Wednesday 25 June 2014

ယာဉ်(၂)စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် ယာဉ်မောင်း(၂)ဦးနှင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရ

၂၄.၆.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ဥတိုကျေးရွာ၊ မိုင်တိုင် အမှတ်(၅၄/၇)အနီးတွင် ယာဉ်(၂)စီးမျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်နေ ယာဉ်မောင်း ဦးခင်မောင်အေး၊ (၄၅)နှစ်မောင်းနှင်လာသော ၈ဈ/---- စူပါကာစတန် ယာဉ်နှင့် ပြည်ဘက်မှ ရန်ကုန် ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နေ ယာဉ်မောင်း ဦးကြည်လွင်၊ (၄၆)နှစ်မောင်းနှင်လာ သော 8K---- လိုက်ထရပ်ယာဉ် တို့သည် အဆိုပါနေရာ၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးပြီး ၈ဈ/---- ယာဉ်မောင်း ဦးခင်မောင်အေး နှင့် ယာဉ်ပေါ်ပါ ကျား(၁)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာ၊ 8K---- ယာဉ်မောင်း ဦးကြည်လွင်နှင့်ယာဉ်ပေါ်ပါ မ(၂)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင် ဒဏ်ရာများရရှိခဲ့၍ တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ကုသ လျက်ရှိပြီး 8K---- ယာဉ်၏ခေါင်းခန်းမှလိုက်ပါလာသော မ(၁)ဦးမှာ ဖူးရောင်ပွန်းပဲ့ နာကျင်ဒဏ်ရာများနှင့် ၀ဲခြေ၊ နံရိုးကျိုးဒဏ်ရာများရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသမှု ခံယူလျက်ရှိပါသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်းများဖြစ်သော ဦးခင်မောင်အေးနှင့် ဦးကြည်လွင်တို့(၂)ဦးအား တိုက်ကြီးမြို့မရဲစခန်း ယာဉ် (ပ)၄၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment