Monday 14 July 2014

KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားတစ်ဦး အလင်းဝင်

Photo: KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားတစ်ဦး အလင်းဝင်
 Monday, July 14, 2014 

ကချင်ပြည်နယ် ဆဒုံးမြို့နယ်တွင် နေထိုင်သော ရှမ်းတိုင်းရင်းသားတစ်ဦးသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင် ခိုင်းရာ ဆန္ဒမပါသောကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။ အဆိုပါ အလင်းဝင် ရှမ်းတိုင်းရင်းသားအား ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်ဦးစီးအဖွဲ့ဝင် များမှ ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ယင်းရုံးသို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၃)မှ တပ်သားအဆင့်ရှိ အိုက်လောင်း(ဘ)ဦးပေါင်လျို၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄) ရပ်ကွက်၊ ဆဒုံးပါ ရှမ်းရွာ၊ ဆဒုံးမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။ ``အခုလို ရှမ်းတိုင်းရင်းသားတွေ အလင်းဝင်လာတာ ကြိုဆိုပါတယ်၊ KIA ဖမ်းဆီးသွားတဲ့ ရှမ်းတွေလည်း အများကြီး ကျန်ပါသေးတယ်၊ သူတို့ကိုလည်း အမြန်ဆုံး အလင်းဝင်ဖို့ ရတဲ့နည်းနဲ့ ဆက်သွယ်နေပါတယ်´´ ဟု ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ လိုက်ပါပို့ဆောင်သူတစ်ဦးက ပြောကြားသည်။ KIA အဖွဲ့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလလယ်တွင် ဂလန်ဂျလယ်ကွင်း သို့ ကောက်စိုက်သွားသော ရှမ်းတိုင်းရင်းသူ မ၀င်းရီ အား ဖမ်းဆီးသွားခဲ့ရာ စစ်သင်တန်းတက်ခိုင်းပြီး ဗိုလ်အဆင့်ဖြင့် သင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခိုင်းကြောင်း၊ မ၀င်းရီအနေဖြင့် KIA တပ်ဖွဲ့ တွင် နေလိုစိတ်မရှိသောကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ အလင်းဝင်လာခဲ့ကြောင်း သိရသည်။ ``မ၀င်းရီ အလင်းဝင်လာပြီးနောက်ပိုင်း အခု အိုက်လောင်းက ထပ်ပြီး ၀င်လာတာပေါ့၊ ဘာပဲဖြစ်ဖြစ် အတင်းအဓမ္မဖမ်းဆီး ခံရတာဆိုတော့ KIA အဖွဲ့ထဲမှာ ဘယ်နေချင်ပါ့မလဲ၊ အစကတည်းက ဆန္ဒမပါတာကတစ်ကြောင်း၊ အစားအသောက် အနေအထိုင်ကလည်းဆင်းရဲ၊ လစာဆိုတာကလည်း တစ်ပဲခြောက်ပြားရတာကတစ်ကြောင်းမို့ အလင်းဝင်လာတာလို့ ပြောတယ်၊ ရှမ်းတိုင်းရင်းသားတွေတင်မကဘူး ဒေသခံကချင်၊ ပလောင်၊ လီဇူးတွေလည်း အလင်းဝင်လာကြတာပါပဲ၊ နောက်ထပ်အလင်းဝင်လာမယ့်သူတွေလည်း တော်တော်များတယ်လို့ အိုက်လောင်းက ပြောပြတယ်´´ ဟု ဆဒုံးပါကျေးရွာ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။ 

ညီသစ်(မြစ်ကြီးနား)
ကချင်ပြည်နယ် ဆဒုံးမြို့နယ်တွင် နေထိုင်သော ရှမ်းတိုင်းရင်းသားတစ်ဦးသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ေ ဆာ င်ခြင်း ခံရပြီး တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင် ခိုင်းရာ ဆန္ဒမပါသောကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။ အဆိုပါ အလင်းဝင် ရှမ်းတိုင်းရင်းသားအား ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဦးစီးအဖွဲ့ဝင် များမှ ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ယင်းရုံးသို့ လာရောက်ပို့ဆောင်ခြ င်းဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၃)မှ တပ်သားအဆင့်ရှိ အိုက်လောင်း(ဘ)ဦးပေါင်လျို၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄) ရပ်ကွက်၊ ဆဒုံးပါ ရှမ်းရွာ၊ ဆဒုံးမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။ ``အခုလို ရှမ်းတိုင်းရင်းသားတွေ အလင်းဝင်လာတာ ကြိုဆိုပါတယ်၊ KIA ဖမ်းဆီးသွားတဲ့ ရှမ်းတွေလည်း အများကြီး ကျန်ပါသေးတယ်၊ သူတို့ကိုလည်း အမြန်ဆုံး အလင်းဝင်ဖို့ ရတဲ့နည်းနဲ့ ဆက်သွယ်နေပါတယ်´´ ဟု ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ လိုက်ပါပို့ဆောင်သူတစ်ဦးက ပြောကြားသည်။ KIA အဖွဲ့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလလယ်တွင် ဂလန်ဂျလယ်ကွင်း သို့ ကောက်စိုက်သွားသော ရှမ်းတိုင်းရင်းသူ မ၀င်းရီ အား ဖမ်းဆီးသွားခဲ့ရာ စစ်သင်တန်းတက်ခိုင်းပြီး ဗိုလ်အဆင့်ဖြင့် သင်တန်းကျောင်း တွင် တာဝန်ထမ်းဆောင်ခိုင်းကြောင်း၊ မ၀င်းရီအနေဖြင့် KIA တပ်ဖွဲ့ တွင် နေလိုစိတ်မရှိသောကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ အလင်းဝင်လာခဲ့ကြောင်း သိရသည်။ ``မ၀င်းရီ အလင်းဝင်လာပြီးနောက်ပိုင်း အခု အိုက်လောင်းက ထပ်ပြီး ၀င်လာတာပေါ့၊ ဘာပဲဖြစ်ဖြစ် အတင်းအဓမ္မဖမ်းဆီး ခံရတာဆိုတော့ KIA အဖွဲ့ထဲမှာ ဘယ်နေချင်ပါ့မလဲ၊ အစကတည်းက ဆန္ဒမပါတာက တစ်ကြောင်း၊ အစားအသောက် အနေအထိုင်ကလည်းဆင်းရဲ၊ လစာဆိုတာကလည်း တစ်ပဲခြောက်ပြားရ တာက တစ်ကြောင်းမို့ အလင်းဝင်လာတာလို့ ပြောတယ်၊ ရှမ်းတိုင်းရင်းသားတွေတင်မကဘူး ဒေသခံကချင်၊ ပလောင်၊ လီဇူးတွေလည်း အလင်းဝင်လာကြတာပါပဲ၊ နောက်ထပ်အလင်းဝင်လာမယ့်သူတွေလည်း တော်တော်များတယ်လို့ အိုက်လောင်းက ပြောပြတယ်´´ ဟု ဆဒုံးပါကျေးရွာ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

No comments:

Post a Comment