Wednesday 25 June 2014

အစိုးရအား အယုံကြည်မရှိကြောင်း ဆန္ဒပြသသည့် MDCF အဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်ခြောက်လချ

၂၀၁၄ ခုနှစ် မေ ၆ ရက်တွင် ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဆန္ဒပြကာ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့မှ  အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုခင်မောင်ကြည်နှင့် ကိုဇော်ဝင်းတို့အား ဇွန် ၂၄ ရက် နံနက် ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

“ကျွန်တော်တို့အဖွဲ့ အနေနဲ့ ကိုထင်ကျော်အ ပါအ၀င် အဖွဲ့ဝင်သုံးဦး ထောင်ချခံရပေမဲ့လည်း အစိုးရကို အလို မရှိကြောင်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု (MDCF) အဖွဲ့ဝင် ကိုကျော်လွင်က ပြောကြားသည်။

ယင်းဆန္ဒပြခဲ့သည့် ဖြစ်စဉ်မှာ မေ ၆ ရက် နံနက်ပိုင်းတွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့၌ ပြည်ထောင်စုအစိုးရအဖွဲ့အား အယုံကြည် မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း စာရွက်များဖြန့်ဝေ ဟောပြောဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဆန္ဒပြနေစဉ်တွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးအား တာမွေမြို့နယ် ဗဟန်းမြို့နယ်နှင့် မင်္ဂလာ တောင်ညွန့် မြို့နယ်တို့ရှိ ရဲစခန်းများက ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ကိုခင်မောင်ကြည်နှင့် ကိုဇော်ဝင်းတို့ နှစ်ဦးအား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ ငါးကြိမ်မြောက် ရုံး ချိန်းတွင် ယခုကဲ့သို့ အမိန့်ချခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ် တရားရုံးနှင့် ဗဟန်းမြို့နယ် တရားရုံးတို့တွင် အမိန့် ချရန် ကျန်ရှိနေကြောင်း သိရသည်။ 

Eleven Media Group 

No comments:

Post a Comment