Wednesday 25 June 2014

ကြားဖြတ်ရွှေးကောက်ပွဲဝင်ပြိုင်ရန် SNLD မဆုံးဖြတ်ရသေး

ရှမ်းအမျိုးသားဒီမိုကရေစီပါတီ လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသော် လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ရှမ်းအမျိုးသားဒီမိုကရေစီပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ''ကျွန်တော်တို့  SNLD အနေနဲ့ကတော့ ကချင်ဘက်ကို စည်းရုံးရေးမလုပ်သေးဘူး။ ရှမ်းအရှေ့ နှစ်နေရာ၊ ရှမ်းမြောက် နှစ်နေရာကိုပဲ ပြင်ဆင်မှုတွေ လုပ်ထားပါ တယ်။ ခုထိတော့ ပါတီဗဟိုကော်မတီက ဆုံးဖြတ်ချက် မချရသေး ဘူး''ဟု ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

Yangon Media Group 

No comments:

Post a Comment