Wednesday 25 June 2014

ကားများသို့ရောင်းသော သဘာဝဓာတ်ငွေ့ဈေးနှုန်း ၂၀၁၅တွင် နှစ်ဆကျော်တိုးမြှင့်ရန် စီစဉ်

သိသဘာဝဓာတ်ငွေ့CNG ဈေးနှုန်းများကို လာမည့် ၂၀၁၅ တွင်လက်ရှိဈေးနှုန်းထက် အနည်း ဆုံးနှစ်ဆ တိုးမြှင့်ရန် စွမ်းအင်ဝန် ကြီးဌာနက ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ လက် ရှိရောင်းချနေသော CNGပေါက် ဈေးနှုန်းသည် ကာလပေါက်ဈေး နှင့် နှိုင်းယှဉ် ပါက ၃ ဆနီးပါး နည်းနေ၍ အရှုံးပေါ်နေ သောကြောင့် ယခုကဲ့သို့ ဈေးနှုန်း များမြင့်တက်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းအထွေထွေမန်နေဂျာ ဦးလှ ၀င်းဌေးက ပြောသည်။

‘‘၀န်ကြီးဌာနတွင်းမှာတော့ ဈေးနှုန်းမြင့်တက်ဖို့နဲ့ ဘယ် လောက်တွေမြင့်တက်သင့်တယ် ဆိုတာမျိုးတွေ အသေးစိတ်လုပ် ပြီးဖြစ်နေပါပြီ။ ဈေးတက်ဖို့ကတော့ လာမယ့်နှစ်အတွင်း လောက်မှ စတင်ဖြစ်ပါမယ်’’ဟု ဦးလှဝင်းဌေးကဆိုသည်။

ယင်းသို့ဈေးနှုန်းမြင့်တက်မှုမပြုမီ ၀န်ကြီးဌာနမှ တက် ရန်ပြင်ဆင်ထားသော နှုန်းထား များကို ပြည်ထောင်စု လွှတ်တော် သို့ တင်ပြဆွေးနွေးမှုများပြုလုပ် သွားမည်ဟုဆိုသည်။

ယခုရောင်းချနေသောဈေး နှုန်းသည် ဓာတ်ဆီတစ်ဂါလန်တစ်ထောင်ကျပ်နှင့် ညီမျှသောဈေး နှုန်းဖြစ်နေပြီး ဓာတ်ဆီဈေးနှုန်း သည်တစ်ဂါလန်ကျပ် လေးထောင်ကျော် ဖြစ်နေသည့်အတွက် လက်ရှိရောင်းချနေသော CNG ဈေးနှုန်းကို ၂၇၃ ကျပ်ကျော်မှ ကျပ် တစ်ထောင်နီးပါးဖြစ်မှသာ တူညီသော ဈေးနှုန်းဖြစ်နိုင်မည်ဟု ဆိုသည်။

၂၀၁၃ တွင်သဘာဝဓာတ်ငွေ့ဈေးမှာ တစ်ကီလိုဂရမ်လျှင် ကမ္ဘောဒီးယားတွင် ၁၃၀၀ ကျပ်၊ ဖိလစ်ပိုင်တွင် ၁၂၆၆ကျပ် ကျော်၊ စင်ကာပူတွင် ၁၀၆၈ကျပ် ကျော်၊ အိန္ဒိယနိုင်ငံတွင် ၆၆၆ကျပ် ကျော်ရှိကြောင်း တွက်ချက်ပြထား ပြီး မြန်မာနိုင်ငံတွင် လက်ရှိ ရောင်းချနေသောဈေးနှုန်းမှာ ၂၇၃ ကျပ်ကျော်သာရှိသည်ဟု ဆို သည်။

သို့သော် ယင်းသို့ တန်းတူ မြင့်တက်လိုက်မည်ဆိုပါကဓာတ် ဆီနှင့် တန်းတူနီးပါးကျသင့်သွား နိုင်သော ကြောင့် လက်ရှိဈေးနှုန်း ထက်နှစ်ဆ(သို့မဟုတ်) သုံးဆခန့် တိုးမြှင့်ရန်စီစဉ်နေခြင်းဖြစ် သည်ဟုဆိုသည်။

သဘာဝဓာတ်ငွေ့CNGဈေး နှုန်းများကို ပြည်ပနိုင်ငံများ၏ဈေး နှုန်းများနှင့်နှိုင်းယှဉ်ရောင်းချရန် စီစဉ်နေ သည့် အတွက် ယခင်ကဲ့ သို့ ဈေးနှုန်းလျှော့ချရောင်းချခြင်း မပြုတော့ဘဲ ဈေးနှုန်းများပြင်ဆင် ရောင်းချ မည်ဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနက ပြီးခဲ့သည့်ဇွန် ၁ရက်တွင် ၀န်ကြီးဌာနပိုင်ဝက်ဘ် ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

‘‘CNGဈေးနှုန်းတွေပြောင်း မယ်ဆိုရင် တက္ကစီသမားတွေပေး ရတဲ့ အုံနာခတွေလည်းပြင်မှရ မယ်။ မောင်းတဲ့ သူက အရင်းအနှီးတွေပိုကုန်မယ်။ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းတွေနဲ့ တန်းတူဆိုရင်တော့ အဆင် မပြေနိုင် ဘူး’’ဟု CNG တက္ကစီယာဉ်မောင်းတစ်ဦး ကပြောသည်။

ဓာတ်ဆီဈေးနှုန်းများအ တိုင်း ပြောင်းလဲလိုက်ပါက ကား ပိုင်ရှင်များမှာ CNG များ ပြောင်းလဲတပ်ဆင်ခြင်း ပြုလုပ် တော့မည်မဟုတ်ဘဲ ဓာတ်ဆီကား များကိုသာ အသုံးပြုမှုများတော့ မည်ဖြစ်ကြောင်း တက္ကစီကားပိုင် ရှင်များကပြောသည်။

တစ်နိုင်ငံလုံးတွင် တရားဝင် ခွင့်ပြုထားသော သဘာဝဓာတ်  ငွေ့သုံးမော်တော်ယာဉ် ၂၇၇၅၆ စီးရှိပြီး သဘာဝဓာတ်ငွေ့သန်း ခြောက်ရာကျော် ဖြန့်ဖြူးရောင်း ချနေသည်။

မော်တော်ကားများ CNG ပြောင်းလဲတပ်ဆင်ခြင်းမှာ ကျပ် သိန်း ၃၀ကျော်ထိ ကုန်ကျမှုများ လည်းရှိသည့် အတွက် ဈေးနှုန်း ပြင်ဆင်ပါက CNGပြောင်းလဲတပ် ဆင်သူ နည်းသွားနိုင်ကြောင်း တက္ကစီကားပိုင်ရှင် တစ်ဦးကလည်းပြောကြားသည်။

7Day DAILY 

No comments:

Post a Comment