Monday 14 July 2014

ပြည်မြို့ သီိရိခေတ္တရာဂေါက်ကွင်း တိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများ ဆန္ဒေ ဖာ် ထုတ်နေစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ထမကောက်အုပ်စု၊ ပြည်-မန္တလေး ကားလမ်းဘေးရှိ သီရိခေတ္တ ရာ ဂေါက်ကလပ် တိုးချဲ့ကွင်းအတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သိမ်း ဆည်း ခံ တောင်သူလယ်သမား ၁၉ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဇူလိုင် ၁၃ ရက်တွင် ပြည်-မန္တလေးကားလမ်း နဖားအင်းကျေးရွာတံတားမှ နံန က် ၈ ခွဲခန့်က စတင်ခဲ့ပြီး ဂေါက်ကွင်း၊ တီတွဒ်တာဆုံတို့တွင် ရပ်တန့်ကာ ကြွေးကြော်သံများဖြင့် တောင်း ဆိုခဲ့ပြီး ၁၀ နာရီတွင် အဆုံးသတ်ခဲ့သည်။

“သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ငါးကြိမ်လောက် စာတင်ခဲ့တယ်။ အကြောင်းတစ်စုံ တစ်ရာ ပြန်ကြားခြင်းမရှိဘူး။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ အဲဒီဂေါက်ကွင်းက ပိုင်ရှင်မရှိဘူးလို့ ပြောတယ်။ အထက်ရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးဘူး လို့လည်း ပြောတယ်။ အကြောင်းမထူးတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ” ဟု လယ်သိမ်းခံတစ်ဦးဖြစ်သည့် ဦးကျော်ဝင်းက ပြောကြားသည်။

သီရိခေတ္တရာဂေါက်ကွင်းအတွက် ၁၉၇၆ ပြည်သူ့ကောင်စီလက်ထက်တွင် ကိုးကျင်းကွင်းနှင့် ၁၉၉၆ ခုနှစ် တွင် တိုးချဲ့ကိုးကျင်း ပြုလုပ်ခဲ့ပြီး စုစုပေါင်း သိမ်းဆည်းလယ်ယာမြေ ၁၉၃ ဧကအနက်မှ ဒုတိယအကြိမ် တိုးချဲ့ကွင်းအတွက် တပ်မ ၆၆ မှ သိမ်းယူခဲ့သည့် လယ်ယာမြေ ၇၂ ဧကကိုသာ ပြန်လည်တောင်း ဆိုခြင်းဖြစ်ကြောင်း လယ်ယာသိမ်းဆည်းခံခဲ့ရသည့် ဦးခင်ထွေးက ပြောကြားသည်။

တောင်သူလယ်သမားများ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး အဆိုပါဂေါက်ကွင်းမှာ လန ၃၉ ပေါက်လျှောက်ထားပြီးဖြစ်ကာ နိုင်ငံတော်ပိုင်လည်း မဟုတ်ကြောင်း တစ်ဦးတစ်ယောက်ပိုင်လည်း မဟုတ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် အသင်းဝင် ၂၀၀ ခန့်မှ ပိုင်ဆိုင်သည့်ကွင်းဖြစ်ကြောင်း ယင်း ၂၀၀ ခန့်တွင် အုပ်ချုပ်ရေးပိုင်းမှ နိုင်ငံတော်အဆင့် အရာရှိများလည်း ပါဝင်နေပြီး ပြန်လည်ပေးအပ်ရန် အစီစဉ်မရှိကြောင်း ဂေါက်ကွင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်သိန်းက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment