Monday 14 July 2014

ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်း

ယနေ့နံနက် ၉ နာရီခွဲ မိုးလေ၀သ တိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော ၂၄ နာရီအတွင်းက မကွေး တိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူး တိုင်းဒေသကြီးတွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ကာ ရန်ကုန် တိုင်းဒေ သကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခဲ့သည်။

ဘင်္ဂလား ပင်လယ်အော် အခြေအနေမှာ ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက် လက် တည်ရှိနေသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေသည်။

မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင် မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။

MOI Webportal Myanmar 

No comments:

Post a Comment