်ကွက်ဆန့်ကျင်သူတွေက ဆန္ဒပြနေ ကြတာ ရဲတွေက မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲ ရတဲ့အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

ဘရာဇီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကျင်းပချိန်ကွင်းအပြင်မှာ ဆန္ဒပြသူတဦးကို ဖမ်းဆီးစဉ်၊ 
ဓာတ်ပုံ -The Huffington Post
ဖီဖာကို နိုင်ငံက ထွက်သွားဖို့ ဘရာဇီး အစိုးရနဲ့ ဖီဖာကြောင့် ဘရာဇီးဟာ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပဖို့ သန်းပေါင်းများစွာ အကုန်အကျခံ ခဲ့ရတာမို့ နိုင်ငံတွင်း တခြား လိုအပ်တဲ့ ဆင်းရဲတွင်းနက်နေ တဲ့ နေရာတွေမှာ သုံးဖို့ပျက်ကွက်ခဲ့ရတာဖြစ်ပြီး ဒီအတွက်ကြောင့် ဘရာဇီး နိုင်ငံ စီးပွားရေး ပိုထိ ခိုက် တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ ဘရာဇီးမှာ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် စတင် မကျင်းပမီကတည်းက အစိုးရနဲ့ ဖီဖာကို ကန့်ကွက်ဆန္ဒပြနေခဲ့ကြတာဖြစ်ပါတယ်။ 

တဖက်မှာလည်း အိမ်ရှင် ဘရာဇီးအသင်းကလည်း တတိယတောင် မချိတ်နိုင်ခဲ့ တာကြောင့် ဘရာဇီး ဒေသခံတွေကလည်း အတော်ပဲ ဒေါသထွက်နေခဲ့ကြတယ်လို့ သတင်းတွေ ဖော်ပြ ပါတယ်။ 

တချို့ဘရာဇီးက လာတဲ့သတင်းတွေမှာ ရဲနဲ့ ဆန္ဒပြသူတွေအကြား တင်းမာမှုအခြေ အနေက ဆိုးတယ်လို့ ရေးကြပါတယ်။



ဧရာဝတီ  

No comments:

Post a Comment