Monday 14 July 2014

ထောင် ၁၀ နှစ်ချမှတ်ခံရသည့် ယူနတီအဖွဲ့သားများအား ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့မည်

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုအက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရသည့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း က ထောက်ပံ့ငွေပေးအပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

‘‘ထောက်ပံ့ကြေးပေးအပ်ဖို့ ရှိပါတယ်။ သူတို့ကလည်း ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံ ရတဲ့သူတွေဆိုတော့။ ကိုဇော်ဖေတို့ တုန်းကလည်း ပေးတာပဲ။ နောက်တစ်ကြိမ် အစည်းအဝေးကျရင် အားလုံးကလည်းပေးဖို့အကြံပြုကြမှာပါ’’ဟု ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။ ဖောင်ဒေးရှင်း၏ (၁၆) ကြိမ် မြောက်ထောက်ပံ့ငွေပေးအပ်ပွဲ ကို စက်တင်ဘာတွင် ပြုလုပ်မည် ဖြစ်သည်။ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၏(၁၅) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အကျဉ်းသား သုံးဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် စာနယ်ဇင်းသမား ၂၃ ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၇၆ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက လက်ရှိနိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေးအကျဉ်း သားဟောင်းနှင့် ဘ၀တူစာနယ် ဇင်းသမားပေါင်း လေးရာကျော် အား ထောက်ပံ့ငွေကျပ် ၁၂၉၂ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်သည်။နိုင်ငံရေး အကျဉ်းသား ဟောင်း မိသားစုများအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အလုပ် အကိုင်ရှာဖွေပေးရေး လုပ်ငန်းစဉ် များလည်း ဆောင်ရွက်ပေးလျက် ရှိပြီး ပညာရေးထောက်ပံ့မှု အစီ အစဉ်အဖြစ် နိုင်/ကျဉ်းဟောင်းများ၏သားသမီးများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။ဟံသာဝတီ ဦးဝင်းတင်နှင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေး ရှင်းတို့အား ကိုရီးယားနိုင်ငံ The Truth ဖောင်ဒေးရှင်းက လူ့အခွင့် အရေးဆုကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဇွန်လ ၂၆ ရက်၌ ပေးအပ်ချီးမြှင့်ခဲ့သည်။
Photo: ထောင် ၁၀ နှစ်ချမှတ်ခံရသည့် ယူနတီအဖွဲ့သားများအား ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့မည်
Monday, July 14, 2014

ရန်ကုန်- နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ သည့် ယူနတီဂျာနယ်မှ အမှု ဆောင်အရာရှိချုပ်နှင့် သတင်း ထောက်လေးဦးတို့အား ဟံသာ ၀တီဦးဝင်းတင် ဖောင်ဒေးရှင်း က ထောက်ပံ့ငွေပေးအပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

‘‘ထောက်ပံ့ကြေးပေးအပ်ဖို့ ရှိပါတယ်။ သူတို့ကလည်း ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံ ရတဲ့သူတွေဆိုတော့။ ကိုဇော်ဖေတို့ တုန်းကလည်း ပေးတာပဲ။ နောက်တစ်ကြိမ် အစည်းအဝေးကျရင် အားလုံးကလည်းပေးဖို့အကြံပြုကြမှာပါ’’ဟု ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။ ဖောင်ဒေးရှင်း၏ (၁၆) ကြိမ် မြောက်ထောက်ပံ့ငွေပေးအပ်ပွဲ ကို စက်တင်ဘာတွင် ပြုလုပ်မည် ဖြစ်သည်။

  ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၏(၁၅)  ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အကျဉ်းသား သုံးဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် စာနယ်ဇင်းသမား ၂၃ ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၇၆ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

  ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက လက်ရှိနိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေးအကျဉ်း သားဟောင်းနှင့် ဘ၀တူစာနယ် ဇင်းသမားပေါင်း လေးရာကျော် အား ထောက်ပံ့ငွေကျပ် ၁၂၉၂ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်သည်။

   နိုင်ငံရေး အကျဉ်းသား ဟောင်း မိသားစုများအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အလုပ် အကိုင်ရှာဖွေပေးရေး လုပ်ငန်းစဉ် များလည်း ဆောင်ရွက်ပေးလျက် ရှိပြီး ပညာရေးထောက်ပံ့မှု အစီ အစဉ်အဖြစ် နိုင်/ကျဉ်းဟောင်းများ၏သားသမီးများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။

 ဟံသာဝတီ ဦးဝင်းတင်နှင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေး ရှင်းတို့အား ကိုရီးယားနိုင်ငံ The Truth ဖောင်ဒေးရှင်းက လူ့အခွင့် အရေးဆုကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဇွန်လ ၂၆ ရက်၌ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယူနတီအဖွဲ့သားများအား ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ဆန္ဒပြနေသည့် မီဒီယာသမားများ (ဓာတ်ပုံ- နစ်ကီ)
7Day Daily
ယူနတီအဖွဲ့သားများအား ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ဆန္ဒပြနေသည့် မီဒီယာသမားများ (ဓာတ်ပုံ- နစ်ကီ)
7Day Daily

No comments:

Post a Comment